နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆွစ်တို့ ခြေတက်နေပေမယ့် ဝေးလ်စ် ကိုလည်း လျှော့မတွက်သင့် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ဝေးလ်စ် – ဆွစ်ဇာလန်

ယူရို ၂၀၂၀ အုပ်စု (A)ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဝေးလ်စ်နဲ့ ဆွစ်ဇာလန်တို့ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဆွစ်ဇာလန်တို့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရထားပြီး ပုံစံကောင်းတစ်ခုနဲ့ ရှေ့ဆက်နေပေမယ့် ဝေးလ်စ် ကလည်း နောက်ပိုင်း နှစ်တွေမှာ ခြေစွမ်းပိုင်းအရ လုံးဝအထင်သေးလို့ မရတဲ့ အသင်း ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ် ဖြစ်တာနဲ့ အညီ ရှုံးပွဲတွေ့ချင်ကြမှာ မဟုတ်လို့ နှစ်သင်းစလုံး ကျိန်းသေပေါက် အားစိုက် ကစားလာဖို့ ရှိနေပါတယ်။

ဝေးလ်စ်ဟာ ကမ္ဘာပေါ်က တတိယမြောက် သက်တမ်းအရင့်ဆုံး နိုင်ငံ့လက်ရွေးစင် အသင်းဖြစ်ပေမယ့် ၁၉၅၈ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်၊ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ဆီမီးဖိုင်နယ် ရောက်ရှိခဲ့တာတွေက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ကမှ သမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲမှာ ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ဝေးလ်စ်ဟာ မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက တောက်ပခဲ့တဲ့ ဘေးလ်နဲ့ ရမ်ဆေးတို့ပဲ ဦးဆောင်လာမှာ ဖြစ်ပြီး လက်ရှိ ယူရို ၂၀၂၀ မတိုင်ခင် ခြေစွမ်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ က ခြေစွမ်းနဲ့ စုဖွဲ့မှုလောက် အားရစရာ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် လူမှုရေး အရှုပ်အရှင်း ပြသနာကြောင့် တရားရင်ဆိုင်နေရတဲ့ နည်းပြ ရွိုင်ယန်ဂစ် နေရာမှာ အစားထိုး တာဝန်ယူလိုက်ရတဲ့ လက်ထောက် ရောဘတ်ပေ့ဂျ် လက်အောက်မှာ ဝေးလ်စ်တို့ အင်္ဂလန်၊ ဘယ်ဂျီယံ၊ ပြင်သစ်တို့ကို ဂိုးပြတ် ရှုံးပြီး အဲလ်ဘေးနီးယားကို သရေကျခဲ့တာ ကလွဲရင် မက်ဆီကို၊ ချက်၊ အိုင်ယာလန် တို့လို အသင်းတွေကို အနိုင်ကစားထားနိုင်ပါတယ်။ ၄-၂-၃-၁ ကစားကွက်ကို အဓိက အသုံးပြုခဲ့ပေမယ့် နောက်ပိုင်း ပွဲတချို့မှာ ၃-၄-၃ ကစားကွက် ကိုလည်း အသုံးပြုနေတာ တွေ့ရပါတယ်။ ရောဘတ်ပေ့ဂျ်ရဲ့ ဗျူဟာက ရိုးရှင်းပါတယ်။ ဒန်ဂျိမ်းစ်၊ ဟယ်ရီဝီလ်ဆင်၊ ဂါရက်ဘေးလ်တို့ရဲ့ အမြန်နှုန်းနဲ့ ပြိုင်ဘက် နောက်တန်းကို ပွဲချိန်ပြည့် တိုက်စစ်ဆင်နိုင်ဖို့ ကြိုးစားခြင်း ဖြစ်ပြီး ခံစစ်ရော တိုက်စစ်ပါ ကောင်းတဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်မှာတော့ သူ့ရဲ့ ဗျူဟာက အလုပ်သိပ်မဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲပြောပြော ဘန်ဒေးဗီးစ်၊ ဂန်တာ၊ နီကိုဝီလီယမ်စ်၊ ရွန်ဒွန်၊ အမ်ပါဒူတို့ ရှိနေတဲ့ ခံစစ်က ဘယ်ဂျီယံ၊ အင်္ဂလန်၊ ပြင်သစ်တို့နဲ့ ပွဲမှာ ၃ ဂိုးပြတ် တွေနဲ့ ရှုံးနိမ့်ခဲ့တာက လွဲရင် နောက်ဆုံး ၁၃ ပွဲမှာ ပေးဂိုးမရှိတဲ့ ပွဲဟာ ၉ ပွဲအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ် အတွက် ဒန်နီရယ်ဂျိမ်းစ်၊ ကီယက်ဖာမော၊ ဒေးဗစ် ဘရွတ်ခ်တို့ စိတ်မချရဘူး ဆိုရင်တောင် ကွင်းလယ်က ရမ်ဆေး၊ တိုင်လာ ရောဘတ်စ် တို့ဟာ ဂိုးသွင်းနိုင်သူတွေ ဖြစ်ပါတယ်။ ဝေးလ်စ်ရဲ့ အဓိက ပင်မအသက်သွေးကြောဟာ ဂါရက်ဘေးလ် ဖြစ်ပြီး ဝေးလ်စ်ကို ၂၀၁၆ ယူရို ဆီမီးဖိုင်နယ် အသင်းအတွက် အရေးကြီးနေချိန်တိုင်း အမြဲတမ်း ကယ်တင်ခဲ့သူ ဖြစ်ပါတယ်။ ဘေးလ် အနေနဲ့ လာမယ့်ရာသီ ရီးရဲယ်မက်ဒရစ်ရဲ့ အဓိက ပွဲထွက်ကစားသမား နေရာ ပြန်ရရေး ယူရို ၂၀၂၀ မှာ ဝေးလ်စ်နဲ့ အတူ အောင်မြင်မှုရဖို့ မျှော်လင့်နေပြီး အဓိက စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲ သမိုင်းမှာတော့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ ကြိမ် မှာ လက်ရှိ ယူရို ၂၀၂၀ နဲ့မှ ၅ ကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်လို့ အားရစရာ မရှိပါဘူး။
ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ၁၆ သင်းရှုံးထွက် အဆင့် တက်ခဲ့တဲ့ ဆွစ်ဇာလန်

