ခရစ္စတယ်ပဲလေ့စ် ကတော့ ယူရိုပါကွန့်ဖရင့်လိဂ်မှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး သူတို့ အတွက် ပထမဆုံးသော ဥရောပ ပြိုင်ပွဲ ဗိုလ်လုပွဲကို တက်ရောက်ဖို့ တော်တော်လေး နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှက်တာဒိုးနက် အသင်းကို ကျော်ဖြတ်နိုင်ဖို့တော့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စနာက ရှက်တာဒိုးနက်နဲ့ ကစားရမယ့် ယူရိုပါကွန့်ဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ သူ့ရဲ့ အသင်းသားတွေ အနေနဲ့ ဘာလုပ်ရမယ် ဆိုတာ ကောင်းကောင်း သိထားကြောင်း ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က ကစားခဲ့တဲ့ ပထမအကျော့မှာ အစ္စမိုင်လာ ဆား၊ ဒါအိချီ ကာမာဒါ နဲ့ ဂျော်ဂင် စထရန်း လာဆင် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပဲလေ့စ်က ၃-၁ ရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။ အဲဒီပွဲမှာ ကာမာဒါက ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပြီး ဥရောပ ထိပ်သီး ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ပြိုင်တည်း ပြုလုပ်နိုင်တဲ့ စတုတ္ထမြောက် ဂျပန် ကစားသမား ဖြစ်လာခဲ့ပါတယ်။ (ယခင် စံချိန်တင်ထားသူတွေ ကတော့ ၂၀၁၀ မှာ ကီဆူကေး ဟွန်ဒါ၊ ၂၀၁၇ မှာ ရှင်ဂျီ ကာဂါဝါ နဲ့ ၂၀၂၆ တွင် ယုအိတို ဆူဇူကီး တို့ ဖြစ်ကြပါတယ်)။
ပဲလေ့စ်ဟာ သူတို့ရဲ့ ပထမဆုံးသော ဥရောပ ဗိုလ်လုပွဲကို တက်ရောက်ဖို့ မျှော်လင့်နေပြီး ရှက်တာဒိုးနက် အတွက် ကတော့ ၂၀၀၈-၀၉ ယူအီးအက်ဖ်အေဖလား (ဝါဒါဘရီမင်ကို ၂-၁ နဲ့ နိုင်တဲ့ ပွဲ) နောက်ပိုင်း ပထမဆုံးသော ဗိုလ်လုပွဲ ပြန်လည် တက်ရောက်နိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ် အိမ်ကွင်း နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ လုံးဝ မရှိထားပါဘူး (၃ ပွဲ နိုင်၊ ၂ ပွဲ သရေ)။ နောက်ပြီး ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ ရှုံးထွက် အဆင့် ၃ ပွဲစလုံးမှာ ပေးဂိုး လုံးဝ မရှိအောင် ကစားနိုင်ခဲ့ပါတယ်။

နည်းပြ ဂလက်စနာက ပထမအကျော့ အနိုင်ရလဒ်နဲ့ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှုက ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ များစွာ အထောက်အကူပြုလိမ့်မယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ “ရှက်တာဒိုးနက်က ဘယ်လောက် ကောင်းသလဲ ဆိုတာ ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ။ မြန်ဆန်တဲ့ ကစားသမားတွေနဲ့ လိမ်ခေါက်နိုင်စွမ်းရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တစ်ခု ကျွန်တော်တို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ဒီပွဲကို ကစားသွားမှာပါ။” လို့ ဂလက်စနာက ဆိုပါတယ်။
ဆက်လက်ပြီး “ဆဲလ်ဟတ်စ်ပါ့ခ်ကွင်းမှာ ပရိသတ်တွေဆီ ကနေ အံ့အားသင့်စရာ အားပေးမှုတွေ ရမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဖီအိုရင်တီးနားနဲ့ ပွဲတုန်း ကလည်း အဲဒီခံစားချက်ကို ရခဲ့သလို အခုပွဲ မှာလည်း ပိုပြီး ပြင်းထန်တဲ့ အားပေးမှုတွေ ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကစားသမားတွေကို ကျွန်တော် ပြောထားတာက အကောင်းဆုံး အချက် ကတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲ ဆိုတာ သိနေတာပါပဲ။ အများကြီး ပြောင်းလဲဖို့ မလိုပါဘူး။ ကျွန်တော် တို့ရဲ့ အကောင်းဆုံး အဆင့်မှာ ကစားနိုင်ဖို့ပဲ လိုတာပါ။” လို့ ဂလက်စနာက ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


