နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မဖြစ်မနေ နိုင်ပွဲရှာရမယ့် နယ်သာလန် ဘက်မှာ ရပ်တည်ကြမယ် – ကမ္ဘာ့ဖလား ပွဲကြိုသုံးသပ်ချက်

နယ်သာလန် – လက်ဗီးယား

၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် အုပ်စု ဂျီ အဖွင့်ပွဲစဉ်မှာ တူရကီကို ဂိုးပြတ် အရေးနိမ့်ထားတဲ့ နယ်သာလန်တို့ လက်ဗီးယားနဲ့ တွေ့ဆုံနေလို့ နိုင်ပွဲ ပြန်ရှာဖို့ အတွက် အကောင်းဆုံး အခွင့်အရေး တစ်ခုပိုင်ဆိုင်ထားပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ မွန်တီနီဂရိုးလို အသင်းကိုတောင် အိမ်ကွင်းမှာ ရှုံးနိမ့်ထားတဲ့ လက်ဗီးယားတို့ နယ်သာလန်လို အသင်းနဲ့ တွေ့ဆုံနေလို့ ရှုံးပွဲဆက်ဖို့ သေချာသလောက် ရှိနေပါတယ်။

နာမည်ကျော် ကစားသမားဟောင်းကြီး ဖရန့်ခ်ဒီဘိုးဝါး ကိုင်တွယ်နေတဲ့ နယ်သာလန်တို့ လက်ရှိအချိန်အထိ ခြေစွမ်း မတည်ငြိမ်သေးဘူးဆိုတာ ပြီးခဲ့တဲ့ တူရကီနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ်က သက်သေပါပဲ။ နယ်သာလန်တို့ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက် ပြန်ထောင်လာခဲ့ပေမယ့် လက်ရှိမှာတော့ သိသိသာသာ ခြေပြန်ကျသွားပြီး သရေပွဲ ရှုံးပွဲတွေ ကြားမှာ နစ်မွန်းနေဆဲပါပဲ။ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာဆိုရင် အီတလီတစ်သင်းတည်းကို ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် တချို့ပွဲတွေမှာဆိုရင် ကစားပုံ တော်တော်လေးကို ဆိုးရွားခဲ့တာပါ။ အသင်းရဲ့ လူစာရင်းကို တစ်ချက် ပြန်ကြည့်တဲ့ အခါမှာလည်း ဘာ့ဂျ်ဝင်း၊ ဒီရွန်၊ ဖရန်ကီဒီယောင်၊ ဝစ်ဒဲလ်၊ တီတီ၊ အန်းဟော့တ် တို့လို လူငယ်ကြယ်ပွင့် ကစားသမားတွေ အများကြီး ရှိနေခဲ့ပေမယ့် တည်ငြိမ် ရင့်ကျက်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒါ့ကြောင့် ဖရန့်ခ်ဒီဘိုးဝါးအနေနဲ့ လိုအပ်ချက်တွေကို ပြန်လည် ပြင်ဆင်ပြီး အခု လာမယ့် လက်ဗီးယားနဲ့ ပွဲမှာ သေချာတဲ့ အနိုင် ရလဒ် တစ်ခုအတွက် ပြင်ဆင်လာမယ် ထင်ပါတယ်။ နောက်တစ်ချက်က အုပ်စု ဂျီမှာ နော်ဝေ၊ တူရကီ၊ မွန်တီနီဂရိုး၊ လက်ဗီးယား၊ ဂျီဘရော့တ်တာ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ နယ်သာလန်တို့ အနည်းငယ်ပွဲကြပ်နေပြီး တိုက်ရိုက်ဝင်ခွင့်ရဖို့ အတွက်ဆိုရင် မဖြစ်မနေ အားထည့် ကစားဖို့ လိုအပ်နေခဲ့ပါပြီ။

ကမ္ဘာ့ဖလားကို တစ်ကြိမ် တစ်ခါမှ ခြေစစ်ပွဲ မအောင်ဖူးသေးတဲ့ လက်ဗီးယားတို့ရဲ့ လက်ရှိအခြေအနေကလည်း ဒီအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ရဖို့ သေချာသလောက်ရှိနေပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွေ့အကြုံ နုနယ်သေးတဲ့ လက်ဗီးယား

ကမ္ဘာ့ဖလားကို တစ်ကြိမ် တစ်ခါမှ ခြေစစ်ပွဲ မအောင်ဖူးသေးတဲ့ လက်ဗီးယားတို့ရဲ့ လက်ရှိအခြေအနေကလည်း ဒီအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ရဖို့ သေချာသလောက်ရှိနေပါတယ်။ ဥရောပနိုင်ငံ တစ်နိုင်ငံ ဖြစ်ပေမယ့် ဘောလုံး အဆင့်အတန်း နိမ့်တဲ့ လက်ဗီးယားတို့ ကစားသမား စုဖွဲ့မှုကို ကြည့်မယ်ဆိုရင်လည်း အင်အား အရမ်းနည်းနေပါတယ်။ လက်ဗီးယားတို့ ပြီးခဲ့တဲ့ မွန်တီနီဂရိုးနဲ့ ပွဲမှာ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရခဲ့ပေမယ့် နောက်ပိုင်းမှာ တောက်လျောက် ခြေကျသွားလို့ ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ လာမယ့် ပွဲမှာတော့ လက်ဗီးယားတို့ သရေရလဒ် အတွက် မျှော်လင့်ချက်ထား ကစားလာနိုင်ပြီး နယ်သာလန်ကို ခံစစ်မှာ ပိတ်ဆို့ကစားခဲ့ရင်တော့ ဒက်ချ်တို့ ဂိုးရဖို့ ရုန်းကန်ရဖွယ် ရှိပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နယ်သာလန်နဲ့ လက်ဗီးယားတို့ရဲ့ နောက်ဆုံး ၂ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ နယ်သာလန်က ၆ ဂိုးပြတ်၊ ၂ ဂိုးပြတ် ရလဒ်တွေနဲ့ အနိုင်ရထားတာ တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၀၂ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂၉.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၁၇.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နယ်သာလန်မှာ ဒီဗရစ်ဂျ် တစ်ဦးတည်း ဒဏ်ရာရနေပြီးတော့ ကျန်အဓိက ကစားသမားတွေ အားလုံး ပါဝင်လာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ တူရကီကို မထင်မှတ်ပဲ ဂိုးပြတ်ရှုံးနိမ့်ထားလို့ အခုပွဲမှာ ပေါက်ကွဲပြပါလိမ့်မယ်။ နယ်သာလန်တို့ ဂိုးပြတ် အနိုင်ရဖို့သေချာနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်