ဆွစ်ဇာလန်ဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ၃ ကြိမ် ကစားခဲ့ဘူး သလို ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ၁၁ ကြိမ် မှာ ၄ ကြိမ်သာ အုပ်စုကနေ လှည့်ပြန်ခဲ့ရတဲ့ မှတ်တမ်းကောင်း ရှိထားပါတယ်။ ယူရိုပြိုင်ပွဲ သမိုင်းမှာတော့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ ကြိမ် မှာ လက်ရှိ ယူရို ၂၀၂၀ နဲ့မှ ၅ ကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်လို့ အားရစရာ မရှိပါဘူး။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ၁၆ သင်း ရှုံးထွက်အဆင့် တက်ခဲ့ပေမယ့် ယူရို ၁၉၉၆၊ ၂၀၀၄၊ ၂၀၀၈ ပြိုင်ပွဲတွေမှာ အုပ်စု ကနေပဲ လှည့်ပြန်ထားရပါတယ်။  လက်ရှိ ခြေစွမ်းအရ ကြည့်မယ် ဆိုရင်တော့ ဆွစ်ဇာလန်တို့ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရထားလို့ တော်တော်များများက မျှော်လင့်နေပေမယ့် တစ်ဦးတစ်ယောက် ထင်မြင်ချက်အရ အခုပွဲမှာ ဝေးလ်စ်ကို ခက်ခက်ခဲခဲ ကစားရမယ့် သဘောရှိပြီး မထင်မှတ်ထားတာတွေလည်း ဖြစ်သွားနိုင်ပါတယ်။ ဗလာဒီမာ မတ်ကိုဗစ် ဟာ ဆွစ်ဇာလန်ကို တိုက်စစ် အသားပေးအသင်း အဖြစ် တည်ဆောက်ထားပေမယ့် ၃-၄-၁-၂ ကစားကွက်မှာ အလယ်တန်းက ပိုပြီး အဓိက ကျနေပါတယ်။ ဂရန်းနစ် ရှာကာနဲ့ ဖရီအူလာ တို့ဟာ ပတ်ကိုဗစ် စိတ်ကြိုက် ကစားသမားတွေ ဖြစ်ပြီး ရှာကာ ဟာ ဆွစ်ဇာလန် အတွက် ကွင်းလယ် ဗိုလ်ချုပ် ဖြစ်ပါတယ်။ အဲလ်ဗက်ဒီ၊ ရှား၊ အာကန်ဂျီ၊ အန်ဘာဘူ၊ ဇာကာရီးယား၊ ရှာကာ၊ ရီကာဒို ရိုဒရီဂတ်စ်၊ ရှကီရီ၊ အန်ဘိုလို၊ ဆက်ဖရိုဗစ် တို့ကတော့ ယူရို ၂၀၂၀ မှာ ဆွစ်ဇာလန်ရဲ့ အဓိက ပွဲထွက် ကစားသမားတွေ ဖြစ်လာဖို့ ရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ ဆွစ်ဇာလန်တို့ ဝေးလ်စ်ကို ၅ ကြိမ် အထိ အနိုင်ရထားခဲ့ပြီး အပြတ်အသတ် အသာရခဲ့ပါတယ်။ ယူရို ၂၀၁၂ ခြေစစ်ပွဲ အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားပြီး ဆွစ်ဇာလန်တို့ အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရခဲ့သလို ဝေးလ်စ် ကလည်း ကာဒစ်ဖ်မှာ ၂-၀ နဲ့ ပြန်နိုင်ထားပါတယ်။ အခုကစားရမှာက ကြားကွင်း ဖြစ်နေလို့ နှစ်သင်းစလုံး အတွက် အိမ်ကွင်း အားသာချက်/အားနည်းချက် ဆိုတာ မရှိပါဘူး။
 

ဝေးလ်စ် – ဆွစ်ဇာလန်

??
ဝေးလ်စ် – ဆွစ်ဇာလန် 1X2 သရေ @ ၃.၀၀ ဆ
ဇွန်လ ၁၂ ရက်, ညနေ ၇:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ ဝေးလ်စ် အတွက် ၃.၉၀ ဆ နဲ့ ဆွစ်ဇာလန် အတွက် ၂.၁၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု တော်တော်များများမှာ ဆွစ်ဇာလန် အသာရခဲ့သလို လက်ရှိ ခြေစွမ်းပိုင်းနဲ့ ရလဒ်တွေအရ ဆွစ်ဇာလန်ကိုပဲ အများစုက ထင်ကြေးပေးနေတာ တွေ့ရပါတယ်။ တစ်ချက်ရှိတာက ကြားကွင်းမှာ ကစားရမယ့် အပြင် ဂါရက်ဘေးလ် ဦးဆောင်လာမယ့် ဝေးလ်စ်ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ စုဖွဲ့မှုက ပြိုင်ဘက်တိုင်းကို ဒုက္ခပေးနိုင်စွမ်း ရှိနေတာပါ။ ဒါ့ကြောင့် အဖွင့်ပွဲကနေ သရေ တစ်မှတ်စီ ခွဲယူကြမယ်လို့ ထင်ပါတယ်။ ခန့်မှန်းရလဒ် ၁-၁ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်