နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၉၅၆ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖျက်သိမ်းလိုက်တဲ့ ဘယ်လွန်ဒေါဆုပေးပွဲ

ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆု(ဘယ်လွန်ဒေါ)ဆုပေးပွဲအခမ်းအနားကတော့ ၁၉၅၆ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အခုနှစ်မှာ ဖျက်သိမ်းလိုက်ပါတယ်။ ဘယ်လွန်ဒေါဆုပေးပွဲ ဆိုတာပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကနေ နှစ်စဉ်ကမ္ဘာပေါ်ကအကောင်းဆုံးဘောလုံးသမားတွေကို ရွေးချယ်ပြီးဆုပေးနေတဲ့ အထင်ကရပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ ဒီနှစ်ထဲမှာမထင်မှတ်တဲ့အကြောင်းအရာမျိုးစုံဖြစ်ပျက်ခဲ့ပြီး သမိုင်းတလျှောက် ၁၉၅၆ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ဆုပေးပွဲကိုကျင်းပဖြစ်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။နောက်ပြီးဆုပေးပွဲအတွက်လုံးလောက်မျှတတဲ့အခြေအနေမျိုးမရှိလို့လည်း အခုလိုဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းအားကစားပြိုင်ပွဲတွေရပ်နားထားခဲ့ရပြီး နောက်ဆက်တွဲအနေနဲ့ အခုလိုပဲ ၂၀၂၀ခုနှစ်အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲကြီးကိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ အားကစားပြိုင်ပွဲတွေ တော်တော်များများ ပြန်လည်ကျင်းပနေပြီဖြစ်ပေမယ့် ရပ်နားထားတဲ့အချိန်ဟာ ခန့်မှန်းချေ ၄လ လောက်ကြာမြင့်ခဲ့တာဖြစ်လို့ ကစားသမားတွေကြားမှာ မမျှတတဲ့ ရွေးချယ်မှုဖြစ်လာမှာဆိုးတဲ့ အတွက် အခုလိုပဲ အကောင်းဆုံးအခြေအနေတစ်ခုကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီနှစ် ဘယ်လွန်ဒေါဆုအတွက် ကြိုတင်ပြီး ခန့်မှန်းခံခဲ့ရတဲ့ကစားသမားတွေလည်းရှိနေပါတယ်။အဲ့ထဲကမှ ထိပ်ဆုံးကရေပန်းစားနေခဲ့တဲ့ ၃ဦးကို ဖော်ပြပေးချင်ပါတယ်။

 

၃။ခရစ်စတီယာရော်နယ်ဒို

အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ်စတီယာနိုရော်နယ်ဒိုကတော့ ဒီရာသီမှာ ဘယ်လွန်ဒေါဆုအတွက် အားဘယ်လောက်ခဲထားတယ်ဆိုတာ သူ့ရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီး သိနိုင်ပါတယ်။ရော်နယ်ဒိုဟာ ဒီရာသီစီးရီး‌အေမှာ သွင်းဂိုး ၃၁ဂိုးထိရယူပေးနိုင်ခဲ့ပေမယ့် လာဇီယိုက အင်မိုဘီလီနဲ့ သွင်းဂိုး ကွာဟချက်ရှိခဲ့လို့ စီးရီးအေနဲ့ ဥရောပရွှေဖိနပ်ဆုတွေလွဲချော်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ စီးရီးအေ ချန်ပီယံဆုဖလားနှစ်နှစ်ဆက်ရရှိခဲ့ပြီးတော့ ဒီရာသီမှာလည်း စီးရီးအေသွင်းဂိုး၅၀အမြန်ဆုံးပြည့်တဲ့ ကစားသမားဖြစ်လာပါတယ်။
 

၂။လီယွန်နယ်မက်ဆီ

မက်ဆီကတော့ လက်ရှိလာလီဂါသွင်းဂိုး ၃၃ဂိုးထိရရှိပြီး ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ခံစစ်ကစားပုံဆိုးရွားခဲ့လို့ လာလီဂါချန်ပီယံဆုနဲ့လွဲချော်ခဲ့ရပါတယ်။မက်ဆီကိုယ်တိုင် အသင်းကို စိတ်ပျက်နေပြီး ဝေဖန်မှုတွေတောင်ပြုလုပ်ထားပါတယ်။ပြီးခဲ့တဲ့နှစ်‌ကတော့ ပြိုင်ဘက်ရော်နယ်ဒိုထက် နှာတစ်ဖျား‌သာစေမယ့် ၆ကြိမ်မြောက်ဘယ်လွန်ဒေါဆုကို ရရှိထားပါတယ်။
 

၁။ရောဘတ်လီ၀န်ဒေါစကီး

ဒီနှစ်အတွက် လီ၀န်ဒေါစကီး ဘယ်လွန်ဒေါဆုရဖို့ အတွက်ထိုက်တန်တယ်ပါတယ်။
ပြိုင်ပွဲစုံ ၄၅ဂိုးသွင်းထားတဲ့ အသက် ၃၁နှစ်အရွယ် တိုက်စစ်မှူးလီ၀န်ဒေါစကီး

လီ၀န်ဒေါစကီးအနေနဲ့ ဘွန်ဒက်စ်လီဂါ အကောင်းဆုံးရာသီတစ်ခုကိုဖြတ်သန်းခဲ့ရတယ်လို့ပြောရမှာပါ။၃၁ပွဲကစားပြီး ၃၄ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကတော့ ဒီနှစ်အတွက် လီ၀န်ဒေါစကီး ဘယ်လွန်ဒေါဆုရဖို့ အတွက်ထိုက်တန်တယ်ပါတယ်။ ဘေယန်မြူးနစ်အတွက် ၈ကြိမ်မြောက် ဘွန်ဒက်စ်လီဂါဖလားလည်း ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဆီးမီးဖိုင်နယ်အဆင့်ရောက်ရှိဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်ထားပါတယ်။ချန်ပီယံလိဂ်မှာ ၆ပွဲကစားပြီး ၁၁ဂိုးသွင်းယူပေးထားနိုင်တဲ့ လီ၀န်ဒေါစကီးရဲ့စွမ်းဆောင်ရည်ကတော့ အားလုံးထဲမှာအမြင့်ဆုံးဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။

အထက်ပါကစားသမားတွေကတော့ လက်ရှိမှာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်တဲ့ကစားသမားတွေ ဖြစ်ပေမယ့် အခုလို ဆုပေးပွဲဖျက်သိမ်းလိုက်တာကတော့ သတင်းဆိုးဖြစ်စေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်