နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆဲလ်ဟတ်စ်ပါ့ခ်ကရလဒ်ဆိုးတွေကိုချေဖျက်ရမယ့် စပါး | (ခရစ္စတယ်ပဲလေ့စ် – တော့တင်ဟမ်ဟော့စပါး) ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် – တော့တင်ဟမ်ဟော့စပါး

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကြောင့်ရပ်နားထားခဲ့တဲ့ပရီးမီးယားလိဂ် ပွဲစဉ်တွေအခုတစ်ပတ်မှာပြန်လည်ကစားဖို့ ရှိနေပြီးလန်ဒန်မြို့ခံနှစ်သင်းဖြစ်တဲ့ခရစ္စတယ်ပဲလေ့စ်နဲ့တော့တင်ဟမ်ဟော့စပါးတို့ရဲ့ပွဲကတော့အစောဆုံးကစားမှာဖြစ်ပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် မှာပွဲစဉ်၃ပွဲကစားပြီးချိန်အထိရာနှုန်းပြည့်နိုင်ပွဲပိုင်ဆိုင်ထားတဲ့စပါးတို့ပက်ထရစ်ဗီအဲရာရဲ့လက်အောက်မှာပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရတဲ့ခရစ္စတယ်ပဲလေ့စ်နဲ့ကစားရမှာဖြစ်လို့ရလဒ်ကောင်းဖို့ပိုပြီးအလေးသာနေတယ်ဆိုတာကိုတော့ငြင်းလို့မရပါဘူး။

 
ပလေ့စ်ဟာဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်၃ပွဲကစားပြီးချိန်မှာ၂ပွဲသရေ၊၁ပွဲရှုံးရမှတ်၂မှတ်နဲ့အဆင့်၁၄နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။အဖွင့်ပွဲမှာချဲလ်ဆီးကို၃ဂိုးပြတ်အရေးနိမ့်ထားပေမယ့်ပွဲစဉ်၂နဲ့၃မှာဘရန့်ဖို့ဒ်နဲ့၀က်စ်ဟမ်းကိုသရေကစားထားခဲ့လို့ရမှတ်၂မှတ်ပိုင်ဆိုင်ထားခဲ့ပါတယ်။ကြားရက်မှာကစားတဲ့လိဂ်ဖလားဒုတိအဆင့်ပွဲစဉ်မှာ၀က်ဖို့ဒ်ကိုရှုံးနိမ့်ပြီးပြိုင်ပွဲကနေစောစောစီးစီးထွက်ခဲ့ရတဲ့ပဲလေ့စ်ရဲ့ခြေစွမ်းကလက်တလောမှာအားရစရာလုံး၀မရှိသေးတာတော့အမှန်ပါပဲ။အီးဇီး၊အိုလစ်ဆီ၊မီလီဗိုဂျီဗစ်၊ဖာဂူဆန်တို့မကစားနိုင်သေးသည့်တိုင်အောင်ဘန်တီကီ၊ဇာဟာ၊ဂယ်လာဂါ၊ဂူဟီ၊မစ်ချဲလ်တို့ရှိနေတဲ့ဗီအဲရာရဲ့အသင်းလူစာရင်းကတောင့်တင်းနေတယ်လို့ပြောလို့ရပါတယ်။ဒါပေမယ့်အဓိကကစားသမားတွေဖြစ်တဲ့ဇာဟာ၊ဘန်တီကီတို့ခြေစွမ်းမပြနိုင်သေးတာအပြင်ခံစစ်ကမထင်မှတ်ပဲဂိုးတွေပြန်ပေးနေရခြင်းကပဲလေ့စ်ကိုနိုင်ပွဲတွေနဲ့ဝေးနေစေတယ်လို့ပြောလို့ရပါတယ်။အခုလာမယ့်ပွဲမှာစပါးနဲ့ကစားပြီးတာနဲ့လစ်ဗာပူးလ်၊ဘရိုက်တန်၊အာဆင်နယ်တို့နဲ့ဆက်တိုက်ကစားရဦးမှာဖြစ်တာကြောင့်ပဲလေ့စ်တို့တတ်နိုင်သမျှရမှတ်ရှာဖွေနိုင်မှပဲရာသီ၀က်မရောက်ခင်အခြေအနေကောင်းနိုင်မှာဖြစ်ပါတယ်။

ပလေ့စ်ဟာဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်၃ပွဲကစားပြီးချိန်မှာ၂ပွဲသရေ၊၁ပွဲရှုံးရမှတ်၂မှတ်နဲ့အဆင့်၁၄နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ လက်ရှိ အချိန်ထိ နိုင်ပွဲမရသေးတဲ့ ခရစ္စတယ်ပဲလေ့စ်

