နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တစ်ဆင့်တက်ဖို့ အစွမ်းကုန် ရုန်းမယ့် ပီအက်စ်ဂျီ ဘက်မှာ ရပ်တည်ပါ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက် vs  ပီအက်စ်ဂျီ

ဒီတစ်ပတ်မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲက မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်ကလည်း SBOTOP ချန်ပီယံလိဂ် ပရိသတ်တွေ စိတ်ကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ အနေနဲ့ လက်ကျန် နှစ်ပွဲကနေ ၁ မှတ် ရရုံနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းမှာ မို့လို့ အားစိုက်လာနိုင်သလို ပီအက်ဂျီကလည်း ပထမအကျော့ တုန်းကလို အမှားမျိုး နောက်ထပ် မကျူးလွန်မိဖို့ နဲ့ ရမှတ် လိုအပ်ချက် အတွက် အမှားခံမှာ မဟုတ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြဦးမှာပါ။

မန်ချက်စတာယူနိုက်တက်တို့ လက်ရှိ ခြေစွမ်းတော်တော်လေး ကောင်းမွန်နေပြီး နိုင်ပွဲဆက်နေလို့ စိတ်ဓာတ်လည်း အမြင့်ဆုံးမှာ ရှိနေပါတယ်။ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ မှန်ကန်တဲ့ လူထုတ်ပုံ မှန်ကန်နေပြီး အသင်းမှာရှိတဲ့ ကစားသမားတွေလည်း ခြေစွမ်းပြနေလို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် အနိုင်ရထားတာ တွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ ချန်ပီယံလိဂ် ပထမအကျော့ ပီအက်စ်ဂျီ အိမ်ကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အခု အိမ်ကွင်း အိုးထရက်ဖို့ဒ် မှာ ကစားရမှာ ဖြစ်လို့ အားသာချက် အပြည့် ရှိနေပါတယ်။ နောက်တစ်ချက်က ပီအက်စ်ဂျီရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အက်ဒီဆင် ကာဗာနီ တစ်ယောက် အခုအချိန်မှာ  ယူနိုက်တက် ဘက်တော်သား ဖြစ်နေပြီး အသင်းဟောင်း ဘက်ကို ဂိုးပြန်သွင်းနိုင်မလားဆိုတာ စောင့်ကြည့်ချင်ပါတယ်။ ကာဗာနီကတော့ မန်ချက်စတာ ယူနိုက်တက် မှာ ထုံးစံအတိုင်း သူ့ရဲ့ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပါပြီ။ ဒီအချိန်မှာ အသင်းဟောင်းနဲ့ ပြန်လည် တွေ့ဆုံနေခဲ့လို့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး ရယူပေးခဲ့တဲ့ ကာဗာနီက စွမ်းဆောင်ရည် ကတော့ အရွယ်နဲ့ မလိုက်ဖက်အောင်ကို ကောင်းမွန်လွန်းနေတာ တွေ့ရပါတယ်။

 
ပီအက်စ်ဂျီ တို့ လက်တလော အုပ်စု H မှာ မန်ချက်စတာယူနိုက်တက်၊ အာဘီလိုက်ပ်ဇ်၊ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပြီး မနှစ်ကလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အကောင်းဆုံး ပုံစံ ကို အခုချိန် အထိ မရသေးဘူး ဖြစ်နေပါတယ်။ လက်ရှိမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄ ပွဲ ကစားအပြီး ၂ ပွဲနိုင်၊ ၂ ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ရမှတ် ၆ မှတ်ချင်းတူညီနေတဲ့ အာဘီလိုက်ပ်ဇစ်အနေနဲ့ တစ်ဖက်မှာ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားနဲ့ ကစားရမှာ ဖြစ်လို့ ပီအက်စ်ဂျီတို့ အနိုင် ၃ မှတ် မဖြစ်မနေရရှိဖို့ လိုအပ်နေပါတယ်။ လက်ရှိ နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီ အနေနဲ့ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်မှာ အာဘီလိုက်ပ်ဇစ်ကို အနိုင်ရထားခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ တိုက်စစ်က အီကာဒီ၊ ကွင်းလယ်က ဒရက်စလာ၊ နောက်တန်းက ဘားနတ်တို့ ဒဏ်ရာ ရရှိနေတာ ကလွဲရင် နေမာ၊ အန်ဘာပေးတို့လို ကျန်ကစားသမားကောင်းတွေ တော်တော်များများ ပါဝင်လာနိုင်မှာ ဖြစ်လို့ ယူနိုက်တက်နဲ့ တိုက်စစ်ချင်း အားပြိုင်ကြမယ့် ပွဲဆိုရင်လည်း မမှားပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မနှစ်ကလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အကောင်းဆုံး ပုံစံ ကို အခုချိန်အထိ မရသေးဘူး ဖြစ်နေပါတယ်။
ချန်ပီယံလိဂ် အုပ်စု H ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ပီအက်စ်ဂျီ

မန်ချက်စတာယူနိုက်တက် နဲ့ ပီအက်စ်ဂျီ တို့ ၃ ကြိမ်တွေ့ဆုံထားပြီး ယူနိုက်တက်က ၂ ကြိမ်အနိုင်ရပြီး ပီအက်စ်ဂျီက တစ်ကြိမ် အနိုင်ရထားပါတယ်။ နောက်ဆုံးတွေ့ဆုံမှု အဖြစ် ပြီးခဲ့တဲ့ အကျော့က ရလဒ်မှာတော့ မန်ချက်စတာယူနိုက်တက်က အဝေးကွင်းမှာ ၁-၂ နဲ့အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာယူနိုက်တက် vs ပီအက်စ်ဂျီ အချိန်ပြည့် 1X2 ဧည့်သည် @ 2.44
ဒီဇင်ဘာလ ၃ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၈၀ဆ ကြေးဖွင့်ထားပြီး ဧည့်သည် အသင်းအတွက် ၂.၃၇ဆ ကြေးဖွင့် ပေးထားပါတယ်။ သရေအတွက်ကိုတော့ ၃.၆၀ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ မန်ချက်စတာယူနိုက်တက် တို့ စုဖွဲ့မှုကောင်းနေတယ်ဆိုပေမယ့် နောက်တစ်ဆင့်တက်ဖို့ အစွမ်းကုန်ရုန်းလာမယ့် ပီအက်စ်ဂျီရဲ့စွမ်းဆောင်ရည်ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီနှစ်သင်းမှာ ရှိတဲ့ ကစားသမားတွေဟာ ဘယ်တော့မဆို ကွင်းမရွေးပဲ ခြေစွမ်းပြလေ့ရှိလို့ ပီအက်စ်ဂျီဘက်မှာ ရပ်တည်သင့်တယ်လို့ ထင်ပါတယ်။ ပထမအကျော့က အမှားမျိုး နောက်တစ်ကြိမ် ထပ်မလုပ်မယ့် ပီအက်စ်ဂျီကို ယုံကြည်ရင်း ချန်ပီယံလိဂ် ညတွေကို ရင်ခုန်ကြပါစို့။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်