နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရိုက်တန်ကို အနိုင်ယူပြီးနောက် လစ်ဗာပူးလ်က တည်ငြိမ်မှု ရှိလာပြီ ဆိုတဲ့ ဆလော့တ် | အက်ဖ်အေဖလား

စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ လစ်ဗာပူးလ်က ဘရိုက်တန်ကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဒီနိုင်ပွဲ အပြီးမှာ အသင်းဟာ အခြေအနေကောင်း တစ်ခုမှာ ရှိနေပြီ ဖြစ်ကြောင်း ဆလော့တ်က ယုံကြည်လျက် ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆလော့တ်က အသင်းမှာ ရှိတဲ့ လူငယ်ကစားသမားသစ်တွေဟာ အသင်းနဲ့ အသားကျလာပြီ ဖြစ်လို့ ဒီထက်မက ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ထွက်ပေါ်လာဦးမယ်လို့ ယူဆထားပြီး ဘရိုက်တန်နဲ့ ပွဲက ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲတစ်ပွဲ လို့လည်း ဆိုပါတယ်။

အဲဒီပွဲမှာ လစ်ဗာပူးလ် အတွက် ဂိုးတွေ ကိုတော့ ကာတစ် ဂျုံးစ်၊ ဒေါမနစ် ဆိုဘို့ဇ်ဆလိုင်းနဲ့ မိုဟာမက် ဆာလာ တို့က သွင်းယူပေးခဲ့ပြီး နည်းပြ ဖေဘီယန် ဟက်ဇီလာရဲ့ ခြေစွမ်းကျဆင်းနေတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ အလွယ်တကူ အနိုင်ရရှိခဲ့တာပါ။ လစ်ဗာပူးလ်ရဲ့ အက်ဖ်အေဖလား မှတ်တမ်းကို ပြန်ကြည့်မယ် ဆိုရင်တော့ လွန်ခဲ့တဲ့ ၁၁ ရာသီ အတွင်း ကြိုးကြာနီတွေက ပြိုင်ပွဲရဲ့ ပဉ္စမအဆင့်ကို ၄ ကြိမ်မြောက် အဖြစ် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ (အရင်က တက်လှမ်းနိုင်ခဲ့တဲ့ နှစ်တွေ ကတော့ ၂၀၁၉-၂၀၊ ၂၀၂၁-၂၂ နှင့် ၂၀၂၃-၂၄ တို့ ဖြစ်ကြပါတယ်။) အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး အက်ဖ်အေဖလား ၁၁ ပွဲမှာ လစ်ဗာပူးလ်က ၁၀ ပွဲ အထိ အနိုင်ရထားပါတယ်။ 

အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး အက်ဖ်အေဖလား ၁၁ ပွဲမှာ လစ်ဗာပူးလ်က ၁၀ ပွဲ အထိ အနိုင်ရထားပါတယ်။
လစ်ဗာပူးလ်က ခြေစွမ်းပိုင်း တည်ငြိမ်လာပြီလို့ ယုံကြည်နေတဲ့ ဆလော့တ်

မာဆေးလ်ဆိုဒ်မှာ ဖြတ်သန်းနေတဲ့ ဆလော့တ်ရဲ့ ဒုတိယမြောက် ရာသီဟာ ပြီးခဲ့တဲ့ နွေရာသီက ပေါင် သန်း ၄၅၀ နီးပါး အသုံးပြုခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ရုန်းကန်နေရတာကြောင့် အားရစရာတော့ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲကလွဲရင် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားလို့ အသင်းဟာ အရှိန်အဟုန်ကောင်းတစ်ခုကို ရရှိနေပြီလို့ သူက ခံစားနေရပါတယ်။

ဆလော့တ်က “၃ ဂိုး သွင်းနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ ဒီရာသီမှာ ရခဲ့တဲ့ အခွင့်အရေးတွေ ကနေ ဂိုးတွေ အများကြီး ပြောင်းလဲနိုင်ခဲ့တာမျိုး သိပ်မရှိခဲ့ပါဘူး။ ကျွန်တော် တို့ရဲ့ ဒုတိယဂိုးက အသင်းလိုက် အချိတ်အဆက် ကောင်းကောင်းနဲ့ သွင်းခဲ့တာ ဖြစ်ပြီး ဆာလာရဲ့ ဖန်တီးပေးမှုနဲ့ အဆုံးသတ်ပုံက အရမ်းကို လှပပါတယ်။” လို့ ဆလော့တ်က ဆိုပါတယ်။

ဆက်လက်ပြီး ဆလော့တ်က “လွန်ခဲ့တဲ့ လအနည်းငယ်ကထက် စာရင် အသင်းဟာ အများကြီး တိုးတက်လာပါတယ်။ လူငယ်ကစားသမားတွေ ဖြစ်တာကြောင့် သူတို့ အသားကျဖို့ အချိန်ပေးခဲ့ရလို့ ရမှတ် တချို့ ဆုံးရှုံးခဲ့ရတာ ကတော့ ရှင်းပါတယ်။ ဒါပေမယ့် အခုတော့ အသင်းက အခြေအနေကောင်း တစ်ခုကို ရောက်နေပါပြီ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ပွဲပြီး အချက်အလက်တွေအရ ဘရိုက်တန်ဟာ ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်နဲ့ လစ်ဗာပူးလ် (၁၃ ကြိမ်) ထက် ပိုများခဲ့သလို၊ ပွဲကစားပုံလည်း မဆိုးခဲ့ပါဘူး။ ဘရိုက်တန် နည်းပြ ဖေဘီယန် ဟက်ဇီလာ က “ကျွန်တော် တကယ်ကို စိတ်ပျက်မိပါတယ်။ ပွဲစတုန်းက ကစားပုံ ကောင်းခဲ့ပြီး ပထမပိုင်းမှာ အခွင့်အရေးကြီးတွေ ရခဲ့တာပါ။ လစ်ဗာပူးလ်ရဲ့ အရည်အသွေးကပဲ ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသွားတာပါ။ အခွင့်အရေးတွေ ရခဲ့ပေမယ့် ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ သူတို့ ကတော့ အခွင့်အရေးကို အသုံးချသွားနိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်