နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးကစားသမား ၇ ဦးက ဘယ်သူတွေလဲ

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဘောလုံး ကစားသမားတွေရဲ့ ရရှိတဲ့ ဝင်ငွေပမာဏဟာ တကယ့်ကို မျက်လုံးပြူးသွားလောက်အောင် အံ့အားသင့်စရာ ကောင်းပါတယ်။ ထိပ်တန်း အဆင့် ဘောလုံးသမားတွေဟာ လူနေမှုဘဝကို တော်တော်လေး သက်တောင့်သက်သာ ဖြတ်သန်းနိုင်ရုံတင် မကဘဲ ငွေကြေး အမြောက်အမြား ရှာဖွေနိုင်ကြတယ် ဆိုတာ ကလည်း လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အနည်းငယ်သော ထိပ်သီး ကစားသမားတွေ ကတော့ သာမန်ထက် အဝေးကြီး ကျော်လွန်ပြီး အံ့ဩမှင်သက်စရာ ဝင်ငွေပမာဏတွေကို အိတ်ထဲထည့်နိုင်နေကြတာ ဖြစ်ပါတယ်။

ဒါဆိုရင် ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားကြယ်ပွင့်တွေဟာ တကယ်တမ်း ဘယ်လောက်တောင် ဝင်ငွေရနေကြလဲ…။

Forbes မဂ္ဂဇင်းဟာ ဘောလုံးလောကရဲ့ ဝင်ငွေ အကောင်းဆုံးသူတွေ အပါအဝင် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမားတွေ စာရင်းကို နှစ်စဉ် ထုတ်ပြန်ပေးလေ့ရှိပါတယ်။ ဒီစာရင်း ကတော့ ကမ္ဘာ့ဘောလုံး လောကက ဝင်ငွေ အမြင့်မားဆုံး ကစားသမား ၇ ဦး (၂၀၂၅ ခုနှစ် မေလ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် မေလ ၁ ရက်အထိ) ရဲ့ ဝင်ငွေ ပမာဏနဲ့ အဲဒီ ဝင်ငွေတွေ ဘယ်ကနေ အဓိက ရရှိသလဲ ဆိုတာကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

ဘောလုံးသမားတွေရဲ့ ဝင်ငွေဟာ တခြား အားကစားသမားတွေနဲ့ ယှဉ်ရင် ဘယ်လိုရှိလဲ

ဘောလုံးဟာ ကမ္ဘာပေါ်မှာ ဝင်ငွေ အကောင်းဆုံး အားကစားနည်းတွေထဲက တစ်ခု ဖြစ်ပေမယ့် သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ တခြား အားကစားနည်းက ကြယ်ပွင့်တွေ ဟာလည်း အလားတူ မြင့်မားလွန်းတဲ့ ဝင်ငွေတွေကို ရရှိနေကြပါတယ်။

Forbes ရဲ့ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား အယောက် ၅၀ စာရင်းအရ ၇ ဦးက ဘောလုံးသမားတွေ ဖြစ်ပါတယ်။ ဒါဟာ အဆိုပါ စာရင်းထဲက NFL ကစားသမား အရေအတွက်ထက် ၂ ဦး နည်းပါးပြီး၊ ထိပ်သီး ၅၀ ထဲမှာ ၁၉ ဦး အထိ ပါဝင်ကာ တခြား အားကစားနည်းတွေထက် အများဆုံး ဖြစ်နေတဲ့ ဘတ်စကတ်ဘော (NBA) နဲ့ ယှဉ်ရင် သိသိသာသာ နည်းပါးနေတာ ဖြစ်ပါတယ်။

တင်းနစ် ကစားသမားတွေ၊ ဖော်မြူလာဝမ်း (F1) မောင်းသူတွေ၊ ဘေ့စ်ဘော ကြယ်ပွင့်တွေ၊ ဂေါက်သီးရိုက် ကစားသမားတွေနဲ့ လက်ဝှေ့သမားတွေ ကလည်း ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး စာရင်းမှာ အများအပြား ပါဝင်နေကြပြီး၊ အားကစားနည်းစုံက ထိပ်သီး အားကစားသမားတွေဟာ ကြီးမားတဲ့ လစာနဲ့ ကုန်ပစ္စည်း စပွန်ဆာစာချုပ်တွေကို ချုပ်ဆိုထားနိုင်ကြပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားသမား ထိပ်ဆုံး ၃ ဦးထဲမှာ ၂ ဦး ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား GOAT ကြီး နှစ်ဦး ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီပဲ ဖြစ်ပါတယ်။

 

ဝင်ငွေအကောင်းဆုံး ဘောလုံးကစားသမားများ – အဆင့်သတ်မှတ်ချက်

၇။ မိုဟာမက် ဆာလာ (လစ်ဗာပူးလ်)

