နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အစဉ်အလာအရ ပိုသာတဲ့ တော့တင်ဟမ်ဟော့စပါး ဘက်မှာ ရပ်တည်ကြမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး vs လက်စတာစီးတီး

အခုတစ်ပတ် တနဂ်နွေနေ့မှာကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက တော့တင်ဟမ်ဟော့စပါးနဲ့ လက်စတာစီးတီးတို့ရဲ့ ပွဲကလည်း ပရိသတ်အကြိုက်တွေ့မယ့် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းစာရင်းဝင် အသင်း ၂ သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး ဒီနှစ်သင်းကြားမှာ ရမှတ် ကွာဟချက်ကလည်း တော်တော်လေး ကျဉ်းမြောင်းနေလို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာပါ။

တော့တင်ဟမ်ဟော့စပါးတို့ ပြီးခဲ့တဲ့ ပွဲမှာတုန်းက ပရီးမီယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို ခြေစွမ်းပိုင်း အပြတ်အသတ် ရှုံးနိမ့်ပြီး ပွဲအပြီးမှာ ရလဒ်ပိုင်းလည်း အရေးနိမ့်ခဲ့လို့ ရမှတ် ၃ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ၁၃ ပွဲကစား၊ ၇ ပွဲနိုင်၊ ‌၄ပွဲသရေ၊ ၂ ပွဲရှုံးပြီး ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၃ မှတ်ကွာဟ ပြီး ဒုတိယနေရာကို ဆင်းပေးထားရပါတယ်။ အခုပွဲမှာလည်း လက်စတာစီးတီးလို ခြေစွမ်းကောင်းတဲ့ အသင်းနဲ့ တွေ့ဆုံ နေရတာဟာ စပါးတို့အတွက် နှစ်ပေါင်း ၆၀‌ ကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား မျှော်လင့်ချက် အိမ်မက် ဝေဝါးစေပါတယ်။ လက်ရှိ ဂျိုဆေး မော်ရင်ဟိုရဲ့ အသင်းက အသင်းလိုက်ကစားပုံကောင်းပြီး တိုက်စစ်လည်း ထက်မြတ်နေတယ်ဆိုပေမယ့် ပွဲကြိုချဉ်းကပ်ပုံ ကောင်းတဲ့ ဘရန်ဒန် ရော်ဂျာလို နည်းပြကိုင်တွယ်နေတဲ့ လက်စတာစီးတီး ကို ရင်ဆိုင်ဖို့တော့ ရုန်းကန်ရဦးမှာပါ။ စပါးတို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၁ ပွဲပဲရှုံးနိမ့်ထားပါတယ်။ တိုက်စစ်ကတော့ တစ်ပွဲပျမ်းမျှ ၁.၅ ဂိုးနှုန်းရရှိထားပြီး ပေးဂိုးကတော့ တစ်ပွဲကို ၁ ဂိုးနှုန်းလောက် ရှိထားပါတယ်။ ဒီပွဲမှာတော့ ကိုရီးယား အကောင်းဆုံးကစားသမား ဆုနဲ့ ဖီဖာအကောင်းဆုံး သွင်းဂိုး ဆုရရှိထားတဲ့ ဆွန်ဟောင်မင်ကို စောင့်ကြည့်သွားရမှာ ဖြစ်ပြီး ဆွန် အနေနဲ့ ၁၃ ပွဲကစား၊ ၁၁ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီး ပေးထားခဲ့ပါတယ်။

လက်စတာစီးတီးတို့ နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အိမ်ကွင်း ဂိုးပြတ်ရှုံးပွဲ ကြုံခဲ့ရလို့ ရမှတ်ဆုံးရှုံးထား ရပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားခဲ့တဲ့ လက်စတာစီးတီး

လက်စတာစီးတီးတို့ နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အိမ်ကွင်း ဂိုးပြတ်ရှုံးပွဲ ကြုံခဲ့ရလို့ ရမှတ်ဆုံးရှုံးထား ရပါတယ်။ စပါး ဘက်က ကြည့်မယ်ဆိုရင် လက်စတာလို အသင်းကို ခက်ခက်ခဲခဲ ကစားရမယ်ဆိုပေမယ့် လက်စတာ ဘက်ကနေဆိုရင်လည်း တော့တင်ဟမ်ဟော့စပါးကွင်းကြီးမှာ ရမှတ် ၁ မှတ် ရဖို့တောင် ရုန်းကန်ရပါလိမ့်မယ်။ လက်စတာ တို့ လက်ရှိမှာ ၁၃ ပွဲကစား ၈ ပွဲနိုင်၊ ၅ ပွဲရှုံးပြီး ရမှတ် ၂၄ မှတ်နဲ့ တော့တင်ဟမ်ဟော့စပါးရဲ့ နောက်မှာ တစ်မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။ ထူးခြားချက်က လက်စတာစီးတီးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ပါ။ လက်စတာတို့ အိမ်ကွင်းမှာ ၆ ပွဲအထိ ကစားထားရာမှာ ၅ ပွဲနိုင် ၁ ပွဲရှုံးထားပြီး ရမှတ် ၁၅ မှတ်အထိ ရှာဖွေထားနိုင်ပါတယ်။ လက်စတာစီးတီးတို့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်ပြီး ၂ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ အခုပွဲမှာ လက်စတာစီးတီး အသင်းရဲ့ တိုက်စစ်မှူး ဂျင်မီဗာဒီကို စောင့်ကြည့်သွားရပါမယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

တော့တင်ဟမ်ဟော့စပါးနဲ့ လက်စတာစီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ၁၁၄ ကြိမ်အထိ ရှိထားခဲ့ပြီး တော့တင်ဟမ် ဟော့စပါးက ၅၇ ကြိမ်အနိုင်ရကာ လက်စတာစီးတီး က ၃၆ ကြိမ် အနိုင်ရထားပါတယ်။ ၂၁ ကြိမ်ကတော့ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ တစ်ကြိမ်စီ အနိုင်ရထားခဲ့ ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
တော့တင်ဟမ် ဟော့စပါး vs လက်စတာ စီးတီး 1X2 တော့တင်ဟမ် ဟော့စပါး @ 2.03
ဒီဇင်ဘာလ ၂၀ ရက်, ည ၈:၄၅နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၁၁ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၃၅ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၃၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီတွေ့ထားတဲ့ အသင်းနှစ်သင်း ရဲ့ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ အခုပွဲမှာ ကျိန်းသေပေါက် နိုင်ပွဲရဖို့ ပြင်ဆင်လာကြမှာပါ။ ဂျိုဆေးမော်ရင်ဟို ရဲ့ အသင်းက လက်ရှိမှာ စုဖွဲ့မှုအားကောင်းကောင်းနဲ့ နိုင်ပွဲ‌တွေရနေပြီး တိုက်စစ်က ဆွန်ဟောင်မင်နဲ့ ကိန်းတို့ ခြေစွမ်းပြနိုင်ရင် ဧည့်သည် လက်စတာတို့ မလွယ်ပါဘူး။ လက်စတာခံစစ်က ဘယ်လောက်အထိ တောင့်ခံနိုင်ပြီး တောင်ပံက ကတ်စတန်နီနဲ့ ဂျက်စတင်တို့ ရဲ့ ပေးပို့မှုတွေက ဘယ်လောက်အထိ ထိရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တော့တင်ဟမ် ဟော့စပါးကွင်းကြီးမှာတော့ စပါးဘက်မှာ ရပ်တည်တာ အမှန်ကန်ဆုံးပါပဲ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်