နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ မှာ အဓိက စောင့်ကြည့်ရမယ့် ကွင်းလယ် ဖန်တီးရှင်များ

အခုတစ်ခါမှာတော့ ဇွန်လ ၁၂ ရက် ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဥရောပ နိုင်ငံ့လက်ရွေးစင် အသင်းပေါင်း ၂၄ သင်း ယှဉ်ပြိုင်ကစားကြမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အဓိကထား စောင့်ကြည့်ရမယ့် ကွင်းလယ်ကစားသမား ၅ ဦး အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ လက်ရှိ ခြေစွမ်းနဲ့ နိုင်ငံတကာ နာမည်ကြီး အားကစားမီဒီယာတွေရဲ့ သုံးသပ်ချက်တွေ ကိုးကားဖော်ပြတာ ဖြစ်လို့  SBOTOP ပရိသတ်အများစုရဲ့ ယူဆချက်နဲ့ တိုက်ဆိုင်မယ်လို့ မျှော်လင့် ရပါတယ်။

ဒါဆို ယူရို ၂၀၂၀ အတွက် မဖြစ်မနေ စောင့်ကြည့်ရမယ့် ကွင်းလယ်လူ ကစားသမားတွေ အဖြစ် အလေးပေး ဖော်ပြခံထားရသူတွေ ထဲမှာ ဘယ်သူတွေ ပါဝင်နေသလဲ ဆိုတာ အောက်မှာ ဆက်ကြည့်ရအောင်…
 

၅။ ဘရူနိုဖာနန်ဒက်စ် (ပေါ်တူဂီ)

နံပါတ် ၅ နေရာမှာ စပြီး ရွေးချယ်ပေးချင်တဲ့ ကစားသမား ကတော့ မန်ချက်စတာယူနိုက်တက် ပရိသတ် အများစုရဲ့ အသဲစွဲ ကစားသမား ဖြစ်လာသူ ဘရူနို ဖာနန်ဒက်စ် ဖြစ်ပါတယ်။ သေချာတာကတော့ ဘရူနို ဖာနန်ဒက်စ် ဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး စပို့တင်းလစ္စဘွန်း ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာချိန်မှာ ပိုပြီး လူသိများ အောင်မြင်လာသူ ဖြစ်ပါတယ်။ အင်္ဂလန်မြေကို စတင်ရောက်ရှိချိန် ကစလို့ လက်ရှိအထိ ယူနိုက်တက် အတွက် ကစားပေးခဲ့တဲ့ ပွဲစဉ်တိုင်းနီးပါးမှာ ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ပုံမှန် ပြသထားနိုင်သူ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၈၀ ကစားပြီး သွင်းဂိုး ၄၀ အထိ ရရှိထားခဲ့သလို ဂိုးဖန်တီးမှု အကြိမ် ၃၀ နီးပါး ပြုလုပ်ထားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဖာနန်ဒက်စ်ဟာ ကွင်းလယ် သာမကပဲ ကွင်းလယ် တိုက်စစ်နေရာ မှာလည်း ပိုင်ပိုင်နိုင်နိုင် ကစားနိုင်သူ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ တိကျတဲ့ ဘောလုံးပေးပို့မှု၊ အကွက်မြင်မှု၊ ဂိုးသွင်းစွမ်းရည် ပြည့်ဝမှုတွေ အပြင် ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား ဖြစ်နေလို့ ဖာနန်ဒို ဆန်းတို့စ်ရဲ့ ပေါ်တူဂီ ကွင်းလယ် အတွက် အဓိက ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ ပေါ်တူဂီနဲ့ အတူ နေရှင်းလိဂ် ဆုဖလား ရရှိထားတဲ့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ အကောင်းဆုံး ဖန်တီးမှုတွေ ပြုလုပ်ပေး ခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် လိုအပ်ချက်တွေကြောင့် ဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာနေသူ ဖြစ်ပါတယ်။ ဒါကြောင့် အခု ယူရို ၂၀၂၀ မှာ ရော်နယ်ဒို၊ ဂျိုတာ၊ အန်ဒရီဆေးလ်ဗား၊ ဂျာအိုဖီးလစ် တို့လို အဆုံးသတ် တိကျ သေချာတဲ့ တိုက်စစ်မှူးတွေနဲ့ ကစားရမှာ ဖြစ်လို့ သူ့ရဲ့ ဖန်တီးမှုတွေက ပေါ်တူဂီတို့ ယူရို ချန်ပီယံဘွဲ့ ကာကွယ်ဖို့ ဘယ်လောက်အထိ အရေးပါလာဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
 

၂။ တိုနီခရူးစ် (ဂျာမနီ)

