နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလား ကြိုတင် သုံးသပ်ချက် – တောင်ကိုရီးယား

တောင်ကိုရီးယား အသင်း ကတော့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အာရှနိုင်ငံတွေထဲမှာ အောင်မြင်မှု အရှိဆုံးနဲ့ ခြေစွမ်း အတည်ငြိမ်ဆုံး အသင်း ဖြစ်ပါတယ်။ မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အပါအဝင် တောင်ကိုရီးယား အသင်းက ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို (၁၂) ကြိမ်မြောက် အဖြစ် တက်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်ပြီး သူတို့ရဲ့ အဓိကပြိုင်ဘက် ဂျပန် အသင်းထက် (၄) ကြိမ် ပိုများနေပါပါတယ်။ ဒါ့အပြင် ၂၀၀၂ ခုနှစ်က အိမ်ရှင် အဖြစ် လက်ခံကျင်းပစဉ် စတုတ္ထနေရာ ရရှိခဲ့တဲ့ မှတ်တမ်း ကလည်း ယနေ့အထိ အာရှ အသင်း တစ်သင်း အတွက် အမြင့်ဆုံး စွမ်းဆောင်ရည် အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်

ဒီနွေရာသီမှာ အခုလို စွမ်းဆောင်ရည်မျိုးကို ထပ်မံ ရယူနိုင်ဖို့ ခဲယဉ်းနိုင်ပေမယ့်လည်း မက္ကဆီကို၊ တောင်အာဖရိက၊ ချက်သမ္မတနိုင်ငံတို့ ပါဝင်တဲ့ အုပ်စုဟာ ကျော်ဖြတ်ရ လွယ်ကူတဲ့ အတွက်ကြောင့် လည်းကောင်း၊ ခြေစစ်ပွဲ အောင်မြင်မှု ခရီးလမ်း ချောမွေ့ခဲ့ခြင်းကြောင့်လည်းကောင်း နည်းပြ ဟွန်မြောင်ဘိုရဲ့ အသင်း အပေါ် ပရိသတ်တွေက အကောင်းမြင် မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။

 

ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး

• ခြေစစ်ပွဲမှတ်တမ်း – ၁၁ ပွဲနိုင်၊ ၀ ပွဲရှုံး၊ ၅ ပွဲသရေ

• သွင်းဂိုး – ၄၀ ဂိုး၊ ပေးဂိုး – ၈ ဂိုး

• ဂိုးသွင်းအများဆုံး – ဆွန်ဟောင်မင် (၁၀ ဂိုး)

• ဂိုးဖန်တီးမှု အများဆုံး – လီကန်အင် (၆ ကြိမ်)

တောင်ကိုရီးယား အသင်းဟာ အုပ်စု အဆင့် နှစ်ဆင့်စလုံးမှာ တစ်ပွဲမှ မရှုံးဘဲ ခြေစစ်ပွဲကို သက်သောင့်သက်သာ ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားခဲ့သည့် ၁၆ ပွဲမှာ ၁၁ ပွဲနိုင်၊ ၅ ပွဲ သရေ ရလဒ်နဲ့ အာရှတိုက်ရဲ့ တစ်သင်းတည်းသော ရှုံးပွဲ မရှိသေးတဲ့ အသင်း အဖြစ် ကမ္ဘာ့ဖလားကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

ခြေစစ်ပွဲ တစ်လျှောက် သွင်းဂိုး ၄၀ အထိ သွင်းယူနိုင်ခဲ့ပြီး ဝါရင့်တိုက်စစ်မှူး ဆွန်ဟောင်မင်က အဓိက ဂိုးသွင်းယူပေးခဲ့ကာ ပဲရစ်စိန့်ဂျာမန်း ကွင်းလယ်လူ လီကန်အင်က ဂိုးဖန်တီးတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

 

နည်းပြချုပ် ဟွန်မြောင်ဘို

ဟွန်မြောင်ဘိုက တောင်ကိုရီးယား အသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည် ကိုင်တွယ်ခြင်း ဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက သူဦးဆောင်ခဲ့ပေမယ့်လည်း တစ်ပွဲမှ မနိုင်ဘဲ အုပ်စု အဆင့် ကနေ ထွက်ခွာခဲ့ရတာကြောင့် ရာထူး ကနေ နှုတ်ထွက်ခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ် မှာတော့ ရလဒ်တွေနဲ့ ကစားကွက်ပိုင်း သိသိသာသာ တိုးတက်လာခဲ့တာက ငြင်းစရာ မရှိပါဘူး။ လော့စ်အိန်ဂျလိစ် ဂလက်ဆီ နောက်ခံလူဟောင်း ဖြစ်ခဲ့တဲ့ နည်းပြဟွန်က လက်ရှိခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ပိုမို ရွေးချယ်လာပြီး အသင်းကို လွတ်လပ်စွာ တိုက်စစ်ဆင် ကစားခွင့် ပေးထားပါတယ်။

