နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာအရရော ခြေစွမ်းအရပါ သာတဲ့ ဂျူဗင်တပ်စ် ဘက်မှာ ရပ်တည်ကြမယ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် vs ဖီအိုရင်တီးနား

အခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် စီးရီးအေ ပွဲစဉ်တွေထဲက ဂျူဗင်တပ်စ်နဲ့ ဖီအိုရင်တီးနားတို့ရဲ့ ပွဲကလည်း SBOTOP ပရိသတ်တွေ အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့ အတူ လက်ရှိ စီးရီးအေ မှာ တောက်လျောက် ရလဒ်တွေ ပြန်ကောင်းနေတဲ့ ဂျူဗင်တပ်စ်တို့ ခြေစွမ်းကျဆင်းနေတဲ့ ဖီအိုရင်တီးနား နဲ့ တွေ့ဆုံနေလို့ လွယ်ကူတဲ့ နိုင်ပွဲတစ်ပွဲ ရသွားမလားဆိုတဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်တို့ ရာသီအစမှာ ရလဒ်တွေ တောက်လျောက်ဆိုးရွားနေခဲ့ပေမယ့် လက်ရှိမှာ ရော်နယ်ဒို ခြေစွမ်းပြနေလို့ ရလဒ်တွေ တောက်လျောက်ပြန်ကောင်းနေပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာအထိ ပြန်လည် တက်လှမ်း ထားနိုင်ခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒို ကတော့ အသက် ၃၅ နှစ် ရှိနေပေမယ့် အသက်နဲ့ မလိုက်အောင် ခြေစွမ်းပြနေ ဆဲ ဖြစ်ပြီး ၉ ပွဲကစားရာမှာ ၁၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးထားပါတယ်။ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒိုအပြင် မိုရာတာ၊ ကွာဒွာဒို၊ ဘန်တက်ကာ၊ မက်ကင်နီ၊ အဲလက်စ် ဆန်ဒရို၊ ဒန်နီလိုတို့ ခြေစွမ်းပြနေပြီး ကွင်းလယ်က တော်တော်လေး တောင့်တင်း နေပါတယ်။ ဂျူဗင်တပ်စ်တို့ လက်ရှိ စီးရီးအေ မှာ ၁၃ ပွဲကစား၊ ၇ ပွဲနိုင်၊ ၆ ပွဲသရေ၊ ရှုံးပွဲ လုံးဝမရှိသေးပါဘူး။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်မယ်ဆိုရင် ၄ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပြီး တိုက်စစ်က ၁၃ ဂိုး သွင်းယူထားကာ ပေးဂိုးကတော့ ၄ ဂိုးပဲ ရှိထားပါတယ်။ ဂျူဗင်တပ်စ်တို့ လက်ရှိမှာ စီးရီးအေ အမှတ်ပေးဇယားထိပ်ဆုံးက အေစီမီလန်နဲ့ ၄ မှတ်အထိ ကွာဟနေဆဲဖြစ်လို့ အခုပွဲမှာ မဖြစ်မနေ နိုင်ပွဲရဖို့ လိုအပ်နေတာကြောင့် အားစိုက်ကစားလာဖို့ ရှိနေပါတယ်။

 
ဖီအိုရင်တီးနားတို့ လက်ရှိ စီးရီးအေမှာ ရလဒ်တွေ တောက်လျောက်ဆိုးရွားနေပြီး ၁၃ ပွဲကစားရာမှာ ၂ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၆ ပွဲရှုံးပြီး ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ စီးရီးအေမှာ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ၄ ပွဲရှုံး၊ ၄ ပွဲသရေကျထားပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲသရေ၊ ၂ ပွဲရှုံးထားပြီး တိုက်စစ်က ၃ ဂိုးပဲရထားပေမယ့် ခံစစ်ကတော့ ၈ ဂိုးအထိ ပေးထားရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဖီအိုရင်တီးနားတို့ လက်ရှိ စီးရီးအေမှာ ရလဒ်တွေ တောက်လျောက်ဆိုးရွားနေပြီး ၁၃ ပွဲကစားရာမှာ ၂ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၆ ပွဲရှုံးပြီး ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား ၁၆ နေရာမှာ ရပ်တည်နေပါတယ်။
စီရီးအေ နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့တဲ့ ဖီအိုရင်တီးနား

ဂျူဗင်တပ်စ်နဲ့ ဖီအိုရင်တီးနားတို့ရဲ့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ဂျူဗင်တပ်စ်က ၈၆ ကြိမ် အနိုင်ရပြီး သရေပွဲကတော့ ၅၇ ကြိမ်အထိ ရှိကာ ဖီအိုရင်တီးနားကတော့ ၃၉ ကြိမ် အနိုင်ရထားပါ တယ်။ ၁၀ စုနှစ်အတွင်း ထိပ်တိုက်တွေ့ဆုံမှု ၂၄ ကြိမ်မှာလည်း ဂျူဗင်တပ်စ်တို့ အပြတ်အသတ် အသာရခဲ့ပြီး ၁၅ ကြိမ်အထိ အနိုင်ရခဲ့ပြီး ဖီအိုရင်တီးနားကတော့ ၃ ကြိမ်ပဲ အနိုင်ရထားပါတယ်။ သရေပွဲကလည်း ၆ ကြိမ်အထိ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ ဂျူဗင်တပ်စ်က ၁ ပွဲကြိမ် အနိုင်ရပြီး ဖီအိုရင်တီးနား အသင်းမှာတော့ သရေကျ ထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂျူဗင်တပ်စ် vs ဖီအိုရင်တီးနား အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၃၅ဆ
ဒီဇင်ဘာလ ၂၃ ရက်, ည ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁.၃၅ဆ၊ သရေအတွက် ၄.၉၀ဆနဲ့ ဧည့်သည် အသင်း အတွက် ၈.၂၅ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ ဂျူဗင်တပ်စ်တို့ အပြတ်အသတ် အသာရနေပါတယ်။ ဖီအိုရင်တီးနားကတော့ ရလဒ်တွေ တောက်လျောက်ဆိုးရွားနိုင်ပြီး အခုပွဲမှာလည်း ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်နိုင်ဦးမယ်တော့ မထင်ပါဘူး။ ပေါက်ကြေးအရ ကြည့်မယ်ဆိုရင်လည်း အဆပေါင်းများစွာ ကွာဟနေလို့ ဂျူဗင်တပ်စ်ဘက်မှာ ရပ်တည်တာကသာ စိတ်အချရဆုံး ဖြစ်ပါလိမ့်မယ်။ ဂျူဗင်တပ်စ်တို့ ဂိုးပြတ် အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်