နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလား ကြိုတင် သုံးသပ်ချက် – မော်ရိုကို

မော်ရိုကိုဟာ လွန်ခဲ့တဲ့ လေးနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်နဲ့ ပေါ်တူဂီ တို့ကို နောက်ကောက်ချပြီး အာဖရိကတိုက်ရဲ့ ပထမဆုံး ဆီမီးဖိုင်နယ် တက်ရောက်တဲ့ အသင်း အဖြစ် ကမ္ဘာကို လှုပ်ခတ်ခဲ့ဖူးပါတယ်။

ဒီမတိုင်ခင်က မော်ရိုကို အသင်းဟာ ၁၉၈၆ ခုနှစ်ကပဲ အုပ်စုအဆင့်ကို တစ်ကြိမ်တည်း ကျော်ဖြတ်နိုင်ခဲ့ဖူးပြီး ရှုံးထွက် ၁၆ သင်းအဆင့်ထက် ပိုမိုကျော်လွန်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အခုအချိန်မှာ အဓိက မေးခွန်းထုတ်စရာ ဖြစ်လာတာ ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားက အောင်မြင်မှုဟာ ကံကောင်းလို့ တစ်ကြိမ်တစ်ခါတင် ရရှိခဲ့တာ မဟုတ်ကြောင်း သက်သေပြနိုင်မလားဆိုတာပါပဲ။

ပီအက်စ်ဂျီအသင်းရဲ့ ကမ္ဘာ့အဆင့် အကောင်းဆုံး ညာနောက်ခံလူ အာချရက်ဖ် ဟာကီမီ ဟာ အသင်း အတွက် အဓိက အသက်သွေးကြော ဖြစ်နေဆဲဖြစ်သလို၊ ၂၀၂၃ ခုနှစ်မှာ စပိန် နိုင်ငံသား အဖြစ် ကနေ ပြောင်းလဲခံယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဟင်မ် ဒီးယက်ဇ် ကလည်း သူ့ရဲ့ပထမဆုံး ကမ္ဘာ့ဖလားကို ဆင်နွှဲဖို့ အသင့်ဖြစ်နေပါပြီ။ ၂၀၂၂ ခုနှစ်က သူရဲကောင်း တချို့ ပါဝင်လာဦးမှာ ဖြစ်သလို မျက်နှာသစ် ကစားသမားကောင်းတွေလည်း အများအပြား ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

 

ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး

  • ခြေစစ်ပွဲမှတ်တမ်း – ၈ ပွဲနိုင်၊ ၀ ပွဲရှုံး၊ ၀ ပွဲသရေ
  • သွင်းဂိုး – ၂၂ ဂိုး၊ ပေးဂိုး – ၂ ဂိုး
  • ဂိုးသွင်း အများဆုံး – အာယုဘ် အယ်လ် ကာဘီ – ၄ ဂိုး
  • ဂိုးဖန်တီးမှု အများဆုံး – အာချရက်ဖ် ဟာကီမီ – ၃ ဂိုး

ဖီဖာ (FIFA) အဆင့်သတ်မှတ်ချက်အရ အာဖရိကတိုက်ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ မော်ရိုကို အသင်းဟာ ခြေစစ်ပွဲ ၈ ပွဲစလုံး အနိုင်ရရှိပြီး အငြင်းပွားဖွယ် မရှိတဲ့ မှတ်တမ်းကောင်းနဲ့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အီရစ်ထရီးယား အသင်း ခြေစစ်ပွဲ ကနေ နုတ်ထွက်သွားခဲ့တာကြောင့် တခြား အာဖရိကအုပ်စုတွေလို ၁၀ ပွဲ မကစားရဘဲ ၈ ပွဲသာ ကစားခဲ့ရတာပါ။ မော်ရိုကိုဟာ ဒုတိယနေရာက နိုင်ဂျာ အသင်းကို ၉ မှတ် အကွာနဲ့ ဖြတ်ကာ အုပ်စုပထမရခဲ့တာ ဖြစ်ပြီး ပွဲစဉ်တွေ မှာတော့ ၁–၀၊ ၂–၁ လို ရုန်းကန်ခဲ့ရတဲ့ပွဲတွေ ရှိသလို၊ ပြိုင်ဘက်ကို ဂိုးပြတ်ခြေမှုန်းခဲ့တဲ့ ပွဲစဉ်တွေလည်း ရှိခဲ့ပါတယ်။