စုစုပေါင်းဝင်ငွေ – ဒေါ်လာ ၅၅ သန်း

ဘောလုံးဟာ ကမ္ဘာပေါ်မှာ ဝင်ငွေ အကောင်းဆုံး အားကစားနည်းတွေထဲက တစ်ခု ဖြစ်ပေမယ့် သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။
စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၅၅ သန်း ဝန်းကျင် ရှိနေတဲ့ မိုဟာမက် ဆာလာ

ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ အီဂျစ် စူပါစတား မိုဟာမက် ဆာလာဟာ Forbes ရဲ့ ထိပ်သီး အယောက် ၅၀ စာရင်းထဲကို ပထမဆုံး အကြိမ် ဝင်ရောက်လာတာ ဖြစ်ပါတယ်။ သူဟာ စုစုပေါင်း ဒေါ်လာ ၅၅ သန်း ရရှိခဲ့ပြီး၊ ထိုအထဲက ဒေါ်လာ ၃၅ သန်းခန့်က လစ်ဗာပူးလ် ဆီကနေ ရတဲ့ လစာနဲ့ ဆုကြေးတွေ ဖြစ်သလို ကျန်တဲ့ ဒေါ်လာသန်း ၂၀ ကတော့ နာမည်ကြီး ကုန်ပစ္စည်း အမှတ်တံဆိပ်တွေနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်တွေ ကနေ ရရှိတာ ဖြစ်ပါတယ်။ ရှေ့လျှောက် ဆော်ဒီအာရေဗျဆီ ပြောင်းရွှေ့ဖို့ ရေပန်းစားနေတာကြောင့် လာမယ့်နှစ်တွေမှာ သူ့ရဲ့ အဆင့်က ဒီထက်ပိုပြီး မြင့်တက်လာနိုင်ပါတယ်။

 

၆။ ဗင်နီးစီးယပ်စ် ဂျူနီယာ (ရီးရဲလ်မက်ဒရစ်)

စုစုပေါင်းဝင်ငွေ – ဒေါ်လာ သန်း ၆၀

ဗင်နီရဲ့ ဝင်ငွေ အများစု ကတော့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ကနေ ရရှိတာ ဖြစ်ပြီး လစာနဲ့ ဆုကြေး အပါအဝင် ဒေါ်လာ ၄၀ သန်းခန့် ရှိပါတယ်။ ကျန်တဲ့ ဝင်ငွေတွေ ကတော့ ကုန်အမှတ်တံဆိပ်တွေရဲ့ စပွန်ဆာပေးမှု ကနေ ရရှိတာ ဖြစ်ပါတယ်။

 

၅။ အာလင်း ဟာလန်း (မန်စီးတီး)

စုစုပေါင်းဝင်ငွေ – ဒေါ်လာ သန်း ၈၀

အာလင်း ဟာလန်းဟာ ကမ္ဘာ့ပဉ္စမမြောက် ဝင်ငွေအကောင်းဆုံး ဘောလုံးသမား ဖြစ်ပြီး ပရီးမီးယားလိဂ် မှာတော့ ဝင်ငွေ အမြင့်ဆုံး ဖြစ်ပါတယ်။ သူဟာ စုစုပေါင်း ဒေါ်လာ သန်း ၈၀ ရရှိခဲ့ပြီး၊ အဲဒီ အထဲက ဒေါ်လာ သန်း ၆၀ ခန့်က မန်ချက်စတာစီးတီးရဲ့ စာချုပ်ကနေ ရရှိတာပါ။ ကျန်တဲ့ ဝင်ငွေတွေ ကတော့ နာမည်ကြီး တံဆိပ်တွေရဲ့ ကြော်ငြာခတွေ ကနေ ရရှိတာ ဖြစ်ပါတယ်။

 

၄။ ကီလီယန် အမ်ဘာပေး (ရီးရဲလ်မက်ဒရစ်)

စုစုပေါင်းဝင်ငွေ – ဒေါ်လာ ၉၅ သန်း

ကီလီယန် အမ်ဘာပေး ကတော့ ဥရောပ ဘောလုံးလောကမှာ ဝင်ငွေ အကောင်းဆုံး အဖြစ် ထင်ထင်ရှားရှား ရပ်တည်နေပါတယ်။ ဒေါ်လာ ၇၀ သန်းခန့်ကို ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စာချုပ် ကနေ ရရှိပြီး ကျန်တဲ့ ဒေါ်လာ ၂၅ သန်း ကိုတော့ ကုန်အမှတ်တံဆိပ်တွေရဲ့ စပွန်ဆာစာချုပ်တွေ ကနေ ရှာဖွေထားခဲ့တာ ဖြစ်ပါတယ်။

