နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံး၃ကြိမ်ဆက်ဆီမီးဖိုင်နယ်တက်တဲ့ ယူနိုက်တက် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၂ – ၀ ဂရန်နာဒါ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တစ်ပွဲမှာ‌တော့ မန်ချက်စတာယူနိုက်တက်တို့ အိမ်ကွင်းမှာ အိုးထရက်ဖို့ဒ်မှာ စပိန်ကလပ် ဂရန်နာဒါကို ၂-၀ ရလဒ်နဲ့ပဲ ထပ်မံအနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ နှစ်ကျော့ပေါင်း ၄-၀ ရလဒ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ နောက်ဆုံး ၃ ကြိမ်ဆက် ဆီမီးဖိုင်နယ် အဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 
ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ ကစားကွက် အပြောင်းအလဲ မလုပ်ပဲ လူစာရင်းအရ မားကပ်စ်ရက်ရှ်ဖို့ဒ် နေရာမှာ ပေါ့ဘာ ကစားပြီး ကွင်းလယ်မှာ ဖရက်ဒ်နဲ့ မားတစ်ကို တွဲပေးခဲ့ပါတယ်။ နောက်တန်းမှာတော့ တွမ်ဇီဘီနီနဲ့ လင်ဒီလောဖ့်၊ ဝမ်ဘစ်ဆာခါ၊ အဲလက်စ် တဲလက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂရန်နာဒါ ဘက်မှာတော့ ဝါရင့်တိုက်စစ်မှူးကြီး ဆိုလ်ဒါဒို ပါဝင်လာခဲ့ပြီး ကနေဒီ၊ မွန်တိုရို၊ ဗယ်လီဂျို တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာတင် မန်ချက်စတာယူနိုက်တက်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကိုတော့ အဲလက်စ်တဲလက်စ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ပေါ့ဘာက ပြန်ချပေးပြီး အက်ဒီဆင် ကာဗာနီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရရှိပြီးတဲ့နောက် ပွဲဟာ အပြန်အလှန် ရှိလာခဲ့ပြီး ဂရန်နာဒါကလည်း ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ မန်ချက်စတာ ယူနိုက်တက်တို့ ၁-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း တစ်ဖက်နဲ့ တစ်ဖက် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် ဂိုးသမားတွေရဲ့ လက်စွမ်းပြမှုနဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ဂိုးမရပဲဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမိနစ် မှာတော့အဲလက်စ်တဲလက်စ်ရဲ့ ဖြတ်တင်ဘောကနေ ဂရန်နာနောက်ခံလူ ဗယ်လီဂျို ဖြတ်ထုတ်ရာကနေ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့လို့ ၂-၀ ရလဒ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ အနိုင်ရသွားခဲ့ပါတယ်။

ယူနိုက်တက်တို့ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာတော့အီတလီကခြေစွာနေတဲ့ရိုးမားနဲ့ကစားရမှာဖြစ်ပြီးလာမယ့်ဧပြီလ၁၈ရက်နေ့မှာတော့ဘန်လေနဲ့ပရီးမီးယားလိဂ်ကစားရမှာဖြစ်ပါတယ်။
ယူရိုပါလိဂ် နောက်ဆုံး ၃ ကြိမ်ဆက် ဆီမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားပုံက အရန်လူစာရင်းနဲ့ အဓိက ကစားသမားတွေ ပေါင်းစပ်လာခဲ့လို့ အားရစရာ သိပ်မရှိခဲ့ပေမယ့် အနိုင်ရလဒ်ကို ထပ်မံရှာဖွေနိုင်ခဲ့တာ တွေ့ရပါတယ်။ တောင်ပံနှစ်ဖက်ရဲ့ လုပ်အားနှုန်း မြင့်မားခဲ့ပြီး ဂိုးရဖို့ အဓိကကျခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်တဲ့ ထူးခြားချက်အချို့ကတော့ အက်ဒီဆင်ကာဗာနီအနေနဲ့၂၀၁၂ခုနှစ်ဒီဇင်ဘာလကစပြီး ယူရိုပါလိဂ် အပါအဝင် ဥရောပပြိုင်ပွဲကြီးတွေမှာ၁၁ရာသီဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့မှတ်တမ်းကောင်းတစ်ရပ်ပိုင်ဆိုင်ခဲ့ပါတယ်။ယူနိုက်တက် အနေနဲ့လည်း ယူရိုပါလိဂ်မှာ နောက်ဆုံး၃ကြိမ် ဆက်တိုက် ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ယူနိုက်တက်တို့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာတော့ အီတလီက ခြေစွာနေတဲ့ ရိုးမားနဲ့ ကစားရမှာ ဖြစ်ပြီး လာမယ့် ဧပြီလ ၁၈ ရက်နေ့မှာတော့ ဘန်လေနဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။ ဂရန်နာဒါကတော့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ အီဘာနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်