 

နည်းပြချုပ် မိုဟာမက် အူဝါဘီ 

၂၀၂၂ ခုနှစ်ရဲ့ သူရဲကောင်း နည်းပြ ဝါလစ် ရီဂရာဂီဟာ မတ်လအစောပိုင်းကပဲ “ မျက်နှာသစ်နဲ့ စွမ်းအင် အသစ်တွေ လိုအပ်နေပြီ” လို့ ဆိုကာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ သူ့နေရာကို ဆက်ခံတဲ့သူ ကတော့ စီနီယာ အသင်းကြီးတွေကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံ မရှိသေးပေမယ့် ဘယ်လ်ဂျီယံ အသင်းကြီး အန်ဒါလက်ချ်ရဲ့ လူငယ်အသင်းတွေမှာ ၁၈ နှစ်ကြာ ကျင်လည်ခဲ့ပြီး လူကာကူ၊ တေးလီမန့်စ် နဲ့ ဂျယ်ရမီ ဒိုကု တို့လို ကစားသမားတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ အတွေ့အကြုံရင့် နည်းပြ တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ မော်ရိုကို ယူ-၂၀ အသင်းကို ၂၀၂၅ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။

 

မော်ရိုကို အသင်းရဲ့ ကစားကွက်နဲ့ စတိုင်

  • နှစ်သက်သည့် ကစားကွက် – ၄-၂-၃-၁
  • ကစားဟန် – အရှိန်အဟုန်ပြင်းပြင်းနဲ့ တန်ပြန်တိုက်စစ်ဆင်ခြင်း
  • အားသာချက် – စနစ်ကျမှုနှင့် စည်းကမ်းစနစ် ကောင်းမွန်မှု
  • အားနည်းချက် – ကွင်းလယ်ဖန်တီးမှု အားနည်းခြင်းနှင့် ပိတ်ဆို့ကစားတဲ့အသင်းတွေကို ဖောက်ထွက်ရန် ရုန်းကန်ရခြင်း

မော်ရိုကိုဟာ ဘောလုံးကို အပိုင်ကိုင်ထားပြီး ပတ်ပေးကာ ပွဲကို ထိန်းချုပ်ကစားတတ်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ဘောလုံး ရရှိတဲ့အခါ တိကျတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်မယ့် နေရာတွေဆီ အမြန်ဆုံး ပေးပို့ကစားလေ့ ရှိပါတယ်။ ဟာကီမီလို ကစားသမားမျိုး ရှိနေတဲ့ အတွက် ဘေးတောင်ပံတွေကို အသုံးချပြီး ထပ်ဆင့် လိုက်ပါ တိုက်စစ်ဆင်တဲ့ ပုံစံက အသင်း အတွက် အလွန်အရေးပါပါတယ်။

ဘောလုံးလက်လွှတ်လိုက်ရချိန်မှာတော့ စည်းကမ်းရှိတဲ့ ခံစစ်ပုံစံကို တည်ဆောက်ထားလေ့ ရှိပါတယ်။ ဒါပေမယ့် အုပ်စုအဆင့်မှာ တွေ့ရမယ့် ဟေတီ သို့မဟုတ် စကော့တလန် တို့လို ခံစစ်ပိတ်ဆို့ ကစားမယ့် အသင်းတွေကို ရင်ဆိုင်ရတဲ့အခါ တိုက်စစ်ဆင်ဖို့ ရုန်းကန်ရလေ့ ရှိပြီး ပွဲက ပျင်းစရာ ကောင်းသွားတတ်ပါတယ်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အဓိက အဆုံးအဖြတ်ပေးနိုင်သူ – အာချရက်ဖ် ဟာကီမီ

