နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင် ၃ မှတ် အတွက် အမှားအယွင်းမရှိခဲ့တဲ့ ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၂ – ၁ ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ နောက်ကျပွဲ တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန် တို့ရဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဘရိုက်တန်တို့ ဝဲလ်ဘတ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ မေဆင်ဂရင်းဝုဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ယူနိုက်တက်တို့ အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်။

နိုင်ပွဲဆက်နေခဲ့တဲ့ ဘရိုက်တန်ကတော့ ပရီးမီးယားလိဂ် ရှုံးပွဲ ပြန်တွေ့သွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

အခုပွဲမှာ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ သူ့စိတ်ကြိုက် ကစားကွက် ဖြစ်တဲ့  ၄-၂-၃-၁ နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ကာဗာနီ၊ မေဆင်ဂရင်းဝုဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်မှာ ပေါလ်ပေါ့ဘာ၊ ဖရက်ဒ်၊ နောက်တန်းမှာ အာရွန် ဝမ်ဘစ်ဆာခါ၊ လင်ဒီအော့ဖ်၊ ဟယ်ရီမက်ဂွိုင်းယား၊ လုခ်ရှော၊ ဂိုးမှာ ဒင်းန်ဟန်ဒါဆင် တို့နဲ့ ပွဲထွက်လာပါတယ်။ ဘရိုက်တန် ဘက်မှာတော့ ဝဲလ်ဘက်၊ မူပေး၊ ထရိုဆက်ဒ်၊ လယ်လာနာ၊ ဒန့်ခ်၊ ဝှိုက်တို့လို ကစားသမားတွေ ပါဝင်လာပါတယ်။ ပွဲစတာနဲ့ မန်ချက်စတာယူနိုက်တက်တို့ ဧည့်သည် အသင်းဘက်ကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုး ရခဲ့တာကတော့ ဘရိုက်တန်ပဲ ဖြစ်ပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ တန်ပြန်တိုက်စစ်က တစ်ဆင့် ဒန်နီဝဲလ်ဘတ်က ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မန်ချက်စတာယူနိုင်တက်တို့ ချေပဂိုး ရဖို့ တိုက်စစ်မြှင့်ပြီး ကစားခဲ့ပေမယ့် ဘရိုက်တန် ခံစစ်ရဲ့ မာကျောမှုကြောင့် အခက်တွေ့နေခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၆၂ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ် က ချေပဂိုး၊ ပေါလ်ပေါ့ဘာရဲ့ ပံ့ပိုးပေးမှုကနေ မေဆင်ဂရင်းဝုဒ်က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ယူနိုက်တက်တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်က အဆုံးသတ်ပိုင်းမှာ လိုအပ်ချက် တော်တော်များများ ရှိခဲ့ပြီး တစ်ပွဲလုံး အတိုင်းအလာနဲ့ ဂိုးပေါက်တည့်မှု ၇ ကြိမ် အထိ ရှိခဲ့ပေမယ့် သွင်းဂိုး ၂ ဂိုးပဲ ရခဲ့ပါတယ်။ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် မှာ ပုံစံကောင်းတစ်ခု ရနေတယ်ဆိုပေမယ့် ခြေစွမ်းကတော့ အားရစရာ မရှိသေးပါဘူး။ နိုင်ပွဲဆက်နေခဲ့တဲ့ ဘရိုက်တန်ကတော့ ပရီးမီးယားလိဂ် ရှုံးပွဲ ပြန်တွေ့သွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်မျာ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ဧပြီလ ၉ ရက်နေ့မှာ ဂရန်နာဒါနဲ့ ယူရိုပါလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး ဘရိုက်တနကတော့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်