နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

ဒီကနေ့မနက် အစောပိုင်းအထိ ရရှိခဲ့တဲ့သတင်းတွေထဲက စီးရီးအေရဲ့ အပြောင်းအရွှေ့ သတင်းတချို့ကို SBOTOP ပရိသတ်တွေအတွက် ဝေမျှပေးပါဦးမယ်။
ဘာစီလိုနာကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ လူး၀စ်ဆွာရက်ဇ်ကို စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်က စိတ်၀င်စားနေပါတယ်။ ဂျူဗင်တပ်စ် နည်းပြသစ် ပီယာလို အနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂွာအင်ကိုတော့ ရောင်းထုတ်သွားဖို့ သေချာနေပြီး တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲဖက်ကစားဖို့နဲ့ ရော်နယ်ဒိုမရှိချိန်မှာ သွင်းဂိုးတွေ ရယူပေးနိုင်မယ့် ကစားသမားတစ်ဦးကို အလိုရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရှော်ကီအသင်းရဲ့ အမေရိကန်ကစားသမား ၀က်စတန် မက်ကန်နီကို ခေါ်ယူထားပြီး ဒီကနေ့မနက်အစောပိုင်းမှာ တူရင်ကို ရောက်ရှိလာမယ်လို့သိရပါတယ်။ ၂၀၂၀-၂၀၂၁ဘောလုံးရာသီအတွက် ယူရို ၃.၅သန်းတန် ကြေးရှိတဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာမှာ ဖြစ်ပြီး အပြီး‌သတ် ခေါ်ယူမယ်ဆိုရင် ပေါင် ၁၈သန်း အပြင် ကစားသမားရဲ့ ခြေစွမ်းပေါ်မူတည်ပြီး ပွဲထွက်ကစားခွင့် အလိုက် ပေါင် ၇သန်း ထပ်မံပေးချေရမှာဖြစ်ပါတယ်။

