နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေစွမ်းပိုတည်ငြိမ်တဲ့ ဝက်စ်ဟမ်းကို ပိုကြိုက်တယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း – တော့တင်ဟမ်ဟော့စပါး

လာမယ့် တနဂ်နွေနေ့ ညနေ ၆ နာရီခွဲအချိန်မှာတော့ ဝက်စ်ဟမ်းနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ကို ကစားဖို့ရှိနေပါတယ်။ လက်ရှိ ရာသီမှာ ခြေတက်နေတဲ့ ဝက်စ်ဟမ်းတို့ ပုံစံကောင်းတစ်ခု ရဖို့ ရုန်းကန်နေရတဲ့ တော့တင်ဟမ်ဟော့စပါး ဆီကနေ အနိုင် ၃ မှတ် အရယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတဲ့ ပွဲစဉ် တစ်ပွဲလည်း ဖြစ်ပါတယ်။

 

 

ဝက်စ်ဟမ်းတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲမှာ လစ်ဗာပူးလ်တစ်သင်းတည်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲစဉ်တွေ အားလုံးနီးပါးမှာ အနိုင်ရထားပါတယ်။ ဒီကလန်ရိုက်စ်၊ ခရက်စ်ဝဲလ်၊ ဆိုဆက်ခ် ရှိနေတာက ဝက်စ်ဟမ်း အတွက် တော်တော်လေး တောင့်တင်းနေစေခဲ့တဲ့ အပြင် မန်ချက်စတာယူနိုက်တက် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျက်ဆီ လင်ဂတ်ကြောင့်လည်း ဝက်စ်ဟမ်းတို့ ပုံစံကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်တယ် ဆိုရင်လည်း မမှားပါဘူး။ လင်ဂတ်အနေနဲ့ မန်ချက်စတာယူနိုက်တက် မှာတုန်းက ပွဲထွက် ကစားခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရပေမယ့် ဝက်စ်ဟမ်းကို ရောက်ရှိချိန်မှာတော့ ပွဲတိုင်းနီးပါး ခြေစွမ်းပြနေပြီး သူ့ရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ပြသထားနိုင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာဆိုရင် ခံစစ်ကစားတွေကပါ တိုက်စစ်အထိ အကောင်းဆုံး လိုက်ပါကစားနိုင်ခဲ့တာ တွေ့ရလို့ ဝက်စ်ဟမ်းရဲ့ လက်ရှိ အခြေအနေက တကယ့်ကို အားရစရာ ကောင်းပါတယ်။ လက်ရှိမှာ ယာမိုလန်ကို၊ အော့ဂ်ဘိုနာ၊ ဘယ်ဘူနာ၊ ရန်းဒေါ့ဖ် တို့ ဒဏ်ရာ ရရှိနေလို့ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။ ဝက်စ်ဟမ်းတို့ လက်ရှိမှာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ရမှတ်တူ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲနိုင်၊ ၃ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ထားပါတယ်။

တော့တင်ဟမ်ဟော့စပါးတို့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ နိုင်ပွဲ ရှာတွေ့ခဲ့ပေမယ့် မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မှုကြောင့် အမှတ်ပေးဇယား အဆင့် ၉ နေရာအထိ ပြန်လည် ကျဆင်းခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါးတို့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ နိုင်ပွဲ ရှာတွေ့ခဲ့ပေမယ့် မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မှုကြောင့် အမှတ်ပေးဇယား အဆင့် ၉ နေရာအထိ ပြန်လည် ကျဆင်းခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းအရ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တာ လက်ခံလို့ ရပေမယ့် ကျန်ပွဲစဉ်တွေမှာ မရှုံးသင့်ပဲ ရှုံးနိမ့်ခဲ့တာကတော့ တော်တော်လေး အခြေအနေ ဆိုးရွားပါတယ်။ ပြီးခဲ့တဲ့ ဝုဗ်ဘာဂါနဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရထားတာကြောင့် ကစားသမားတွေအနေနဲ့ စိတ်ဓာတ်ပြန်လည် တက်ကြွနေပါလိမ့်မယ်။ ဂျိုဆေးမော်ရင်ဟိုရဲ့ အသင်းက လက်ရှိမှာ အဓိက ကစားသမားတွေဖြစ်တဲ့ လိုဆယ်လို၊ အော်ရီရာ၊ ရက်ဂီလွန်တို့ ဒဏ်ရာရရှိနေလို့ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။ တော့တင်ဟမ်ဟော့စပါးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝက်စ်ဟမ်းတို့ တော့တင်ဟမ်ဟော့စပါးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၂၁၅ ကြိမ်မှာ ၆၄ ကြိမ် အနိုင်ရထားခဲ့ပြီး တော့တင်ဟမ်ဟော့စပါးကတော့ ၉၈ ကြိမ် အနိုင်ရရှိထားခဲ့တာ တွေ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ တွေ့ဆုံမှုမှာတော့ တစ်ဖက် ၃ ဂိုးစီ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။

 

ဝက်စ်ဟမ်း – တော့တင်ဟမ်ဟော့စပါး

??
ဝက်စ်ဟမ်း – တော့တင်ဟမ်ဟော့စပါး အချိန်ပြည့် 1×2 အိမ်ရှင် @ ၂.၈၀ဆ
ဖေဖော်ဝါရီလ ၂၁ ရက်, ည ၆:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၈၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၃၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၂.၅၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းတို့ တော့တင်ဟမ်နဲ့ တွေ့ဆုံတိုင်းမှာ ခက်ခဲခဲ့ပေမယ့် ဒီရာသီမှာတော့ အရင်နှစ်တွေနဲ့ မတူပါဘူး။ လက်ရှိမှာ အကောင်းဆုံး စုဖွဲ့မှုကို ပိုင်ဆိုင်ထားသလို တော့တင်ဟမ်ဟော့စပါးထက် ခြေစွမ်းပိုပြီး တည်ငြိမ်နေတာကြောင့် ဝက်စ်ဟမ်းကိုပဲ သဘောကျပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်