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရခဲ့တဲ့ မျက်နှာ ဒဏ်ရာကြောင့် ယူရို ၂၀၂၀ အုပ်စု အဖွင့်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာသေးတဲ့ ဒီဘရိုင်းနားကို ဒီစာရင်းမှာ မဖြစ်မနေ ထည့်သွင်း ဖော်ပြရမှာ ဖြစ်ပါတယ်။
PFA ဆု နှစ်နှစ်ဆက်

ဂျိုအာချင်လိုးရဲ့ ဂျာမနီအသင်းက တကယ်တမ်း ကြည့်မယ်ဆိုရင် ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် ၃ နေရာ စလုံးမှာ ကမ္ဘာ့အဆင့် ခြေစွမ်းနဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ တစ်သင်းလုံးမှာ ကွင်းလယ်ပိုင်းက အတောင့်တင်းဆုံး ဖြစ်ပြီး ဘေယန်မြူးနစ်က သောမက်စ်မူလာ၊ လီယွန် ဂိုရက်ဇ်ကာ၊ ဂျော်ရွှာ ကင်မစ်ခ်၊ မူဆီရာလာတို့ အပြင် တိုနီခရူးစ်၊ ဂွမ်ဒိုအန်၊ ဂိုဆန်စ်၊ ကိုင်ဟာဗက်ဇ် တို့လို ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် အားလုံးထဲကမှ တိုနီခရူးစ်ဟာ လက်ရှိ ယူရို ၂၀၂၀ မှာ ဂျာမနီ ကွင်းလယ်အတွက် အသက်သွေးကြောတစ်ခု ဖြစ်လာနိုင်မယ်လို့ ယူဆရပါတယ်။ ဒီရာသီ ရီးရဲယ်မက်ဒရစ် အတွက် ဘန်ဇီမာ ပြီးရင် အကောင်းဆုံး ကစားသမားလို့ သတ်မှတ်နိုင်ပြီး လာလီဂါမှာ ၂၈ ပွဲကစားပြီး သွင်းဂိုး ၃ ဂိုး၊ ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးပေးပို့မှုမှာ ၉၄ ရာခိုင်နှုန်း တိကျခဲ့သလို အခွင့်အရေး ဖန်တီးမှု ၇၇ ကြိမ်အထိ ရှိခဲ့တဲ့ ခရူးစ်ရဲ့ တစ်ရာသီလုံး စွမ်းဆောင်ရည်ဟာ ၈ လောက် အထိ သတ်မှတ်လို့ ရပါတယ်။ အသက် ၃၁ နှစ် ဆိုတာ ကစားသမား တစ်ဦးအတွက် အတည်ငြိမ်ဆုံး၊ အကောင်းဆုံး အချိန်ကာလကို ရောက်ရှိနေတာ ဖြစ်လို့ ၂၀၁၄ ကမ္ဘာ့ဖလား ကိုင်မြှောက်ခဲ့ဖူးတဲ့ တိုနီခရူးစ် အနေနဲ့ ဂျာမနီ လက်ရွေးစင် အသင်း တကျော့ပြန် အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
 

၃။ ကီဗင်ဒီဘရိုင်းနား (ဘယ်ဂျီယံ)

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရခဲ့တဲ့ မျက်နှာ ဒဏ်ရာကြောင့် ယူရို ၂၀၂၀ အုပ်စု အဖွင့်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာသေးတဲ့ ဒီဘရိုင်းနားကို ဒီစာရင်းမှာ မဖြစ်မနေ ထည့်သွင်း ဖော်ပြရမှာ ဖြစ်ပါတယ်။ အစောပိုင်း သုံးသပ်ချက်တွေမှာ ဖော်ပြခဲ့ သလိုပဲ ဒီဘရိုင်းနားဟာ ဂွာဒီယိုလာ အတွက် မရှိမဖြစ် ကစားသမား ဖြစ်သလို ဘယ်ဂျီယံ လက်ရွေးစင် အသင်း အတွက် အဓိက အကျဆုံး ကစားသမား ဖြစ်ပါတယ်။ ဒါ့ကြောင့် ရော်ဘတ်တို မာတီနက်ဇ် ကတော့ ဒီဘရိုင်းနားဟာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပြီလို့ ဆိုထားပေမယ့် ရုရှားနဲ့ ပွဲအတွက် ကစားနိုင်ခြင်း ရှိမရှိကိုတော့ ပြောကြားထားခြင်း မရှိသေးပါဘူး။ မည်သို့ပင်ဆိုပါစေ ဒီဘရိုင်းနားဟာ နောက်ထပ် ကစားရမယ့် ပွဲတွေ အတွက် ဘယ်ဂျီယံ လူစာရင်း မှာတော့ ကျိန်းသေပေါက် ပါဝင်လာဖို့ ရှိနေပြီး မန်ချက်စတာစီးတီးနဲ့ အတူ ပြသခဲ့တဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ရရှိနိုင်ဖို့ မျှော်လင့်ရပါတယ်။ ကီဗင်ဒီဘရိုင်းနားဟာ လက်တလောမှာ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိထားပြီး ပရီးမီးယားလိဂ် သမိုင်းမှာ ခရစ္စတီယာနိုရော်နယ်ဒို၊ သီဟာရီအွန်နရီ တို့ပြီးရင် နှစ်ရာသီဆက် PFA ဆု ရရှိသူ ဖြစ်လာပါတယ်။ ဒီဘရိုင်းနားရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့တော့ တစ်ခုချင်း အသေးစိတ် ပြောပြနေစရာကို မလိုအပ်ဘူး ထင်ပါတယ်။
 

