နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် (ပွဲပြီးရလဒ်နဲ့ သုံးသပ်ချက်များ)

ယနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ကမ္ဘာ့ဖလား‌ ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု နောက်ဆုံး ပွဲစဉ်တွေ မှာတော့ ဘရာဇီးလ်နဲ့ ဥရုဂွေးတို့ နိုင်ပွဲ ဆက်ခဲ့ပေမယ့် အာဂျင်တီးနား ကတော့ အီကွေဒေါနဲ့ သရေကျသွားခဲ့ပါတယ်။ တစ်ချိန်တည်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေ မှာတော့ ပီရူးရော၊ ကိုလံဘီယာပါ နိုင်ပွဲ ရရှိခဲ့ကြပေမယ့် ပီရူးတို့ အဆင့် ၅ နေရာ ကနေ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off ကစားခွင့်ရခဲ့ပြီး ကိုလံဘီယာနဲ့ ချီလီ တို့ကတော့ ခြေစစ်ပွဲ အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။


ဘိုလစ်ဗီးယား ၀-၄ ဘရာဇီးလ်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off တစ်နေရာ မဖြစ်မနေ ရရှိရေး အတွက် ဖိအား အပြည့်နဲ့ ကစားခဲ့ရပေမယ့် ပွဲအပြီး မှာတော့ ပီရူးတို့ လိုချင်တဲ့ ရလဒ်နဲ့ အတူ ဆန္ဒတွေ ပြည့်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။
ပါရာဂွေးကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off ဆက်ကစားခွင့်ရခဲ့တဲ့ ပီရူး

ဇယား ထိပ်ဆုံးက အသင်းနဲ့ အောက်ဆုံးက အသင်း ကစားခဲ့တဲ့ ပွဲစဉ် ဖြစ်လို့ ၄-၀ ရလဒ် ထွက်ပေါ်ခဲ့တာ မထူးဆန်းပါဘူး။ ပြီးခဲ့တဲ့ ပါရာဂွေးနဲ့ ပွဲမှာရော၊ ချီလီနဲ့ ပွဲမှာပါ ၄ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရထားတဲ့ ဘရာဇီးလ်တို့ ဒီနေ့ပွဲ မှာ နေမာ၊ ဗင်နီးစီးယပ်စ် တို့ကို အနားပေးခဲ့ပြီး ရစ်ချာလီဆင် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ပက်ကေးတား၊ အန်တိုနီ၊ ဘရူနို ဂီမာရေးစ်၊ ဖာဘင်ဟို၊ အဲလက်စ် တဲလက်စ်၊ မီလီတောင်၊ အဲလ်ဗက်စ်နဲ့ မာကင်းညော့စ်တို့ကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ဘိုလစ်ဗီးယားတို့ တတ်နိုင်သမျှ ကြိုးစား ကစားခဲ့ပေမယ့် ခြေစွမ်းပိုင်းရော၊ ကစားသမား စုဖွဲ့မှုပိုင်း မှာပါ ဘရာဇီးလ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာတင်ပဲ ၂ ဂိုး ပေးခဲ့ရပါတယ်။ ဒုတိယပိုင်း ၂ ဂိုး ထပ်ပေးခဲ့ရပြီး ဘရာဇီးလ် အတွက် ဂိုးတွေ ကိုတော့ ရစ်ချာ်လီဆင်၊ ပက်ကေးတားနဲ့ ဂီမာရေးစ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တို့ ပွဲအပြီးမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၃ ပွဲဆက် ၄-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုကိုလည်း ဆက်ထိန်းနိုင်ခဲ့ပါတယ်။


ချီလီ ၀-၂ ဥရုဂွေး

ချီလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off တစ်နေရာ မျှော်လင့်ချက်နဲ့ ကစားခဲ့ပေမယ့် အကောင်းဆုံး စုဖွဲ့မှုနဲ့ ခြေစွမ်း ပြန်တက်နေတဲ့ ဥရုဂွေးကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု အသာစီးရနေတာက လွဲရင် ချီလီတို့ ထူးထူးခြားခြား ဘာမှလုပ်ပြနိုင်ခြင်း မရှိခဲ့လို့ အိမ်ကွင်းမှာ ၂ ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဥရုဂွေး တို့ ထိရောက်တဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် မိနစ် ၈၀ လောက်မှ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး လူးဝစ် ဆွာရက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် မိနစ် ၉၀ မှာ ဗယ်ဗာဒီက အနိုင်သေချာစေမယ့် ဂိုးကို ထပ်မံသွင်းယူပေးခဲ့လို့ ၂-၀ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး ဥရုဂွေးတို့ အီကွေဒါကို ကျော်ပြီး အဆင့် ၃ နေရာ ကနေ ခြေစစ်ပွဲ ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
ဝက်ဖို့ဒ်
ဂိုးပေါ် 3.50 @ 1.86
1X2 လီဗာပူးလ် @ 1.13
ဂိုးပေါင်း 2-3 @ 2.43
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပီရူး ၂-၀ ပါရာဂွေး

ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off တစ်နေရာ မဖြစ်မနေ ရရှိရေး အတွက် ဖိအား အပြည့်နဲ့ ကစားခဲ့ရပေမယ့် ပွဲအပြီး မှာတော့ ပီရူးတို့ လိုချင်တဲ့ ရလဒ်နဲ့ အတူ ဆန္ဒတွေ ပြည့်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ ပါရာဂွေး ကတော့ ဘာမှမျှော်လင့်ချက် မရှိတော့လို့ ပေါ့ပေါ့ပါးပါးပဲ ကစားသွားခဲ့ပြီး ပွဲအစ ၅ မိနစ် မှာတင် ပီရူးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဲ့နောက် ပထမပိုင်း ပြီးခါနီးမှာ ပီရူးတို့ ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်တဲ့နောက် ပီရူးတို့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ သွင်းဂိုးတွေ ထပ်မမြင်ရတော့ပဲ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ တစ်ဖက်မှာ ကိုလံဘီယာတို့ ဟားမက်စ် ရိုဒရီဂတ်ဇ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ ဗင်နီဇွဲလားကို အနိုင်ရခဲ့ပေမယ့် ပီရူးရဲ့ နိုင်ပွဲကြောင့် အဆင့် ၆ နေရာမှာပဲ ဆက်လက် ရပ်တည်ခဲ့ပြီး ချီလီ လိုပဲ ကာတာ သွားခွင့် လက်မှတ်နဲ့ ဝေးခဲ့ရပါတယ်။


အခြားပွဲရလဒ်များ

အီကွေဒေါ ၁-၁ အာဂျင်တီးနား

ဗင်နီဇွဲလား ၀-၁ ကိုလံဘီယာ


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်