မော်ရိုကို အသင်းမှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဟာကီမီ ညာတောင်ပံမှာ ရှိနေတာဟာ ကံကောင်းမှု တစ်ခုပါ။ ၂၀၂၅ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးထားတဲ့ သူဟာ မောပန်းခြင်း မရှိဘဲ လိုင်းတစ်ခုလုံးကို အနိမ့်အမြင့် ပြေးလွှားနိုင်ပြီး ဂိုးသွင်းယူနိုင်စွမ်းနဲ့ တိုက်စစ် ဖန်တီးမှုတွေမှာ အဓိက အားကိုးရသူ ဖြစ်ပါတယ်။

 

စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – အီလီယပ်စ် အာခိုမက်ချ်

ဒါ့အပြင် သူဟာ မော်ရိုကို ယူ-၂၀ အသင်းကို ၂၀၂၅ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။
အာဖရိကရဲ့ ထိပ်တန်း အသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မော်ရိုကို

အသက် လူစားဝင် ကစားသမား အဖြစ် ကနေ သက်ရောက်မှု ပြသနိုင်မယ့် လူငယ်တောင်ပံကစားသမား အီလီယပ်စ် အာခိုမက်ချ်ကို စောင့်ကြည့်ရပါမယ်။ ဘာစီလိုနာ လူငယ် အကယ်ဒမီမှာ ၆ နှစ်ကြာ လေ့ကျင့်ခဲ့ပြီး ဗီလာရီးရဲလ်နဲ့ ဗလက်ကာနို အသင်းတို့ အတွက် လာလီဂါပွဲစဉ် ၅၀ ကျော် ကစားပေးထားတဲ့ သူဟာ ပြိုင်ဘက် ခံစစ်မှူးတွေကို ကောင်းကောင်း ခေါင်းခဲစေမယ့်သူ ဖြစ်ပါတယ်။

 

မော်ရိုကိုရဲ့ ခန့်မှန်းလူစာရင်း 

၂၀၂၂ ခုနှစ်က လူစာရင်းနဲ့ နှိုင်းယှဉ်ရင် အပြောင်းအလဲ တော်တော်များများ ရှိလာပါတယ်။ ကာတာမှာ ခြေစွမ်းပြခဲ့တဲ့ ဆိုဖီယန် အမ်ရာဘတ်နဲ့ ယူဆက်ဖ် အန်-နက်ဆီရီ တို့ဟာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသလို၊ ဝါရင့်နောက်ခံလူကြီး ရိုမိန်း ဆိုက်စ် ကလည်း အာဖရိကဖလား အပြီးမှာ အနားယူသွားခဲ့ပါပြီ။

ပြင်သစ် နိုင်ငံသား အဖြစ် ကနေ မတ်လကမှ ပြောင်းလဲခံယူခဲ့တဲ့ အီဆာ ဒီယော့ပ် ကြောင့် ခံစစ်ပိုင်းက ပုံစံသစ်တစ်မျိုး ဖြစ်လာမှာပါ။ တိုက်စစ်ပိုင်း မှာတော့ ဘရာဟင်မ် ဒီးယက်ဇ် အပြင် ဘာစီလိုနာ လူငယ်ဟောင်း အာဘီ အက်ဇ်ဇယ်ဇူလီ ကလည်း တိုက်စစ်ကို ပိုမိုသွက်လက်လာစေမှာ ဖြစ်ပါတယ်။ ပီအက်စ်ဗွီမှာ အကောင်းဆုံး ရာသီတစ်ခုကို ဖြတ်သန်းထားတဲ့ အစ္စမေးလ် ဆိုင်ဘာရီ ကိုလည်း စောင့်ကြည့်ရမှာ ဖြစ်သလို၊ စတုဂတ်က ကွင်းလယ်လူ ဘီလယ် အယ်လ် ခါနုစ်နဲ့ ဆန်းဒါးလန်း တောင်ပံက ချက်မ်းဒင်း တယ်လ်ဘီ တို့လည်း ပါဝင်ကစားခွင့် ရရှိဖို့ ရှိနေပါတယ်။

 