အင်တာမီလန်အသင်းကတော့ လာမယ့်ရာသီအတွက် ကစားသမားသစ်တော်တော်များများ ခေါ်ယူဖို့ပြင်ဆင်နေပြီး ချဲလ်ဆီးက ကန်တေကို အသင်းရဲ့တိုက်စစ်မှူး လောတာရိုမာတီနက်ဇ် နဲ့ ဒဲ့အလဲအလှယ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဲ့နောက်မှာတော့ ဘရက်ရှားက ဂတ်တူဆိုနဲ့ ပီယာလို ပေါင်းစပ် လက်သစ်လို့ တင်စားနေကြတဲ့ ဆန်ဒရို တိုနာလီကို မန်ချက်စတာယူနိုက်တက်၊ မြို့ခံပြိုင်ဘက် အေစီမီလန်တို့နဲ့ အပြိုင်ကမ်းလှမ်းထားပါတယ်။ အီတလီသား တိုနာလီကတော့ အသက် ၂၀အရွယ်သာရှိသေးပေမယ့် အတွေ့အကြုံရင့် ကွင်းလယ်လူတစ်ဦးလို ကစားနိုင်ပြီး ခံစစ်ရော တိုက်စစ်ရော လိုက်ပါကစားနိုင်လို့ ဥရောပကလပ်အသင်းတော်တော်များများက မျက်စိကျနေခဲ့တာဖြစ်ပါတယ်။ ဘယ်လော့တီနဲ့ အဇ်ဇို ကိုလည်း ချိတ်ဆက်နေပေမယ့် တိုရီနိုအသင်းဘက်ကတော့ ပယ်ချထားတယ်လို့သိရပါတယ်။ အခုနောက်ဆုံးသတင်းတွေအရဆိုရင်တော့ ဘာစီလိုနာရဲ့ စွန့်ပစ်ခံကစားသမားဖြစ်လာမယ့် အာတူရို ဗီဒယ်ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဗီဒယ်ကတော့ ဘာစီလိုနာရဲ့ နည်းပြသစ် ရော်နယ်ကိုးမန်း ရဲ့ အနာဂတ်စီမံကိန်းထဲမှာ ပါ၀င်ခြင်းမရှိတော့လည်း အသင်းရှာဖွေဖို့ အကြောင်းကြားခံထားရသူ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာလည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့် တကျော့ပြန်ရရှိရေး အတွက် အသင်းအတွက် အရေးပါတဲ့ တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ကို ပေါင်ခြောက်သန်း‌တန်ကြေးရှိတဲ့ တစ်နှစ်စာချုပ်သက်တမ်းထပ်တိုးလိုက်ပါတယ်။ အသက် ၃၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးကြီး မိုဗစ်ကတော့ ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ ၁၈ပွဲကစား ၁၀ဂိုးသွင်းပြီး ၅ဂိုးဖန်တီးပေးထားခဲ့ပါတယ်။ အသင်းရဲ့ စပိန်ဂိုးသမားကြီး ပီပီရိန်နာကို လာဇီယိုအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ထားခဲ့ပြီး စပါးအသင်းရဲ့ နောက်ခံလူ အော်ရီရာကို ခေါ်ယူဖို့ ကြိုစားနေပါတယ်။ အသက် ၂၇နှစ်အရွယ် အိုင်ဗရီကို့စ် ညာနောက်ခံလူကို ခေါ်ယူမယ်ဆိုရင်တော့ ပေါင် ၁၅သန်းကနေ သန်း ၂၀ထိသုံးစွဲရဖို့ရှိနေပါတယ်။ လက်တလောမှာတော့ ရီးရဲမက်ဒရစ်က လူငယ် ကွင်းလယ်ဖန်တီးရှင် ဘရာဟင်မ် ဒီးရာ့ဇ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာရှိနေပြီး မကြာခင်မှာ အပြီးသတ်သဘောတူညီချက်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် အေစီမီလန်ဘက်ကတော့ ကနဦးအငှားနဲ့ခေါ်ယူပြီး နောက်ပိုင်းမှ အပြီးသတ် ၀ယ်ယူခွင့်ပုံစံနဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ ၁၈ပွဲကစား ၁၀ဂိုးသွင်းပြီး ၅ဂိုးဖန်တီးပေးထားခဲ့ပါတယ်။
အေစီမီလန်နဲ့ ပေါင် ၆သန်းတန် တစ်နှစ်စာချုပ်ချုပ်ခဲ့တဲ့ အီ‌‌ဗရာဟီမိုဗစ်

ပါးမားအသင်းရဲ့ဂိုးသမား လိုင်ဂီဆီပီ ကိုတော့ အင်တာမီလန်၊ နာပိုလီနဲ့ ဂျီနိုအာတို့က ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။ အသက် ၂၉နှစ်အရွယ် အီတလီဂိုးသမား ဆီပီကတော့ ပါးမားအသင်းအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီနှစ်ခုအတွက် ၇၁ပွဲကစားပြီး ၁၅ပွဲတိတိ ပေးဂိုးလုံး၀မရှိအောင် စွမ်းဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ရာသီက အကယ်ဒမီထွက် ကစားသမားတွေနဲ့ အချိုးကျကျဖွဲ့စည်းပြီး စီးရီးအေနဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုတွေရခဲ့တဲ့ အတ်တလန်တာ ကတော့ အသင်းကို ကစားသမားအင်အား တောင့်တင်းနေစေဖို့ ရုရှားကလပ် လိုကိုမိုးတစ်ဗ် မော်စကိုက တောင်ပံကစားသမား အဲလက်ခ်ဆီ မီရန်ချက်ခ်ကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းနေပြီး ၂၄နှစ်အရွယ် ရုရှား‌ညာတောင်ပံကစားသမားအတွက် ပေါင် ၁၄သန်းနီးပါး ပေးချေရဖို့ရှိပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်