စပါးတိုက်စစ်ကတော့ဟယ်ရီကိန်းမပါတဲ့အချိန်မှာတောင်ဂိုးရအောင်ရှာဖွေနိုင်ခဲ့တာတွေ့ရပါတယ်။နည်းပြသစ်နူနိုဆန်တိုလက်အောက်မှာစပါးတို့တော်တော်လေးရုန်းကန်ရမယ်လို့ထင်ခဲ့ပေမယ့်လက်တလောမြောက်လန်ဒန်ကလပ်ဟာပေးဂိုးမရှိရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေခဲ့ပါတယ်။ဟယ်ရီကိန်းပြန်လည်ကစားနိုင်တဲ့အချိန်မှာဆွန်ဟောင်မင်၊ဘာ့ဂ်ျ၀င်းတို့နဲ့တိုက်စစ်ကတော်တော်လေးအချိတ်အဆက်မိနေတာတွေ့ရသလိုဟွိုက်ဂ်ျဘယက်၊ဟယ်ရီ၀င့်ခ်၊ဒယ်လီအယ်လီ၊ရီဂီလွန်၊တန်ဂန်ဂါတို့နဲ့အလုပ်ဖြစ်နေတာတွေ့ရပါတယ်။ဒါတောင်ဒီရာသီမှခေါ်ယူထားတဲ့ဂိုလီနီ၊ရိုမဲရိုတို့ကိုတောင်ထုတ်မသုံးရသေးပါဘူး။တစ်ခုရှိတာကအခုပွဲမှာဆန်တိုရဲ့အသင်းမှာဆွန်နဲ့ဘာ့ဂ်ျ၀င်းတို့ပါ၀င်ကစားနိုင်ဖို့မသေချာသေးသလိုလိုဆယ်ဆို၊ဒါဗင်ဆင်ဆန်းချက်ဇ်နဲ့ရိုမဲရိုတို့လည်းလွဲချော်မှာဖြစ်လို့အသင်းလိုက်ကစားပုံအနည်းငယ်အားနည်းနေပါလိမ့်မယ်။ဒါပေမယ့်စပါးတို့ပဲလေ့စ်ဆီကနေ၃မှတ်အပြည့်ရဖို့ကြိုးစားလာဦးမယ့်သဘောရှိ‌ပြီးပွဲထွက်လူစာရင်းမှာပါ၀င်လာနိုင်တဲ့ဘရိုင်ယန်ဂေးလ်၊အီမာဆင်ရွိုင်ရယ်တို့ခြေစွမ်းပြနိုင်မယ် ဆိုရင်တော့စပါးအတွက်လွယ်ကူတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဦးမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရနောက်ဆုံး၁၈ကြိမ်မှာစပါးက၁၂ကြိမ်အနိုင်ရပြီးပဲလေ့စ်က၃ကြိမ်ပဲပြန်ပြီးအနိုင်ရထားပါတယ်။အိမ်ကွင်းမှာဆိုရင်စပါးတို့ပဲလေ့စ်ကိုအပြတ်အသတ်အသာရ‌လေ့ရှိပေမယ့်ဆဲလ်ဟတ်စ်ပါ့ခ်မှာကစားခဲ့တဲ့နောက်ဆုံး၃ပွဲဆက်နိုင်ပွဲပျောက်‌နေခဲ့တာကိုတော့သတိပြုရပါမယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ခရစ္စတယ်ပဲလေ့စ် – တော့တင်ဟမ်ဟော့စပါး 1X2 တော့တင်ဟမ်ဟော့စပါး @ ၁.၉၀ဆ
စက်တင်ဘာလ ၁၁ ရက် , ည ၆:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အတွက် ၄.၂၀ ဆနဲ့ဧည့်သည်အတွက်၁.၉၀ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၅၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ပဲလေ့စ်ရဲ့ လူစာရင်းအရစပါးကိုကောင်းကောင်းယှဉ်ကစားနိုင်စွမ်းရှိတယ် ဆိုပေမယ့် ခြေစွမ်းပိုပြီးတည်ငြိမ်နေတဲ့ စပါးကိုပဲရွေးချယ်ရမှာပဲ။ ဟယ်ရီကိန်းပါတဲ့ တိုက်စစ်ကဂိုးရဖို့ မခက်ပေမယ့် ဂိုးများနိုင်ဖို့တော့ မရှိပါဘူး။ ခန့်မှန်းရလဒ် ၀-၁၊ အများဆုံး ၀-၂လောက်နဲ့ပဲ ပွဲပြီးသွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်