လက်ရှိ ခြေစွမ်း

မော်ရိုကို အသင်းဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ကင်ညာ အသင်းကို ရှုံးနိမ့်ခဲ့ပြီးကတည်းက ရှုံးပွဲ မရှိသေးပါဘူး။ အဲဒီပွဲက ပြည်တွင်းကစားသမားတွေပဲ ပါဝင်တဲ့ ပြိုင်ပွဲဖြစ်ပြီး နိုင်ငံတကာရောက် ကစားသမား အများစု ရှိနေတဲ့ မော်ရိုကိုအ တွက်တော့ စိန်ခေါ်မှု ဖြစ်ခဲ့တာပါ။ အဓိက ပထမအသင်းကြီးရဲ့ ရှုံးပွဲ မရှိ မှတ်တမ်း ကတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက ဖြစ်လို့ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလ အာဖရိကဖလား ဗိုလ်လုပွဲမှာ ဆီနီဂေါကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို အငြင်းပွားဖွယ်ရာ ပြန်လည် ပြင်ဆင်ခဲ့တာကြောင့် အဲဒီမှတ်တမ်း အပေါ် မေးခွန်းထုတ်စရာတော့ ရှိနေပါတယ်။ ဆီနီဂေါအသင်း ချန်ပီယံဘွဲ့ ပြုတ်သွားခဲ့တာကြောင့် မော်ရိုကိုဟာ လက်ရှိ အာဖရိက ချန်ပီယံ အဖြစ်နဲ့ ကမ္ဘာ့ဖလားကို လာရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နည်းပြသစ် အူဝါဘီရဲ့ မတ်လက ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ နှစ်ပွဲ မှာတော့ အလားအလာကောင်းတွေ တွေ့ခဲ့ရပါတယ်။ အီကွေဒေါနဲ့ ပွဲမှာ နေလ် အယ်လ် အိုင်နာဝီရဲ့ နောက်ကျ ချေပဂိုးနဲ့ သရေကျခဲ့ပြီး၊ ပါရာဂွေး ကိုတော့ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

အသင်း အပေါ် ခန့်မှန်းချက်များ

၂၀၂၂ ခုနှစ်က ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ မော်ရိုကိုအသင်းရဲ့ စံနှုန်းဟာ မြင့်မားလွန်းခဲ့တာကြောင့် အဲဒီအောင်မြင်မှုကို ထပ်မံရယူဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် အသင်း အရေအတွက် တိုးမြှင့်လိုက်တဲ့ ကမ္ဘာ့ဖလား ပုံစံသစ်မှာ တတိယရတဲ့ အသင်း အများစုပါ နောက်တစ်ဆင့် တက်ခွင့်ရမှာ ဖြစ်လို့ အုပ်စုအဆင့် ကျော်ဖြတ်ဖို့ ကတော့ အနိမ့်ဆုံး မျှော်လင့်ချက် ဖြစ်ပါတယ်။

ဒါက အသင်း အပေါ် ဖိအားတွေ ပိုများစေမှာ အမှန်ပဲ ဖြစ်ပေမယ့်၊ နည်းပြ အူဝါဘီ ကိုင်တွယ်နေတဲ့ အသင်းဟာ အရင်နည်းပြ လက်ထက်ကထက် နည်းစနစ်ပိုင်း ပိုမိုကျွမ်းကျင်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပထမဆုံး ပွဲစဉ်မှာ ဘရာဇီးလ်နဲ့ တွေ့ဆုံနေတာက ခက်ခဲတဲ့ အစပြုမှု ဖြစ်ပေမယ့် ဒုတိယပွဲ ဖြစ်တဲ့ စကော့တလန်၊ တတိယပွဲ ဟေတီတို့နဲ့ ပွဲစဉ်တွေမှာ စိတ်ဓာတ်မကျဘဲ ကစားနိုင်ရင် အုပ်စု ကနေ ၆ မှတ်နဲ့ တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိပါတယ်။

အဲဒီနောက်ပိုင်း ပိုမိုတောင့်တင်းတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ ၃၂ သင်းအဆင့် တက်ရောက်ဖို့က လက်တွေ့ကျပြီး၊ ၁၆ သင်း အဆင့်ကတော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ အဲဒီထက် ပိုမိုကျော်လွန်သွားမယ် ဆိုရင်တော့ သမိုင်းတစ်ကျော့ပြန် အံ့အားသင့်စရာတွေကို ထပ်မံဖန်တီးနိုင်ဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်