၂။ ဂျက်ဂရီးလစ်ရှ် (အင်္ဂလန်)

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ အသက် ၂၅ နှစ် အရွယ် ဂျက်ဂရီးလစ်ရှ် အနေနဲ့ ယူရို ၂၀၂၀ မှာ သူ့ရဲ့ စွမ်းဆောင်ရည် ကောင်းတွေကို ထပ်မံပြသခွင့် ရှိနေပါတယ်။ ဒဏ်ရာကြောင့် အက်စတွန်ဗီလာ အတွက် ပွဲစဉ် တော်တော်များများ လွဲချော်ခဲ့ရပေမယ့် ပြန်လည် ကစားနိုင်ချိန် မှာတော့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ ယူရို ၂၀၂၀ မစတင်မီ ဩစတြီးယား၊ ရိုမေးနီးယားတို့နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲလုံး အဓိက ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ပြီး နည်းပြ ဆောက်ဂိတ် ကျေနပ်နှစ်သက်လောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ၇ ပွဲသာ ကစားထားရပေမယ့် အခုပြိုင်ပွဲမှာတော့ သူ့ရဲ့ ကြံ့ခိုင်မှု အပေါ် မူတည်ပြီး ဆောက်ဂိတ်ရဲ့ အဓိကပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။ ဥရောပထိပ်သီးကလပ် အများစုရဲ့ မျက်စိကျခြင်း ခံနေရတဲ့ ဂရီးလစ်ရှ် အတွက် သူရဲ့ တန်ကြေး ဘယ်လောက်ရှိတယ် ဆိုတာ ယူရို ၂၀၂၀ ကအဖြေ ထုတ်ပေးပါလိမ့်မယ်။
 

၁။ အန်ဂိုလို ကန်တေ (ပြင်သစ်)

ယူရို ၂၀၂၀ မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်မယ့် ကစားသမားဟာ ဘယ်သူဖြစ်မလဲ ဆိုတာ ကြိုတင် မှန်းဆရ ခက်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီး မှာတော့ အနီးစပ်ဆုံး သေချာတဲ့ အဖြေတစ်ခု ရခဲ့ပါတယ်။ ချဲလ်ဆီး ပရိသတ်တွေ သာမက ဘောလုံးလောက တစ်ခုလုံးက အသိအမှတ်ပြု ချစ်ခင်ကြတဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ကန်တေ ဖြစ်ပါတယ်။ မြက်ခင်းစိမ်းပေါ်မှာ ပြေးလွှားနေရရင်ကို ပျော်ရွှင်နေတတ်တဲ့ ကြွက်ကလေး ကန်တေဟာ သူ့ရဲ့ မွေးရာပါ ဘောလုံးပါရမီအပြင်၊ အချိန်ပြည့် ကြိုးစား အားထုတ်မှုတွေကြောင့် ဘယ်အသင်းကိုရောက်ရောက် အရေးပါတဲ့ ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တူခယ်အတွက် အဓိက မရှိမဖြစ် ကစားသမား ဖြစ်ခဲ့သလို ပြင်သစ် အတွက်လည်း ကန်တေမပါရင် အောင်မြင်မှု ရဖို့ မလွယ်ကူနိုင်ပါဘူး။ လက်ရှိမှာ ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ ကိုင်မြှောက်ထားခဲ့ပြီး ဖြစ်တဲ့ အသက် ၃၀ အရွယ် ပြင်သစ် သား အတွက် ယူရို ၂၀၂၀ ချန်ပီယံဆုဟာ နောက်ထပ် ပစ်မှတ် ဆိုတာ သေချာပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်