နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါးကို အနိုင်ကစားပြီး ရလဒ်ဆိုးတွေအောက်ကနေ ရုန်းထွက်ပြခဲ့တဲ့ လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး ၁ – ၃ လစ်ဗာပူးလ်

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လစ်ဗာပူးလ်တို့ တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့တဲ့ လစ်ဗာပူးလ်တို့ ရလဒ်ကောင်းတစ်ခု ပြန်လည် ရှာတွေ့နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာကို ပြန်ရောက်လာခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၄ မှတ် အကွာကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
လစ်ဗာပူးလ်ကို ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် ဝေဝါးလာခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါးတို့ အခုပွဲမှာ ၃-၄-၃ ကစားကွက်ကို အသုံးပြုပြီး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ဘာ့ဂျ်ဝင်း၊ ဒိုဟာတီ၊ ဟော့ဂျ်ဘာ့ဂ်၊ အန်ဒွန်ဘီလီ၊ အော်ရီရာ၊ ဘန်ဒေးဗီးစ်၊ အဲရစ်ခ် ဒိုင်ယာ၊ ရော့ဒွန်၊ ဟူဂိုလိုရစ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်မှာတော့ တိုက်စစ်မှာ ဆာဒီယိုမာနေး၊ ရော်ဘတ်တိုဖေမီနို၊ မိုဆာလာ၊ ကွင်းလယ်မှာ ဂျိမ်းစ်မီလ်နာ၊ ဝိုင်ဂျ်နယ်ဒမ်၊ အဲလ်ကန်တာယာ၊ နောက်တန်းမှာတော့ ရော်ဘတ်ဆန်၊ ဟန်ဒါဆင်၊ မက်တစ်ပ်၊ ထရန့်အာနိုးလ်၊ အလီဆွန် ဘေကာတို့ ပါဝင်လာခဲ့ပါတယ်။ ပွဲစပြီး ၃ မိနစ်မှာတင် ဆွန်ဟောင်မင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ စပါးတို့ နစ်နာခဲ့ရပါတယ်။ ပထမပိုင်း ပွဲပြီးလို့ နာကျင်အချိန်ပို ၄ မိနစ်မှာတော့ ဂျာဂျင်ကလော့ပ်ရဲ့ အသင်းဟာ ရော်ဘတ်တိုဖာမီနိုရဲ့ သွင်းဂိုးနဲ့အတူ စပါးဘက်ကို ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၄၈၂ မိနစ်ကြာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အခွင့်အရေးတွေ အများအပြား ဖန်တီး နိုင်ခဲ့တဲ့ လီဗာပူးဟာ ဒုတိယပိုင်း စစခြင်းမှာပဲ အလက်ဇန်းဒါးအာနိုးရဲ့ သွင်းဂိုးနဲ့ နောက်ထပ် ဦးဆောင် နိုင်ခဲ့ပေမယ့်လည်း ၂ မိနစ်အကြာမှာ ဟော့ဂျ်ဘာ့ဂ်ရဲ့ အဝေးကန်ချက်နဲ့ ချေပဂိုးသွင်းခဲ့တာကြောင့် ပွဲဟာ ပိုပြီး ကြည့်ကောင်းလာခဲ့ပါတယ်။ ပွဲချိန် ၅၆ မိနစ်မှာ မိုဆာလာက နောက်ထပ် သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့အခါမှာ ဖေမီနို လက်ထိနေခဲ့လို့ သွင်းဂိုးအဖြစ် သတ်မှတ်ပေးခြင်း မခံခဲ့ရပါဘူး။ ဒါပေမယ့်လည်း ထရန့်အာနိုးလ်ရဲ့ ပေးပို့မှုကနေ မာနေးက လီဗာပူးရဲ့ တတိယမြောက်ဂိုးကို သွင်းယူပြီး အနိုင် ၃ မှတ် အရယူနိုင်ခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ်တို့ အခုပွဲမှာတော့ တစ်သင်းလုံး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီးတော့ အဝေးကွင်းမှာ လာကစားခဲ့ရပေမယ့်လည်း စပါးကို အဘက်ဘက်က အသာစီးရခဲ့တာပါတယ်။ ပွဲပြီး အချက်အလက်တွေကို ကြည့်မယ်ဆိုရင်တော့ စပါးတို့ တစ်ပွဲလုံး ဂိုးပေါက်ကန်ချက် ၃ ကြိမ်သာ ရှိခဲ့ပေမယ့် လစ်ဗာပူးလ်ကတော့ ၁၄ ကြိမ် အထိ ရှိခဲ့ပါတယ်။ စပါးတို့ကတော့ အခုပွဲရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး မော်ရင်ဟို အတွက် ပိုပြီးအထိနာစေခဲ့တာ ကတော့ အားထားရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရရှိ သွားခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ဒီရာသီ ဂိုးသွင်းရှင် ဇယား မှာ သွင်းဂိုး ၁၂ ဂိုးနဲ့ မိုဟာမက် ဆာလာရဲ့ အနောက် ဒုတိယ နေရာမှာ ရှိနေသလို ဂိုးဖန်တီးမှု ဇယားမှာလည်း ၁၁ ကြိမ် နဲ့ ဂိုးအများဆုံး ဖန်တီးသူ အဖြစ် ရပ်တည်နေခဲ့သူလည်း ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာကို ပြန်ရောက်လာခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၄ မှတ် အကွာကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ရှိပြီး လစ်ဗာပူးလ်ကတော့ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်