နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယ်သာလန် – ပိုလန် | နေးရှင်းလိဂ် A အုပ်စု ၄ (ပွဲကြိုသုံးသပ်ချက်)

နယ်သာလန် – ပိုလန်

လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ ပွဲစဉ်တွေပါ တပြိုင်နက်တည်း ကစားဖို့ ရှိပြီး နယ်သာလန်တို့ ပိုလန်ကို ဒီကူအပ် ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ နေးရှင်းလိဂ် A မှာ ရာနှုန်းပြည့် အနိုင်ရထားတဲ့ နှစ်သင်းထဲက တစ်သင်း ဖြစ်တဲ့ နယ်သာလန်တို့ပဲ နိုင်ပွဲ ထပ်ရသွားမလား။ ဒါမှမဟုတ် ပိုလန် ကပဲ မထင်မှတ်တာတွေ လုပ်ပြသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ပြီးကတည်းက ပြိုင်ပွဲစုံမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ နယ်သာလန်တို့ နေးရှင်းလိဂ် မှာလည်း အကောင်းဆုံး ပုံစံ တစ်ခုကို ပြသပြီး နိုင်ပွဲ ဆက်နေခဲ့ပါတယ်။ လူးဝစ် ဗန်ဟားလ်ရဲ့ အသင်းဟာ အဖွင့်ပွဲမှာ ဘယ်ဂျီယံကို ၁-၄ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပေမယ့် ဝေးလ်စ်နဲ့ ပွဲမှာတော့ ခက်ခက်ခဲခဲ ကစားပြီးမှ ဝက်ဂ်ဟော့စ်ရဲ့ နာကျင် အချိန်ပို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ ကစားသမားတွေကို စမ်းသပ် အသုံးပြုနေပေမယ့် ရလဒ်ကောင်းတွေ ရှာဖွေနိုင်ဆဲ ဖြစ်ပြီး ဝေးလ်စ်နဲ့ ပွဲမှာ ဆိုရင် ကူ့ပ်မိုင်းနား၊ ရှောက်တန်၊ မလာဆီရာ တို့လို လူငယ်တွေလည်း ခြေစွမ်းပြနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်တလော နေးရှင်းလိဂ် A အုပ်စု ၄ ကို ဦးဆောင်နေတဲ့ နယ်သာလန်တို့ ဒီပွဲ နိုင်လိုက်ရင် ရှုံးထွက်တက်ဖို့ အခြေအနေ ကောင်းသွားမှာ ဖြစ်တာကြောင့် ကျိန်းသေပေါက် အားထည့်လာဦးမှာပါ။ ဘယ်ဂျီယံနဲ့ ကစားတဲ့ ပွဲက အခင်းအကျင်းကို ပြန်လည် မြင်တွေ့ရဖို့ များနေပြီး လူစာရင်းမှာ ဒီပေး၊ ဖရန်ကီ ဒီယောင်၊ ကယ်လက်ဆန်၊ တင်ဘာ၊ အေခီ တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဆီလက်ဆန်၊ တင်ဘာ၊ အေခီ၊ ဒီဗရစ်ဂျ်၊ ဒမ်းဖရီးစ်၊ ဒါလေ ဘလိုင်း၊ ဒီယောင်၊ ကယ်လက်ဆန်၊ ဘက်ဂ်ဟျူးစ်၊ ဘက်ဂျ်ဝင်း၊ ဒီပေး

ပိုလန် ကတော့ နေးရှင်းလိဂ် အဖွင့်ပွဲမှာ ဝေးလ်စ်ကို အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲ မှာတော့ ဘယ်ဂျီယံကို မထင်မှတ်ပဲ ၆-၁ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယနေရာကို ဆင်းခဲ့ရပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ အုပ်စု တတိယနေရာကို ရောက်နေတဲ့ ပိုလန်

ပိုလန် ကတော့ နေးရှင်းလိဂ် အဖွင့်ပွဲမှာ ဝေးလ်စ်ကို အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲ မှာတော့ ဘယ်ဂျီယံကို မထင်မှတ်ပဲ ၆-၁ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယနေရာကို ဆင်းခဲ့ရပါတယ်။ တစ်ဖက်မှာ ဘယ်ဂျီယံတို့ အုပ်စုတွင်း အားအနည်းဆုံး ဝေးလ်စ်နဲ့ တွေ့ဆုံနေလို့ ပိုလန်တို့ မဖြစ်မနေ ရမှတ် ရှာဖွေဖို့ ကြိုးစားရမှာ ဖြစ်ပေမယ့် နယ်သာလန်လို့ အဘက်ဘက်မှာ တက်ရိပ်ပြနေတဲ့ အသင်းဆီက သရေ ၁ မှတ် တောင် ရဖို့ မလွယ်တာ သေချာပါတယ်။ ချက်ဇ်လေ မစ်ချ်နီဝစ်ဇ် အနေနဲ့ အခုပွဲမှာ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုလာဖို့ ရှိပေမယ့် အပိုင်နိုင်ဆုံး ဖြစ်တဲ့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ရှက်ဇီနီ၊ ဂလစ်ခ်၊ ဘက်ဒ်နာရက်ခ်၊ ဘရက်ဇင်းစကီး၊ ပူချက်ဇ်၊ လင်နက်တီ၊ ဇာကောစကီး၊ ဖရန့်ခ်ကောစကီး၊ ဇီလင်းစကီး၊ ဆွိုင်ဒါစကီး၊ လီဝမ်ဒေါစကီး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်စလုံးမှာ နယ်သာလန်တို့ အနိုင်ရထားပြီး နှစ်သင်းပေါင်း ၁ ဂိုးသာ သွင်းနိုင်ခဲ့တဲ့ ပွဲကလည်း ၁ ပွဲပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ နေးရှင်းလိဂ် မှာ ၂ ကြိမ် တွေ့ဆုံထားခဲ့ပြီး နယ်သာလန် ပထမအကျော့ အိမ်ကွင်းမှာ ၁-၀၊ ပိုလန် ကွင်းမှာတော့ ၁-၂ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ နယ်သာလန် အတွက် ၁.၃၅ ဆ၊ ပိုလန် အတွက် အတွက် ၅.၄၈ ဆ၊ သရေ အတွက် ၂.၅၄ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် နယ်သာလန်တို့ အနိုင်သေချာပါတယ်။ Final Third ကောင်းတဲ့ အသင်းတွေ မို့လို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပြီး နယ်သာလန်တို့ ၂ ဂိုးအသာလောက်နဲ့ အနိုင်ရသွားဖို့ မျှော်လင့်ချင်ပါတယ်။ နယ်သာလန်နဲ့ ဂိုးပေါ် ၃.၀၀ ကို ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

နယ်သာလန် ၂-၁ ပိုလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်