နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာကို ကြည့်မှာလား? ဒါမှမဟုတ် လက်ရှိ ခြေစွမ်းကို ကြည့်မှာလား? – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ပေါ်တူဂီ – ဂျာမနီ

ယူရို ၂၀၂၀ မရဏအုပ်စုရဲ့ ရင်ခုန်စရာ နောက်ထပ် ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၁၀:၃၀ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။  ပြင်သစ်၊ ပေါ်တူဂီ၊ ဂျာမနီ ၃ သင်းစလုံးရဲ့ နောက်တစ်ဆင့် တက်ရောက်ခွင့် အတွက် အတိုင်းအတာ တစ်ခုအထိ အဆုံးအဖြတ် ပေးမယ့်ပွဲစဉ် ဖြစ်သလို ဗိုလ်လုပွဲ လမ်းကြောင်းအထိပါ သက်ရောက်မှု ရှိလာနိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပြင်သစ် အတွက်က နောက်တစ်ဆင့် တက်ဖို့ သိပ်ပြီး ပူပန်စရာ မရှိပေမယ့် ပေါ်တူဂီနဲ့ ဂျာမနီ အတွက် ကတော့ မဖြစ်မနေ အမှတ်ရဖို့ လိုအပ်နေလို့ ဖိအားကိုယ်စီနဲ့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ စံချိန်များရှင် ခရစ္စတီယာနိုရော်နယ်ဒို နဲ့အတူ ပေါ်တူဂီတို့ လက်ရှိမှာ အကောင်းဆုံး ပုံစံရနေပေမယ့် အခုပွဲဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကန်တိုင်း ရှုံးခဲ့ရတဲ့ ဂျာမနီကို ရင်ဆိုင်ရမှာ ဖြစ်လို့ မလွယ်ကူနိုင်တာတော့ အသေအချာပါပဲ။

ပေါ်တူဂီတို့ ပြီးခဲ့တဲ့ပွဲမှာ ခက်ခက်ခဲခဲ ကစားပြီးမှ ပွဲပြီးခါနီး သွင်းဂိုးတွေနဲ့ ဟန်ဂေရီကို အနိုင်ရခဲ့လို့ အနိုင် ၃ မှတ်နဲ့ အတူ အုပ်စု(F)ကို ဦးဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ချန်ပီယံ ဖြစ်ခဲ့စဉ် ကထက် ပိုတောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး ရော်နယ်ဒိုရဲ့ စိတ်အားထက်သန်မှုက ပေါ်တူဂီကို ရလဒ်တွေ ကောင်းနေစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မထင်မှတ်ပဲ ရူဘင်ဒီးရာ့စ်၊ ဂွာရဲရိုး၊ ဘရူနိုဖာနန်ဒက်စ်၊ ဒီယိုဂို ဂျိုတာ တို့လို ကစားသမားတွေ အပြင် ရာဖာ၊ အန်ဒရီ ဆေးလ်ဗား၊ ဂျာအိုဖီးလစ်တို့လို ကစားသမားတွေ ရှိနေတဲ့ ပေါ်တူဂီ အသင်းက ဘယ်လို ပြိုင်ဘက်မျိုးကို မဆို တန်းတူ ရင်ဆိုင်နိုင်တဲ့ အခြေအနေ တစ်ခုမှာ ရှိနေပါတယ်။ တနည်းအားဖြင့် ရော်နယ်ဒို ထမ်းထားရတဲ့ ဝန်ကို လျော့ချပေးနိုင်ခဲ့တာ ဖြစ်သလို ၃၆ နှစ်အရွယ် တိုက်စစ်မှူးကြီး အတွက်လည်း စံချိန်ကောင်းတွေ ထပ်တင်ဖို့ အခွင့်အရေး ပိုရလာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုပွဲမှာတော့ ဟန်ဂေရီထက် ခက်တဲ့ ဂျာမနီနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ပေါ်တူဂီ တို့ လွယ်လွယ်နဲ့တော့ နိုင်ပွဲရဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ယူရို ၂၀၂၀ အတွက် အိမ်ရှင် အသင်း တစ်သင်း ဖြစ်သလို အစဉ်အလာအရ အမြဲတမ်း ခက်ခက်ခဲခဲ ကစားရလေ့ ရှိတဲ့ ဂျာမနီ မြေမှာ ရလဒ်ဆိုးတွေ ချိုးဖျက်နိုင်ဖို့ အတွက်ဆိုရင်‌ ပေါ်တူဂီတို့ အခုထက် ပိုကောင်းတဲ့ ပုံစံတစ်ခုကို ပြသနိုင်ဖို့ လိုအပ်နေပါသေးတယ်။

