နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒိုက သူ့အတွက် အရာရာ ဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ ဟွိုက်ဂျ်လန်း | နေးရှင်းလိဂ်

ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ ပေါ်တူဂီကို အနိုင်ရခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဂိုးသွင်းယူ ပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ စူးဝီး ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒီလို အောင်ပွဲခံချိန်မှာ ဝေဖန် ပြောဆိုမှု တချို့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒိန်းမတ် တိုက်စစ်မှူး ကတော့ ရော်နယ်ဒိုဟာ သူ့အတွက် အရာ အားလုံးပဲလို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဟွိုက်ဂျ်လန်းဟာ ပေါ်တူဂီနဲ့ ပွဲမှာ ဒိန်းမတ်ရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပေမယ့်လည်း ဒုတိယပိုင်း မိနစ် ၇၀ လောက်မှ ပါဝင် ကစားခွင့် ရခဲ့ကာ ကစားချိန် ၁၀ မိနစ် မပြည့်ခင်မှာပဲ ဒိန်းမတ် အတွက် လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ်က ပထမပိုင်း မှာလည်း ပင်နယ်တီ ကနေ တဆင့် ဦးဆောင်ဂိုး ရနိုင်တဲ့ အခွင့်အရေး ရခဲ့ပေမယ့် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင် အနေနဲ့ ဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့လို နစ်နာခဲ့ရတာ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်း ကတော့ အသင်း အတွက် အရေးပါတဲ့ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ရော်နယ်ဒိုရဲ့ စူးဝီး ပုံစံနဲ့ အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ် ကလည်း ဟွိုက်ဂျ်လန်းရဲ့ သွင်းဂိုးကြောင့်ပဲ အိမ်ကွင်းမှာ အဖိုးတန် နိုင်ပွဲ ရရှိခဲ့ကာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် တက်ရေး အားသာချက် ရသွားခဲ့ပါတယ်။ 

ဘောလုံးလောကရဲ့ အထင်ကရ ကစားသမားကြီး ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ စူးဝီး အောင်ပွဲခံမှု ပုံစံဟာ ဘောလုံးသမားတိုင်း လိုက်လုပ်တက်ကြတဲ့ အောင်ပွဲခံမှုမျိုး ဖြစ်ပါတယ်။ တချို့ ကတော့ ရော်နယ်ဒိုကို စံပြ ပုဂ္ဂိုလ် အဖြစ် သဘောထားပြီး လေးစားတဲ့ အနေနဲ့ အောင်ပွဲခံကြတာ ဖြစ်ပြီး တချို့ ကတော့ ရော်နယ်ဒိုကို လှောင်ပြောင်ချင်တာကြောင့် ဒီလို အောင်ပွဲခံတဲ့ ပုံစံကို ပြသကြတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဟွိုက်ဂျ်လန်းက ပရီးမီးယားလိဂ်နဲ့ နေးရှင်းလိဂ်မှာ ၂ ပွဲဆက် ဂိုးပေါက် ပြန်တွေ့ခဲ့ပြီလည်း ဖြစ်ပါတယ်။
ရော်နယ်ဒို ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့ ဟွိုက်ဂျ်လန်း

ဒါပေမယ့် ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ ရော်နယ်ဒိုလိုမျိုး ဘာကြောင့် အောင်ပွဲခံခဲ့သလဲ ဆိုတာ ကိုတော့ အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ “အခု ကျွန်တော် ချဲ့ကား ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခရစ္စတီယာနိုဟာ ကျွန်တော့် အတွက် အရာ အားလုံးပါပဲ။ ကျွန်တော်ဟာ ခရစ္စတီယာနိုကြောင့် ဘောလုံးကို ချစ်မြတ်နိုးမိသွားတာပါ။ ခရစ္စတီယာနိုကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ် ဖြစ်လာခဲ့တာပါ။ ကျွန်တော်ဟာ ခရစ္စတီယာနိုကြောင့် ကိုယ့်ဘာသာကိုယ် လေ့ကျင့်တာကို စတင်ခဲ့တာပါ။ အိပ်ရာမဝင်ခင် နေ့တိုင်း လက်ထောက်မှောက်တာ၊ ထိုင်ထလုပ်တာနဲ့ ဗိုက်သား လေ့ကျင့်ခန်းတွေ လုပ်တာကို ခရစ္စတီယာနိုကြောင့် စတင်ခဲ့တာပါ။ ဒါတွေ အားလုံးက ခရစ္စတီယာနို လို ဖြစ်ချင်လို့ပါ။” လို့ ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။ 

အသက် ၂၂ နှစ် အရွယ် ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ ငယ်စဉ် ကတည်းက ယူနိုက်တက်ကို အားပေးခဲ့တဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့မှာ အတ္တလန္တာ ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိ မှာတော့ ယူနိုက်တက် ကစားသမားဘဝ ဒုတိယမြောက် ရာသီကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းဟာ ပြီးခဲ့တဲ့ လက်စတာစီးတီးနဲ့ ပွဲစဉ် မတိုင်ခင် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဟွိုက်ဂျ်လန်းက ပရီးမီးယားလိဂ်နဲ့ နေးရှင်းလိဂ်မှာ ၂ ပွဲဆက် ဂိုးပေါက် ပြန်တွေ့ခဲ့ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်