နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်နဲ့ ယူရို ၂၀၂၀ ဖလား နှစ်လုံး တပြိုင်နက် ကိုင်မြှောက်ဖို့ အခွင့်အရေး ရှိနေတဲ့ ချဲလ်ဆီး ကစားသမား ၆ ဦး

ဥရောပဘောလုံး သမိုင်းမှာ ဥရောပဖလား(ချန်ပီယံလိဂ်)နဲ့ ဥရောပချန်ပီယံရှစ်ဖလား(ယူရို)ကို တစ်နှစ်အတွင်း တပြိုင်နက်တည်း ကိုင်မြှောက်ထားနိုင်တဲ့ ကစားသမားဟာ ဘောလုံးသမိုင်းမှာ စုစုပေါင်း ၉ ဦးသာ ရှိပါသေးတယ်။ မျက်မှောက်ခေတ်မှာ ဆိုရင်တော့ ၂၀၁၂ ခုနှစ်မှာ ချဲလ်ဆီး ကစားသမားတွေ ဖြစ်ခဲ့တဲ့ စပိန်က မာတာနဲ့ ဖာနန်ဒို တောရက်စ်၊ ရီးရဲယ်မက်ဒရစ် အသင်းဖော် နှစ်ဦးဖြစ်သလို ပေါ်တူဂီ ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပီပီတို့ဟာ ဒီစံချိန်ကို ရရှိခဲ့ဖူးပါတယ်။ အခုနှစ်မှာလည်း  ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ထားခဲ့ပြီးတော့ သက်ဆိုင်ရာ ကိုယ်စားပြု နိုင်ငံ အသင်းနဲ့ အတူ ယူရို ၂၀၂၀ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ အခွင့်အရေးရှိနေတဲ့ ကစားသမား အများအပြား ရှိနေပါတယ်။ ဘယ်သူတွေလည်း ဆိုတာ ကြည့်ရအောင်ပါ။
 

ချန်ပီယံလိဂ်နဲ့ ယူရိုဖလား ချန်ပီယံ

သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ရော၊ ယူရို မှာပါ ချန်ပီယံ ဖြစ်ခဲ့ဖူးသူ တွေကို နှစ်အလိုက် ဖော်ပြရမယ်ဆိုရင်…

·       လူးဝစ်ဆွာရက်စ် (အင်တာမီလန်/စပိန်၊ ၁၉၆၄)

·       ရော်နယ်ကူးမန်း (PSV/နယ်သာလန်၊ ၁၉၈၈)

·       ဘယ်ရီဗန်အာလီ (PSV/နယ်သာလန်၊ ၁၉၈၈)

·       ဟန်းစ်ဗန် ဘရုခ်ကလန်း (PSV/နယ်သာလန်၊ ၁၉၈၈)

·       ဂျာရဲလ်ဒ် ဗန်နန်ဘက်ဂ် (PSV/နယ်သာလန်၊ ၁၉၈၈)

·       ဂျူအန် မာတာ (ချယ်လ်ဆီး/စပိန်၊ ၂၀၁၂)

·       ဖာနန်ဒိုတောရက်စ် (ချယ်လ်ဆီး/စပိန်၊ ၂၀၁၂)

·       ခရစ္စတီယာနို ရော်နယ်ဒို (ရီးရဲမက်ဒရစ်/ပေါ်တူဂီ၊ ၂၀၁၆)

·       ပီပီ(ရီးရဲမက်ဒရစ်/ပေါ်တူဂီ၊ ၂၀၁၆) တို့ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် အခုနှစ် ယူရို ၂၀၂၀ မှာရော…ဘယ်ကစားသမားတွေ အခုလို ရှားရှားပါးပါး စံချိန်ကို ရရှိဖို့ အခွင့်အရေး ရှိနေလဲ။

ယူရို ၂၀၂၀ ပြိုင်ပွဲကို ချဲလ်ဆီး အသင်း ကနေ သက်ဆိုင်နိုင်ငံအသီးသီး အတွက် စေလွှတ် ယှဉ်ပြိုင်စေခဲ့ရတဲ့ ကစားသမား အရေအတွက်ဟာ ၁၁ ဦးထက် မနည်းရှိခဲ့ပါတယ်။
ချန်ပီယံလိဂ် ဖလား ရရှိဖို့ အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ယူရိုပြိုင်ပွဲ မှာတော့ ကျရှုံးခဲ့ရတဲ့ ချဲလ်ဆီး ကစားသမားများ