ယူရို ၂၀၂၀ အဖွင့်ပွဲမှာ ပြင်သစ်ကို နောက်တန်းက ဟူးမဲလ်ရဲ့ ကိုယ်ဂိုးကိုယ် သွင်းယူမှုနဲ့ ဂျာမနီတို့ ကပ်ပြီး ရှုံးထားပေမယ့် တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင် ဂျာမနီတို့ ပြင်သစ်ကို လွှမ်းမိုးကစားနိုင်ခဲ့တာ တွေ့ရပါတယ်။
လက်ရှိ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိသလို ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ ဂျာမနီ

ဂျာမနီတို့ တပ်ပျက်နေတယ် ဆိုပေမယ့် လူစာရင်းကို ကြည့်ရုံနဲ့တင် ဘယ်လောက် ခက်ခဲမယ်ဆိုတာ သိသာပါတယ်။ ယူရို ၂၀၂၀ အဖွင့်ပွဲမှာ ပြင်သစ်ကို နောက်တန်းက ဟူးမဲလ်ရဲ့ ကိုယ်ဂိုးကိုယ် သွင်းယူမှုနဲ့ ဂျာမနီတို့ ကပ်ပြီး ရှုံးထားပေမယ့် တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင် ဂျာမနီတို့ ပြင်သစ်ကို လွှမ်းမိုးကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ တိုက်စစ်ပိုင်း အနည်းငယ် အားနည်းပေမယ့် ခံစစ်က တည်ငြိမ်ပြီး မာကျောသလို ကွင်းလယ် ဆိုရင် တော်တော်လေး အားကောင်းတဲ့ အသင်း ဖြစ်ပါတယ်။ တစ်သင်းလုံး ဂိုးသွင်းတတ်ပေမယ့် ဂိုးသွင်း တဲ့နေရာမှာ စိတ်ချရပြီး အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူး စစ်စစ် မရှိတာဟာ ဂျာမနီ အတွက် လက်ရှိမှာ ရင်ဆိုင်နေတဲ့ အကြီးမားဆုံး ပြသနာ ဖြစ်ပါတယ်။ ဂျိုအာချင်လိုး အနေနဲ့ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာလည်း မပြင်နိုင်ခဲ့သလို လက်ရှိ အချိန်ထိလည်း မဖြေရှင်း နိုင်သေးတာ တွေ့ရပါတယ်။ နှစ်သင်းလုံး ကတော့ ပြီးခဲ့တဲ့ ပွဲတုန်းက လူစာရင်း အခင်းအကျင်း နဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ပေါ်တူဂီနဲ့ ဂျာမနီတို့ ထိပ်တိုက်တွေ့ဆုံမှု ၁၈ ကြိမ် ရှိထားပြီး ဂျာမနီက ၁၀ ပွဲနိုင်၊  ၅ ပွဲသရေ၊ ၃ ပွဲရှုံး ဆိုတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး ဂျာမနီက ၄ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ အဓိကပြိုင်ပွဲကြီးတွေ ၅ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဂျာမနီတို့ ၃ ကြိမ် အထိ အနိုင်ရပြီး ပေါ်တူဂီ ကတော့ ယူရို ၂၀၀၀ မှာ ၃-၀ နဲ့ တစ်ကြိမ်ပဲ ပြန်ပြီး အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဂျာမနီ vs ပေါ်တူဂီ 1X2 သရေ @ 3.25
ဇွန် လ ၁၉ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ပေါ်တူဂီ အတွက် ၃.၃၀ ဆနဲ့ ဂျာမနီ အတွက် ၂.၂၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၃၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အစဉ်အလာအရ ဂျာမနီကို ပေါ်တူဂီ မနိုင်တာ တော်တော်ကြာပါပြီ။ ရော်နယ်ဒို ကိုယ်တိုင်လည်း ဂျာမနီကို တစ်ခါမှ မနိုင်ဘူးသေးပါဘူး။ လက်ရှိခြေစွမ်းအရ ပေါ်တူဂီ အနေနဲ့ ဂျာမနီကို ချိုးဖျက်ဖို့ အခွင့်ကောင်းပါပဲ။ ဒါပေမယ့် ဂျာမနီ ကလည်း မာဂုဏ်တော့ ရှိနေသေးသလို အိမ်ရှင်လည်း ဖြစ်နေလို့ ထင်သလောက် မလွယ်နိုင်ပါဘူး။ သရေရလဒ်ကသာ မျှတတဲ့ အဖြေဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်