ဒါပေမယ့်လည်း သူက ကစားကွက် အလှထက် ရလဒ်ကိုသာ ဦးစားပေးတဲ့ နည်းပြ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိသတ် အားလုံးရဲ့ ထောက်ခံမှုကို မရရှိသေးဘဲ သူ့ရဲ့ ကစားဟန်က အရဲစွန့်မှု နည်းလွန်းတယ်လို့ ဝေဖန်ခံနေရပြီး မကြာသေးခင်က ကစားခဲ့တဲ့ ခြေစမ်းပွဲ တချို့မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

 

တောင်ကိုရီးယား အသင်းရဲ့ ကစားကွက်နဲ့ စတိုင်လ်

၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက သူဦးဆောင်ခဲ့ပေမယ့်လည်း တစ်ပွဲမှ မနိုင်ဘဲ အုပ်စု အဆင့် ကနေ ထွက်ခွာခဲ့ရတာကြောင့် ရာထူး ကနေ နှုတ်ထွက်ခဲ့ဖူးပါတယ်။
လူကြီး လူငယ် အကောင်းဆုံး ပေါင်းစပ်မှုနဲ့ ကမ္ဘာ့ဖလားကို ယှဉ်ပြိုင်မယ့် တောင်ကိုရီးယား

• အနှစ်သက်ဆုံး ကစားကွက် – ၃-၄-၃

• ကစားဟန် – တိုက်စစ်ထက် ခံစစ်ကို ပိုဦးစားပေးပါတယ်

• အားသာချက် – ကမ္ဘာ့အဆင့် ထိပ်တန်းကြယ်ပွင့်များ ရှိခြင်း၊ တောင့်တင်းတဲ့ နောက်တန်း သုံးယောက်တန်း

• အားနည်းချက် – ခြေစွမ်း ပုံမှန် မပြနိုင်တဲ့ Wing-back များ၊ ကြယ်ပွင့် ကစားသမားတွေ အပေါ် အလွန်အမင်း မှီခိုနေရခြင်း

နည်းပြ ဟွန်ရဲ့ တောင်ကိုရီးယားအသင်းဟာ ပုံမှန်အားဖြင့် နောက်တန်း သုံးယောက်နဲ့ ကစားလေ့ရှိပေမယ့်လည်း လက်တွေ့မှာတော့ Wing-back တွေက တိုက်စစ်ကို လိုက်ပါခြင်းထက် အောက်ကို ဆင်းပြီး ခံစစ်ကူပေးရတာကြောင့် နောက်တန်း ငါးယောက် ပုံစံ ဖြစ်သွားတတ်ပါတယ်။ ဒီလို ခံစစ်ပုံစံကြောင့် ပြိုင်ဘက်တွေ ဖောက်ထွက်ဖို့ ခက်ခဲပေမယ့်လည်း တောင်ကိုရီးယား အသင်း အတွက် တိုက်စစ်ဆင်ရာမှာ ရွေးချယ်စရာ နည်းပါးသွားစေပါတယ်။

တိုက်စစ်အပိုင်းမှာတော့ ဆွန်ဟောင်မင်နဲ့ လီကန်အင်တို့ကို အဓိကအားကိုးပြီး သူတို့ နှစ်ဦးက ဗဟို တိုက်စစ်မှူးရဲ့ ဘေးဝဲယာ တောင်ပံတွေ ကနေ ကစားကြပါတယ်။ သူတို့ နှစ်ဦးဟာ ကွင်းအတွင်း နေရာစုံ ရွှေ့လျား ကစားနိုင်ပြီး အချင်းချင်း ချိတ်ဆက်မှု ကောင်းမွန်တာကြောင့် ပြိုင်ဘက် နောက်တန်း အတွက် အမြဲတမ်း ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ ဒါပေမယ့်လည်း ပြိုင်ဘက်က သူတို့ နှစ်ဦးကို ထိန်းချုပ်နိုင်သွားရင် တောင်ကိုရီးယား အသင်း ဂိုးသွင်းဖို့နဲ့ အခွင့်အရေး ဖန်တီးဖို့ ရုန်းကန်ရလေ့ ရှိပါတယ်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အဓိက အဆုံးအဖြတ်ပေးနိုင်သူ – ဆွန်ဟောင်မင်

အသက်အရွယ်အရ ကစားသမားဘဝ နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း လော့စ်အိန်ဂျလိစ် အက်ဖ်စ် တိုက်စစ်မှူး ဆွန်ဟောင်မင်က အသင်းရဲ့ အဓိကကျောရိုး ဖြစ်နေဆဲ ဖြစ်ပါတယ်။ သူဟာ ဘယ်လို ခံစစ်ကိုမဆို ဖောက်ထွက်နိုင်စွမ်း ရှိပြီး စိတ်ပျက်စရာကောင်းခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အပြီး အခု ပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ ပြင်ဆင်နေပါတယ်။

 

စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – ဘဲ့ဂျွန်ဟို

တောင်ကိုရီးယား အသင်းမှာ ခြေနှစ်ဖက်လုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူက ဆွန်ဟောင်မင် တစ်ဦးတည်း ရှိတာတော့ မဟုတ်ပါဘူး။ အသက် ၂၂ နှစ်အရွယ် ဘဲ့ဂျွန်ဟိုက ဒီရာသီမှာ အင်္ဂလန် ချန်ပီယံရှစ် ကလပ် စတုတ်စီးတီး အသင်းမှာ ခြေစွမ်းပြနေပြီး ဖန်တီးမှု ကောင်းမွန်ခြင်း၊ နောက်ခံလူတွေကို ကျော်ဖြတ်နိုင်ခြင်းနဲ့ အားကောင်းမောင်းသန် ပြေးလွှားနိုင်ခြင်း စတဲ့ အရည်အချင်းများစွာ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

 

တောင်ကိုရီးယားရဲ့ ခန့်မှန်းလူစာရင်း

ဒီနွေရာသီမှာ လူတိုင်းက တောင်ကိုရီးယားရဲ့ တိုက်စစ်ကို စောင့်ကြည့်ကြမှာ ဖြစ်ပြီး ဆွန်ဟောင်မင်နဲ့ လီကန်အင်တို့ ပါဝင်လာမှာ သေချာပါတယ်။ ဗဟို တိုက်စစ်မှူး နေရာမှာ ဝုဗ် တိုက်စစ်မှူး ဟွမ်ဟီချန် ပွဲထွက်လာနိုင်ပြီး ဘက်ဆစ်တပ်စ် တိုက်စစ်မှူး အိုဟျွန်းဂယူ ကလည်း အရန်သင့် ရှိနေပါတယ်။

ကွင်းလယ်မှာ ဘာမင်ဂမ်စီးတီးက ပိုက်ဆန်းဟိုနဲ့ ဂျောင်ဘွတ်ဟွန်ဒိုင်းမှ ကင်ဂျင်ဂယူတို့ ပွဲထွက်နိုင်ပြီး၊ လီတေးဆောနေဲ့ ကင်မွန်ဟွမ် တို့က Wing Back တွေ အဖြစ် ကစားမှာ ဖြစ်ပါတယ်။ ခံစစ် မှာတော့ ဝါရင့် ဂိုးသမား ကင်ဆန်းဂယူက နံပါတ် တစ် ဂိုးသမား အဖြစ် တာဝန်ယူမှာ ဖြစ်ပြီး ဘေယန်မြူးနစ် နောက်ခံလူ ကင်မင်ဂျေးက နောက်တန်း ၃ ယောက်တန်းကို ဦးဆောင်မှာ ဖြစ်ပါတယ်။

 

လက်ရှိ ခြေစွမ်း

တောင်ကိုရီးယား အသင်းက ၂၀၂၅ ခုနှစ် ဇွန်လမှာ ခြေစစ်ပွဲ အောင်မြင်ပြီးကတည်းက ခြေစမ်းပွဲ များစွာ ကစားခဲ့ရာ ရလဒ်ပိုင်း ကလည်း အတက်အကျ ရှိခဲ့ပါတယ်။ ဂါနာ၊ ဘိုလီးဗီးယား၊ ပါရာဂွေးနဲ့ အမေရိကန် အသင်းတို့ကို အနိုင်ရခဲ့ပြီး အုပ်စုတွင်း ပြိုင်ဘက် မက္ကဆီကိုနဲ့ သရေကျခဲ့ပေမယ့်လည်း တခြားတစ်ဖက် မှာတော့ ဘရာဇီးလ်လ်နဲ့ အိုင်ဗရီကို့စ် အသင်းတို့ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းအရ တောင်ကိုရီးယား အသင်းက အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ပေမယ့်လည်း နောက်အဆင့်တွေ မှာတော့ ပိုမိုတောင့်တင်းတဲ့ အသင်းတွေနဲ့ တွေ့ဆုံရင် ရုန်းကန်ရနိုင်ကြောင်းကို ပြသနေပါတယ်။

 

အသင်း အပေါ် ခန့်မှန်းချက်များ

ခြေစစ်ပွဲ မှတ်တမ်းကောင်းမွန်ခြင်းနဲ့ အုပ်စု အခြေအနေ လွယ်ကူခြင်း တို့ကြောင့် ကိုရီးယား ပရိသတ်တွေ အနေနဲ့ အသင်း အပေါ် အနည်းဆုံး အုပ်စုအဆင့် ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့်လည်း အသင်းကြီးတွေနဲ့ ကစားရာမှာ ရုန်းကန်ရလေ့ရှိခြင်းနဲ့ ဆွန်၊ လီ တို့ နှစ်ဦး အပေါ် အလွန်အမင်း မှီခိုနေရခြင်းတို့ အပေါ် စိုးရိမ်စရာတွေ ရှိနေပါတယ်။ အကယ်၍ အဲဒီ ကစားသမား နှစ်ဦးသာ ကြံ့ခိုင်မှု ပြည့်ဝပြီး ခြေစွမ်းပြနိုင်မယ် ဆိုရင် တောင်ကိုရီးယား အသင်း အနေနဲ့ ယခုနှစ် ကမ္ဘာ့ဖလားမှာ အံ့အားသင့်စရာ ရလဒ်ကောင်းတွေ ဖန်တီးသွားနိုင်မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်