နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်သစ် များစွာ တင်ထားနိုင်တဲ့ စပိန် လက်ရွေးစင် အသင်း | နေးရှင်းလိဂ်

မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၄/၂၅ ဘောလုံးရာသီ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပြိုင်ပွဲ လိဂ် (A) အုပ်စု ပွဲစဉ် (၂) မှာတော့ စပိန်က ဆွစ်ဇာလန်ကို ၁-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် စပိန် လက်ရွေးစင် အနေနဲ့ အသင်းရဲ့ ပြက္ခဒိန် တစ်နှစ် အတွင်း နိုင်ပွဲ အများဆုံး စံချိန်ကို တစ်ကျော့ပြန် လိုက်မီခဲ့ပြီးတော့ အသင်းရဲ့ နည်းပြ လူးဝစ္စ ဒယ်လာ ဖျူအန်တေးနဲ့ ကစားသမား တချို့လည်း စံချိန် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ 

စပိန် လက်ရွေးစင် အသင်းဟာ နည်းပြ ဒယ်လာ ဖျူအန်တေး လက်အောက်မှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ စပိန် လက်ရွေးစင် အသင်း အနေနဲ့ ၂၀၂၄ ခုနှစ် အတွင်း ပြိုင်ပွဲစုံ နိုင်ငံတကာ ပွဲစဉ် (၁၃) ပွဲ ကစားရာမှာ (ခြေစမ်းပွဲ၊ ယူရို ၂၀၂၄ ပြိုင်ပွဲနဲ့ နေးရှင်းလိဂ်) ၁၀ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရလဒ်တွေ ရရှိခဲ့ခြင်း ဖြစ်ပြီး အသင်းရဲ့ မှတ်တမ်းကောင်း တစ်ခုကို ပြန်လည် အမီလိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

စပိန် လက်ရွေးစင် အသင်းဟာ နောက်ဆုံး ၁၁ နှစ် အတွင်း အသင်းရဲ့ နိုင်ပွဲ အများဆုံး ရယူနိုင်မှု အဖြစ် နည်းပြဟောင်း လူးဝစ္စ အန်နရီကေး လက်ထက် ၂၀၂၁ ခုနှစ်မှာ နိုင်ငံတကာပွဲ ၁၈ ပွဲ ကစားရာမှာ ၁၀ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး၊ ပြက္ခဒိန် တစ်နှစ် အတွင်း နိုင်ပွဲ အများဆုံး ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ နည်းပြ ဒယ်လာ ဖျူအန်တေး လက်ထက်မှာ အန်နရီကေး လက်ထက်ကထက် ၅ ပွဲလျော့ ကစားကာ အသင်းရဲ့ ပြက္ခဒိန် တစ်နှစ် အတွင်း နိုင်ပွဲ အများဆုံး စံချိန်ကို လိုက်မီခဲ့ခြင်း ဖြစ်ပါတယ်။ စပိန် အနေနဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလ အတွင်း ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေ နိုင်ပွဲ ထပ်မံ ရယူနိုင်ခဲ့ရင်တော့ စံချိန်မှတ်တမ်းသစ်တွေ ထပ်မံ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

စပိန် လက်ရွေးစင် အသင်းဟာ ၂၀၂၄ ခုနှစ် အတွင်း ယူရို ၂၀၂၄ ချန်ပီယံဆုအား ရှုံးပွဲ မရှိ စံချိန် မှတ်တမ်း ရယူနိုင်ခဲ့သလို အဲ့ဒီ ပြိုင်ပွဲ တစ်ခုတည်းမှာတင်ပဲ နိုင်ပွဲ ၇ ပွဲ အထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန် လက်ရွေးစင် အသင်းဟာ နည်းပြ ဒယ်လာ ဖျူအန်တေး လက်ထက်မှာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နိုင်ငံတကာ ပွဲစဉ် ၁၆ ပွဲ ဆက်တိုက် (၁၄ ပွဲနိုင်၊ ၂ ပွဲသရေ) ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါက နည်းပြဟောင်း ဒဲလ်ဘော့စကေး (၂၀၁၃ ခုနှစ်၊ ၂၉ ပွဲကစား၊ ၂၄ ပွဲနိုင်၊ ၅ ပွဲ သရေ) နောက်ပိုင်း နည်းပြ တစ်ဦး အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။

ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ စပိန် အတွက် သွင်း ဂိုး (၁) ဂိုးနှင့် ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဖာရန်း တောရက်စ် ကလည်း နေးရှင်းလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် လူစားဝင်ကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ ပထမဆုံး စပိန် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ စပိန်ရဲ့ အဓိက တိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ ဆယ်ကျော်သက် တောင်ပံကစားသမား ယာမယ် မှာလည်း စပိန် အသင်း အတွက် ဂိုးပါဝင် ပတ်သက်မှု (၁၂) ကြိမ် (၃ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီး) အထိ ရှိခဲ့ပါတယ်။ ဒါဟာ ဒယ်လာ ဖျူအန်တေး လက်ထက် ပြိုင်ပွဲစုံမှာ နိုင်ငံတကာ သွင်းဂိုး ပါဝင်ပတ်သက်မှု အများဆုံး စပိန် ကစားသမား အဖြစ် ရပ်တည်ခဲ့ပါတယ်။

စပိန် လက်ရွေးစင် အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဒိန်းမတ်နဲ့ နေးရှင်းလိဂ် ပွဲစဉ် ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်