သေချာတာ ကတော့ ဒီလိုစံချိန်ကို ရရှိနိုင်ဖို့ အတွက်ဆိုရင် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားတဲ့ ချဲလ်ဆီး ကစားသမားတွေပဲ စွမ်းဆောင်နိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲကို ချဲလ်ဆီး အသင်း ကနေ သက်ဆိုင်နိုင်ငံအသီးသီး အတွက် စေလွှတ် ယှဉ်ပြိုင်စေခဲ့ရတဲ့ ကစားသမား အရေအတွက်ဟာ ၁၁ ဦးထက် မနည်းရှိခဲ့ပါတယ်။ ဒါပေမယ့် လက်တလော  ယူရို ၂၀၂၀ ဟာ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိလာချိန် မှာတော့ ဒီလိုစံချိန်ကောင်း တစ်ခုကို မျှော်လင့်နိုင်ဆဲ ချဲလ်ဆီး ကစားသမား ၆ ဦးပဲ ကျန်ရှိပါတော့တယ်။ မျှော်လင့်ချက်တွေ ကုန်သွားခဲ့တဲ့ ကစားသမားတွေထဲမှာ ကိုင်ဟာဗက်ဇ်၊ တီမိုဝါနာ၊ အန်တိုနီယို ရူဒီဂါ၊ ကိုဗာချစ်၊ အန်ဂိုလို ကန်တေ တို့တွေ ပါဝင်နေပြီးတော့ မျှော်လင့်ချက်က ရှိနေဆဲ ကစားသမားတွေ အဖြစ်…

·       ဒိန်းမတ် – အန်ဒရီရာ့စ် ခရစ္စတန်ဆန်

·       အင်္ဂလန် – ဘန်ချေးလ်ဝဲလ်၊ ရိစ်ဂျိမ်းစ်၊ မေဆွန်မောင့်

·       အီတလီ – ဂျော်ဂျင်ဟို

·       စပိန် – ဆီဇာ အက်ဇ်ပီလီကျူအာတာ တို့ ရှိနေပါတယ်။
 

ဖြစ်နိုင်ချေရှိနေသူများ

လက်ရှိ ယူရို ၂၀၂၀ မှာ ချန်ပီယံ ဖြစ်နိုင်ချေ ရှိတဲ့ အသင်းတွေ အဖြစ် ဘယ်ဂျီယံ၊ အီတလီ၊ ဆွစ်ဇာလန်၊ စပိန်၊ ယူကရိန်း၊ ချက်၊ ဒိန်းမတ်တို့ ကျန်ရှိနေပါတယ်။ အီတလီ ကစားသမား ဖြစ်တဲ့ ဂျော်ဂျင်ဟို ကတော့ ကွာတားဖိုင်နယ်မှာ ဘယ်ဂျီယံနဲ့ ကစားရမှာ ဖြစ်လို့ မျှော်လင့်ချက် အနည်းဆုံးလို့ ပြောလို့ရသလို ဒိန်းမတ် က ခရစ္စတန်ဆန် ကလည်း ဖြစ်နိုင်ချေ နည်းလွန်းပါတယ်။ စပိန်နောက်ခံလူ အက်ဇ်ပီလီကျူအာတာ ကလည်း ကွာတားဖိုင်နယ်မှာ ဆွစ်ဇာန်နဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်ပေမယ့် ဆီမီးဖိုင်နယ်မှာတော့ ဘယ်ဂျီယံ၊ အီတလီ တို့နှစ်သင်းက တစ်သင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် လွယ်ကူနိုင်ဖို့တော့ မရှိပါဘူး။ ချေးလ်ဝဲလ်၊ ရိစ်ဂျိမ်းစ်နဲ့ မေဆွန်မောင့် တို့ရဲ့ အင်္ဂလန် ကတော့ ဗိုလ်လုပွဲ အထိ ပွဲချောင်နေလို့ ချန်ပီယံလိဂ်ဖလား ပြီးရင် ယူရို ချန်ပီယံဆုကိုပါ ရရှိနိုင်တဲ့ ကစားသမားတွေ ဖြစ်နေပါတယ်။

 

ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလား ချန်ပီယံ

အခုလို တစ်နှစ်အတွင်း ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ရော ကမ္ဘာ့ဖလားမှာပါ ချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားတွေလည်း ရှိနေပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီစံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ ကတော့…

·       ဆက်ပ် မိုင်ယာ (ဘေယန်မြူးနစ်/ အနောက်ဂျာမနီ၊ ၁၉၇၄)

·       ပေါလ်ဘရိုက်နာ (ဘေယန်မြူးနစ်/ အနောက်ဂျာမနီ၊ ၁၉၇၄)

·       ဟန်းစ်ဂျော့ဂျ် ရှဝါဇန်ဘက်ခ် (ဘေယန်မြူးနစ်/ အနောက်ဂျာမနီ၊ ၁၉၇၄)

·       ဘက်ကင်ဘောင်ဝါ (ဘေယန်မြူးနစ်/ အနောက်ဂျာမနီ၊ ၁၉၇၄)

·       ဂတ်မူလာ(ဘေယန်မြူးနစ်/ အနောက်ဂျာမနီ၊ ၁၉၇၄)

·       အူလီဟိုးနက်စ် (ဘေယန်မြူးနစ်/ အနောက်ဂျာမနီ၊ ၁၉၇၄)

·       ခရစ္စတီယန် ကာရမ်ဘူ (ရီးရဲလ်မက်ဒရစ်/ ပြင်သစ်၊ ၁၉၉၈)

·       ရောဘတ်တို ကားလို့စ် (ရီးရဲလ်မက်ဒရစ်/ ဘရာဇီးလ်၊ ၂၀၀၂)

ရာဖာလ် ဗာရန်း (ရီးရဲလ်မက်ဒရစ်/ ပြင်သစ် ၂၀၁၈)

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်