နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သွင်းဂိုး ၁ ဂိုးတည်းနဲ့ လုံလောက်ခဲ့တဲ့ ဂျာမနီရဲ့ နိုင်ပွဲ – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

ရိုမေးနီးယား ၀ – ၁ ဂျာမနီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ည ပွဲစဉ်မှာ ဂျာမနီတို့ အဝေးကွင်းမှာ ဆာ့ဂျ်ဂနာဘရီရဲ့ သွင်းဂိုးနဲ့ ရိုးမေးနီးယားကို အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂျာမနီတို့ တိုက်စစ်က ထိရောက်တဲ့ ထိုးဖောက်မှုတွေ များစွာ ပြုလုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးကသာ အနိုင်ရရှိဖို့ လုံလောက်ခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အုပ်စု ည ကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ည အဖွင့်ပွဲစဉ်မှာ ဂျာမနီတို့ အိုက်စလန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒီနေ့ပွဲမှာလည်း ခြေစွမ်း အနည်းငယ်ကောင်းတဲ့ ရိုမေးနီးယားကို အနိုင်သေချာစေဖို့ အားစိုက်ကစားခဲ့တာ တွေ့ရပါတယ်။ ဂျိုအာချင်လိုး အနေနဲ့ တိုက်စစ်အားပြု ကစားဟန် ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး ဆာနေး၊ ဂနာဘရီ၊ ကိုင်ဟာဗက်ဇ်၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ ဂွမ်ဒိုအန်၊ အန်မရီချန်၊ ရူဒီဂါ၊ ဂင်တာ၊ ကလော့စတာမန်၊ နော်အာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ရိုမေးနီးယား ဘက်မှာလည်း ဟာဂီ၊ မီဟိုင်လာ၊ တန်နက်ဆီ၊ ကာမိုအာ တို့လို အမာခံကစားသမားတွေ  ပါဝင်လာခဲ့တာ တွေ့ရပါတယ်။ ပွဲစတာနဲ့ ဂျာမနီတို့ ရိုမေးနီးယား ဘက်ကို တရပ်စပ် ထိုးဖောက် တိုက်စစ်ဆင်ခဲ့လို့ ပွဲချိန် ၁၇ မိနစ်မှာတင် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ရဲ့ ပံ့ပိုးပေးမှုကနေ တိုက်စစ်မှူး ဂနာဘရီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာလည်း ဂျာမနီတို့ အနိုင်ဂိုးတွေ ထပ်မံရရှိဖို့ အားထုတ်ခဲ့ပေမယ့် ရိုးမေးနီးယား ခံစစ်ရဲ့ ကျစ်လျစ်မှုကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲပြီးဆုံးချိန်မှာတော့ ၀-၁ ရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ဂျာမနီတို့ အလွယ်တကူပဲ အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်။

ရိုမေးနီးယားကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
ခံစစ်ကျစ်ကျစ်ပြီး ဂိုးသွင်းဖို့ ခက်ခဲတဲ့ ရိုမေးနီးယား

 

ပွဲပြီးသုံးသပ်ချက်

ဂျာမနီတို့ ဒီနေ့ပွဲမှာလည်း လူစာရင်း အပြည့်အစုံ အသုံးပြုခဲ့ပေမယ့် တိုက်စစ်က သွင်းဂိုးတွေ လိုချင်သလောက် မရခဲ့တာ ကတော့ စိတ်ပျက်စရာ ကောင်းပါတယ်။ တစ်ချက်ရှိတာကတော့ ဂျိုအာချင်လိုးရဲ့ အသင်းက ခံစစ်ပိုင်း အားနည်းခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ ပြန်လည် ကျစ်လျစ်လာခဲ့ပြီး ပေးဂိုးတွေ မမြင်တွေ့ရတော့ပါဘူး။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ ကွာလတီရှိတဲ့ ကစားသမား‌ပေါင်းများစွာ ရှိနေရက်နဲ့ သွင်းဂိုးတွေ မရနိုင်တဲ့ အားနည်းချက်ကိုတော့ ဂျိုအာချင်လိုး အနေနဲ့ မဖြစ်မနေ ပြင်ဆင်သင့်နေပါပြီ။ ရိုမေးနီးယားကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ရိုမေးနီးယားတို့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ အာမေးနီးယားနဲ့ ကစားဖို့ ရှိပြီး ဂျာမနီကတော့ မြောက်မက်ဆီဒိုးနီးယားနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်