နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပုံစံကောင်း ပြန်ရနေတဲ့ ဇာဗီရဲ့ ဘာစီလိုနာကို ယုံကြည်ထားချင်တယ် | နာပိုလီ – ဘာစီလိုနာ (ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်)

နာပိုလီ – ဘာစီလိုနာ

ယူရိုပါလိဂ် Play-Off ရှုံးထွက် အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ ပထမအကျော့ ဘာစီလိုနာရဲ့ အိမ်ကွင်း နူးကမ့်ပ်မှာ ၁-၁ ရလဒ်နဲ့ သရေကစားထားနိုင်တဲ့ နာပိုလီတို့ နောက်တစ်ဆက်တက်ရေး အခြေအနေ ပိုကောင်းနေပေမယ့် ဘာမဆို ဖြစ်သွားနိုင်တဲ့ ဥရောပပြိုင်ပွဲ ဖြစ်လို့ မဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲစဉ် ဆိုရင်လည်း မမှားပါဘူး။

နာပိုလီတို့ ပြိုင်ပွဲစုံ ၆ ပွဲဆက် ရှုံးပွဲ မရှိပေမယ့် နောက်ကစားထားတဲ့ ၃ ပွဲ မှာတော့ ၁-၁ ရလဒ်တွေနဲ့ သရေကျထားခဲ့ပါတယ်။ ပထမအကျော့ နူးကမ့်ပ် တွေ့ဆုံမှု မှာတော့ ဘာစီလိုနာတို့ ယူရိုပါလိဂ် ပြိုင်ပွဲကို လျှော့မတွက်သင့်ကြောင်း နာပိုလီတို့ ပညာပြနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ စပိန်မြေမှာ သွားရောက် ကစားခဲ့ရပေမယ့် ဇီလင်းစကီးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ပြိုင်ဘက်ကို ခြေရည်တူ ယှဉ်ပြိုင်ပြီး အဖိုးတန် အဝေးဂိုးပါ ရအောင် ယူနိုင်ခဲ့ပါတယ်။ အစဉ်အလာ အရ ပြန်ကြည့်ရင်လည်း နာပိုလီဟာ ယူရိုပါလိဂ် ရှုံးထွက် အဆင့် နောက်ဆုံး ၇ ကြိမ်မှာ ၅ ကြိမ် အထိ နောက်တစ်ဆင့်ကို တက်လှမ်းထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ပြသနာက နာပိုလီရဲ့ အဓိက ကစားသမား တော်တော်များများ ဒဏ်ရာ ပြသနာ ရှိနေတာ ဖြစ်ပြီး အခုလာမယ့် ပွဲကိုတော့ ပိုလီတာနို၊ လိုဇာနို၊ လိုဘွတ်ကာ၊ တွမ်ဇီဘီ တို့လွဲချော်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် အန်ဂစ်ဆာ၊ ဒီလော်ရန်ဇို တို့လည်း ကြံ့ခိုင်မှု မပြည့်ဝသေးဘူးလို့ သိရလို့ နည်းပြ စပယ်လက်တီ အတွက် ကတော့ ခေါင်းကိုက်စရာပါပဲ။ အခုပွဲ နာပီုလီရဲ့ ပွဲထွက်လူစာရင်း မှာတော့ အော့ဆီမန်၊ အင်ဆစ်ဂ်ညီ၊ ဇီလင်းစကီး၊ အဲလ်မက်စ်၊ ရူအစ်ဇ်၊ ဒမ်မီ၊ ရူအီ၊ ကူလီဘာလီ၊ ရာမာနီ၊ ဇန်နိုလီ၊ မီရတ် တို့ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
နော်ဝစ်မြို့
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘာစီလိုနာတို့ ကစားသမားသစ်တွေနဲ့ ခြေစွမ်း တည်ငြိမ်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာတော့ ရှုံးပွဲ မရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ အဲ့ဒီ ၅ ပွဲမှာ အက်တလက်တီကို မက်ဒရစ်နဲ့ ဗလင်စီယာ တို့လို အသင်းတွေကို ဂိုးပြတ် အနိုင်ရထားခဲ့ပြီး တိုက်စစ်က ၁၂ ဂိုးအထိ ရှာဖွေနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် တိုက်စစ်က ဂိုးမြူးနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ပထမအကျော့တုန်းက ခြေစွမ်း အတိုင်းပဲ ဆိုရင်တော့ ဘာစီလိုနာတို့ ချန်ပီယံလိဂ် အပြီးမှာ ယူရိုပါလိဂ် ကိုပါ ထပ်ပြီး နှုတ်ဆက်ရနိုင်ပါတယ်။ ဒါကြောင့် အခုပွဲမှာ ဇာဗီ အနေနဲ့ နည်းဗျူဟာပိုင်းကို အသေအချာ ပြင်ဆင်လာပြီး အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်လာဦးမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးရ သတင်းတွေ အရဆိုရင် အမ်တီတီ၊ အန်ဆုဖာတီ၊ ဆာဂျီ ရော်ဘတ်တို၊ အဲရစ်ဂါစီယာ၊ ဒန်နီအဲလ်ဗက်စ်တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေလို့ ဇာဗီရဲ့ အသင်းက စုဖွဲ့မှု အပိုင်းမှာ အားနည်းနေဖို့ ရှိနေပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ တိုက်စစ်မှာ ပြီးခဲ့တဲ့ ပွဲတုန်က ဟက်ထရစ် ရထားတဲ့ အော်ဘာမီယန်းနဲ့ အတူ ဖာရန်းတောရက်စ်၊ ဒမ်ဘီလီ တို့ကို တွဲဖက် ပွဲထုတ်လာနိုင်ပြီး နီကို၊ ဖရန်ကီဒီယောင်၊ ပက်ဒရီ၊ အဲလ်ဘာ၊ ပီကေး၊ အာရူဟို၊ ဒက်စ်၊ တာစတီဂန် တို့လည်း ပါဝင်လာဖို့ များနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာ အရ ပြန်ကြည့်ရင်လည်း နာပိုလီဟာ ယူရိုပါလိဂ် ရှုံးထွက် အဆင့် နောက်ဆုံး ၇ ကြိမ်မှာ ၅ ကြိမ် အထိ နောက်တစ်ဆင့်ကို တက်လှမ်းထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိတဲ့ နာပိုလီ

ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၇ ကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီးတော့ ဘာစီလိုနာတို့ ၄ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။ နာပိုလီ ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပြီး ၂ ကြိမ် ကတော့ သရေရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ အခုနှစ် ယူရိုပါလိဂ် Play-Off ရှုံးထွက် ပထမအကျော့ မှာတော့ နာပိုလီတို့ ဇီလင်းစကီးရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဖာရန်းတောရက်စ်ရဲ့ ဒုတိယပိုင်း ပင်နယ်တီ ချေပဂိုးကြောင့် ၁-၁ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ နာပိုလီ အတွက် ၂.၇၅ ဆ၊ ဘာစီလိုနာ အတွက် ၂.၅၀ ဆ၊ သရေ အတွက် ၃.၁၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ နှစ်သင်းလုံး Final Thirdမှာ ကစားပုံ စိတ်ချရတဲ့ ကစားသမား ကိုယ်စီ ပိုင်ဆိုင်ထားပေမယ့် ဒဏ်ရပြသနာ ရှိနေတာကြောင့် အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပါ့မလား ဆိုတာ စိုးရိမ်စရာ ရှိပါတယ်။ ဒီရာသီ ဇာဗီနဲ့ ဘာစီလိုနာ အတွက် ယူရိုပါလိဂ် ဟာ ဂုဏ်သိက္ခာအရ တော်တော်လေး အရေးပါနေတဲ့ အချက်ကိုလည်း မေ့ထားလို့ မရပါဘူး။ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ကစားသမား ပိုင်ဆိုင်မှုမှာ ဘာစီလိုနာတို့ ပိုသာနေလို့ ဧည့်သည် အသင်း ဘက်ကနေ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။ ဘာစီလိုနာတို့ ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့ နောက်တစ်ဆင့် တက်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်