နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝက်ဂ်ဟော့စ်ရဲ့ နောက်ကျဂိုးနဲ့ ကာဒစ်ဖ်မှာ အနိုင်ရခဲ့တဲ့ ဒက်ချ် | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဝေးလစ် ၁-၂ နယ်သာလန်

နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ နယ်သာလန်တို့ ဝေးလ်စ်ကို ဝတ်ဝက်ဂ်ဟော့စ်ရဲ့ မထင်မှတ်ထားတဲ့ နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ ဘယ်ဂျီယံကို ဂိုးပြတ် ချေမှုန်းထားခဲ့တဲ့ ဒက်ချ်တို့ ကာဒစ်ဖ်မှာ မထင်မှတ်ပဲ ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီး သွင်းဂိုးကြောင့်သာ နေးရှင်းလိဂ် နိုင်ပွဲဆက်ခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

၆၄ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဝေးလ်စ်တို့ ဒီနေ့ပွဲမှာတော့ အဓိက ကစားသမား အများစုကို အနားပေးပြီး အရန်တွေကို စမ်းသပ် အသုံးပြုသွားခဲ့ပါတယ်။ ရောဘတ်ပေ့ချ်ရဲ့ အသင်းက ခံစစ် အားပြုတဲ့ ၅-၃-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဂျွန်ဆင်နဲ့ ဒန်ဂျိမ်းစ်၊ ကွင်းလယ်မှာ မိုရဲလ်၊ လီဗစ်၊ ဝီလ်ဆင်၊ ခံစစ်မှာတော့ မီဖမ်း၊ ရွန်ဒွန်၊ ဒေးဗီးစ်၊ နော်ရင်တန် ဒေးဗီးစ်၊ ရောဘတ်စ်နဲ့ ဝက်ဒ်တို့ကို ကစားခဲ့ကြပါတယ်။ နယ်သာလန် ကတော့ ၃-၄-၂-၁ နဲ့ ဝေးလ်စ်ကို ရင်ဆိုင်သွားခဲ့ပြီး ဗန်ဟားလ် အနေနဲ့လည်း ပြီးခဲ့တဲ့ ပွဲက လူစာရင်းကို တော်တော်များများ အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။ တိုက်စစ်မှာ ဝက်ဂ်ဟော့စ် တစ်ဦးတည်းကို အထောင်ထားပြီး နောက်မှာတော့ ဂက်ခ်ပိုနဲ့ လန်းဂ်၊ ကွင်းလယ်မှာ မလာဆီရာ၊ ရှောက်တန်၊ ကူ့ပ်မိုင်းနား၊ ဟိတ်ဘိုးဝါး၊ ခံစစ်နဲ့ ဂိုးမှာ‌တော့ ဒီလစ်ဂျ်၊ ဒီဗရစ်ဂျ်၊ တီဇီနဲ့ ဖလက်ကန် တို့ကို သုံးခဲ့ပါတယ်။

ဝေးလ်စ် ကတော့ နေးရှင်းလိဂ် ၂ ပွဲ ကစားရာမှာ ၂ ပွဲစလုံး ရှုံးနိမ့်ထားပြီး လက်ရှိ အုပ်စု ၄ ရဲ့ အောက်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။
နိုင်ပွဲ လုံးဝ မရသေးပဲ နေးရှင်းလိဂ် A အုပ်စု ၄ရဲ့ အောက်ဆုံးကို ရောက်နေတဲ့ ဝေးလ်စ်

နှစ်သင်းလုံး ကစားသမား အပြောင်းအလဲ အများအပြား ပြုလုပ်ထားတာကြောင့် ပထမပိုင်းမှာ ကစားကွက် တည်ဖို့ ခက်ခဲခဲ့ပြီး ဂိုးရဖို့လည်း ရုန်းကန်ခဲ့ကြရပါတယ်။ ဝေးလ်စ်တို့ လူငယ်တွေကို စမ်းသုံးခဲ့ပေမယ့် ခံစစ်မှာတော့ အဓိက အတွေ့အကြုံရင့် ကစားသမားတွေနဲ့ပဲ ပွဲထွက်ခဲ့တာကြောင့် ပြိုင်ဘက် တိုက်စစ်ကို ပါးပါးနပ်နပ် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ နယ်သာလန်တို့ ဂိုးရဖို့ အတွက် ကစားအား တင်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ နယ်သာလန်တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး နိုင်ငံ့လက်ရွေးစင် အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက်ခွင့်ရခဲ့တဲ့ ရှောက်တန်ရဲ့ ဖန်တီးပေးပို့မှု ကနေ ကူ့ပ်မိုင်းနားက သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ကူ့ပ်မိုင်းနား အတွက်လည်း ပထမဦးဆုံး နိုင်ငံတကာ သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ဝေးလ်စ်တို့ လူစား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ၇၇ မိနစ် မှာတော့ ဂါရက်သ်ဘေးလ် ဝင်ရောက် ကစားခဲ့ပါတယ်။ အဲ့နောက် နယ်သာလန်တို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဝေးလ်စ် ကတော့ ချေပဂိုး ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၂ မိနစ်မှာတော့ နော်ရင်တန် ဒေးဗီးစ်က ဝေးလ်စ် အတွက် ချေပဂိုး သွင်းပေးခဲ့လို့ ဝေးလ်စ် ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမယ့်လည််း ဝေးလ်စ်တို့ရဲ့ ပျော်ရွှင်ချိန်တွေ ၂ မိနစ်တောင် မကြာခဲ့ပဲ မလာဆီရာရဲ့ ဖန်တီးပေးပို့မှုကနေ တိုက်စစ်မှူး ဝတ် ဝက်ဂ်ဟော့စ်က နယ်သာလန် အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ၁-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဒိန်းမတ်
ခရိုအေးရှား
1X2 ခရိုအေးရှား @ 3.35
ဂိုးပေါ် 2.25 @ 2.06
ဂိုးပေါင်း 0-1 @ 2.47
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

နှစ်သင်းလုံး အဓိက ကစားသမား အများစုကို အနားပေးခဲ့လို့ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ကြဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် နယ်သာလန် ကွင်းလယ်က အတ္တလန္တာ ကစားသမား ကူ့ပ်မိုင်းနား အနေနဲ့ ဒီနေ့ပွဲမှာ တော်တော်လေး ခြေစွမ်းပြသွားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ၃ ကြိမ်၊ ဖြတ်တင်ဘော ၅ ကြိမ်နဲ့ ဘောလုံးပေးပို့မှု ၉၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့သလို အရေးပါတဲ့ သွင်းဂိုး ၁ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ နေးရှင်းလိဂ်ကို အသင်းကြီး တော်တော်များများ အာရုံမစိုက်ကြဘူး ဆိုပေမယ့် နယ်သာလန် ကတော့ နိုင်ပွဲဆက်နေဆဲ ဖြစ်ပြီး အုပ်စု ၄ ရဲ့ ထိပ်ဆုံးနေရာမှာ ရမှတ် ၆ မှတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်တို့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲ မရှိမှုကိုလည်း ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝေးလ်စ် ကတော့ နေးရှင်းလိဂ် ၂ ပွဲ ကစားရာမှာ ၂ ပွဲစလုံး ရှုံးနိမ့်ထားပြီး လက်ရှိ အုပ်စု ၄ ရဲ့ အောက်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ ပွဲစဉ် ၃ ကို ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဝေးလ်စ်က ဘယ်ဂျီယံ၊ နယ်သာလန်က ပိုလန်ကို အိမ်ကွင်းတွေမှာ အသီးသီး ဧည့်ခံကစားကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်