 

၃။ ကာရင်မ် ဘန်ဇီမာ (အဲလ်ဟီလာ)

စုစုပေါင်းဝင်ငွေ – ဒေါ်လာ ၁၀၄ သန်း

အဆင့် ၃ နေရာ မှာတော့ မထင်မှတ်ဘဲ ဝါရင့် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာက ဂဏန်း ၉ လုံး ဒေါ်လာ သန်းရာချီ စံချိန် ကို ချိုးဖျက်ပြီး ပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့ ဝင်ငွေထဲက ဒေါ်လာ သန်း ၁၀၀ ခန့်က ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကနေ ရရှိတာဖြစ်ပြီး၊ ကျန်တဲ့ ပမာဏ ကတော့ စပွန်ဆာစာချုပ်တွေကြောင့် ဖြစ်ပါတယ်။

 

၂။ လီယွန်နယ် မက်ဆီ (အင်တာမိုင်ယာမီ)

စုစုပေါင်းဝင်ငွေ – ဒေါ်လာ ၁၄၀ သန်း

ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ကမ္ဘာ့ဖလား ချန်ပီယံကြီး လီယွန်နယ် မက်ဆီဟာ အားကစားနည်း အားလုံးထဲ မှာတော့ တတိယမြောက် ဝင်ငွေအကောင်းဆုံး အားကစားသမား ဖြစ်ပါတယ်။ မက်ဆီရဲ့ ဝင်ငွေဟာ အင်တာမိုင်ယာမီ ကနေ ရတဲ့ လစာနဲ့ ကွင်းပြင်ပက ကြော်ငြာဝင်ငွေတို့ အကြားမှာ ထက်ဝက်နီးပါး ကွာခြားနေတာ ဖြစ်ပါတယ်။ မက်ဆီရဲ့ စပွန်ဆာ အစုအဖွဲ့ထဲမှာ ကာလရှည်ကြာ လက်တွဲလာတဲ့ နာမည်ကြီး Brand ပေါင်း များစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် သူဟာ အဝတ်အထည်၊ အဖျော်ယမကာ အမှတ်တံဆိပ်နဲ့ ဟိုတယ်လုပ်ငန်းစုကြီးတွေ ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

 

၁။ ခရစ္စတီယာနို ရော်နယ်ဒို (အဲလ်နာဆာ)

စုစုပေါင်းဝင်ငွေ – ဒေါ်လာ သန်း ၃၀၀

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဘောလုံးသမားတင်မကဘဲ တစ်ကမ္ဘာလုံးမှာ ဝင်ငွေ အမြင့်မားဆုံး အားကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ မယုံနိုင်စရာကောင်းလောက်အောင် ဒေါ်လာ သန်း ၃၀၀ အထိ ရှာဖွေနိုင်ခဲ့ပြီး၊ ဒါဟာ ဒုတိယနေရာက မက်ဆီရဲ့ ဝင်ငွေထက် နှစ်ဆကျော် ပိုများသလို သူ့ရဲ့ အနီးစပ်ဆုံး ပြိုင်ဘက် ဖြစ်တဲ့ လက်ဝှေ့သမား ကာနီလို အဲလ်ဗာရက်ဇ်ထက် ဒေါ်လာ ၁၃၀ သန်းခန့် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဝင်ငွေထဲက ဒေါ်လာ ၆၅ သန်းခန့်ကတော့ နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေရဲ့ စပွန်ဆာခတွေနဲ့ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ကနေ ရရှိတာပါ။ ကျန်တဲ့ ဒေါ်လာ ၂၃၅ သန်းကတော့ သူ့ရဲ့ ကလပ် အဲလ်နာဆာ အသင်းထံမှ ရရှိတာဖြစ်ပြီး၊ သူဟာ ဒီရာသီမှာ အဲလ်နာဆာကို ဆော်ဒီပရိုလိဂ် ချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ဝင်ငွေကို အသေးစိတ်ကို ပြန်လည် တွက်ချက်ကြည့်မယ် ဆိုရင်တော့ သူဟာ တစ်ပတ်ကို ဒေါ်လာ ၅.၇၇ သန်းခန့်၊ တစ်ရက်ကို ဒေါ်လာ ၈၂၂,၀၀၀ ခန့်၊ တစ်နာရီကို ဒေါ်လာ ၃၄,၀၀၀ ခန့်၊ တစ်မိနစ်ကို ၅၆၆ ဒေါ်လာ ခန့်နဲ့ တစ်စက္ကန့်ကို ၁၀ ဒေါ်လာ ဝန်းကျင်ခန့် ရရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်