နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို အားကိုးနဲ့ နိုင်ပွဲဆက်မယ့် ဂျူဗင်တပ်စ်ဘက်မှာ ရပ်တည်မယ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် vs အတ္တလန်တာ

အခုတစ်ပတ် ကြားရက်မှာ ကစားမယ့် ပွဲစဉ်တွေထဲက ဂျူဗင်တပ်စ်နဲ့ အတ္တလန်တာတို့ ကစားမယ့်ပွဲကို SBOTOP စီးရီးအေ ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ လက်တလောမှာ အသင်းလိုက်ကစားပုံ ဟန်ချက်ပြန်ညီလာတဲ့ ဂျူဗင်တပ်စ်တို့ အသင်းကောင်းတစ်သင်း ဖြစ်တဲ့ အတ္တလန်တာကို အိမ်ကွင်း အနိုင်ယူဖို့ ကြိုစားလာနိုင်ပြီး ဒီတစ်ပတ် စီးရီးအေ ပွဲစဉ်တွေထဲက ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ပွဲကောင်း တစ်ပွဲလည်း ဖြစ်လာ နိုင်ပါတယ်။

ဂျူဗင်တပ်စ်တို့ တိုက်စစ်က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ ချန်ပီယံလိဂ်ရော စီးရီးအေ မှာပါ ရလဒ်ကောင်းတွေ ပြန်ရနေပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ပြီးခဲ့တဲ့ ဂျီနိုအာနဲ့ ပွဲမှာ ပွဲပေါင်း ၁၀၀ ပြည့်ခဲ့ပြီး သွင်းဂိုး အနေနဲ့လည်း ၇၉ ဂိုးအထိ ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ရော စီးရီးအေမှာပါ နှစ်ပွဲဆက် ပင်နယ်တီ နှစ်ဂိုး ဆက်တိုက်သွင်းယူပြီး စံချိန်သစ်တွေ တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီယာလိုရဲ့ တူရင်ကလပ်က လက်ရှိမှာ ရော်နယ်ဒို အပြင် အာသာ၊ ဘန်တန်ကာ၊ ကွာဒွာဒို၊ အဲလက်စ်ဆန်ဒရိုတို့ ရှိနေတဲ့ ကွင်းလယ်ပိုင်းက တော်တော်လေး တောင့်တင်းနေပြီး ခံစစ်မှာလည်း ဒီလစ်ဂျ်၊ ဒန်နီလို၊ ဘိုနူချီတို့ ရှိနေလို့ စိတ်ချရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဂျူဗင်တပ်စ်တို့ ဒီရာသီ စီးရီးအေမှာ ၁၁ ပွဲကစားပြီး ၆ ပွဲနိုင်၊ ၅ ပွဲသရေကျပြီး ရှုံးပွဲလုံးဝ မရှိသေးတာ တွေ့ရပါတယ်။ စီးရီးအေ မှာ ရှုံးပွဲလုံးဝ မရှိသေးတဲ့ အသင်းဆိုလို့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ် နှစ်သင်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်တို့ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၄ ပွဲနိုင်ပြီး ၁ ပွဲပဲ သရေကျထားပါတယ်။ တိုက်စစ်က တစ်ပွဲပျမ်းမျှ ၂.၃ ဂိုးနှုန်း ရှိခဲ့ပြီး ခံစစ်ကတော့ ပေးဂိုး မရှိသလောက်ပါပဲ။ အခုပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားကလည်း ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပြီး သူ့ရဲ့ ၁၀၁ ပွဲမြောက် ကစားမယ့် ပွဲမှာ သွင်းဂိုးတွေ ထပ်ရှာဖွေပြီး စံချိန်သစ်တွေ တင်ဖို့ ကြိုးစားလာဦးမှာ သေချာနေပါတယ်။

နည်းပြ ဂတ်စပီရီနီ ကိုင်တွယ်နေတဲ့ အတ္တလန်တာ အသင်းက မနှစ်ကလို အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခြင်း မရှိတော့ ပဲ ကစားပုံတော့ တော်တော်လေး အားပျော့လာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က စီးရီးအေမှာ သွင်းဂိုး အများဆုံးရခဲ့တဲ့ အသင်းတစ်သင်း ဖြစ်တဲ့ အတ္တလန်တာတို့ ဒီရာသီမှာ သွင်းဂိုး ၂၁ ဂိုးရထားခဲ့ပေမယ့် ခံစစ်က ၁၆ ဂိုးအထိ ပြန်ပေးထားရပါတယ်။ အတ္တလန်တာတို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ သွင်းဂိုး အနေနဲ့ကတော့ တစ်ပွဲပျမ်းမျှ ၁ ဂိုးနှုန်းရရှိထားခဲ့ပါတယ်။ စီးရီးအေ မှာ ၁၀ ပွဲကစားပြီး ၅ ပွဲနိုင်၊ ၂ပွဲသရေ၊ ၃ ပွဲရှုံးပြီး ရမှတ် ၁၇ မှတ်ရရှိထားတဲ့ အတ္တလန်တာတို့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ အတ္တလန်တာရဲ့ စောင့်ကြည့်ရမယ့် ကစားသမားကတော့ အလက်ဂျန်ဒရို ဂိုးမက်ဇ် ဖြစ်ပြီး ၉ ပွဲကစားရာမှာ ၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
 

စီးရီးအေ မှာ ၁၀ ပွဲကစားပြီး ၅ ပွဲနိုင်၊ ၂ပွဲသရေ၊ ၃ ပွဲရှုံးပြီး ရမှတ် ၁၇ မှတ်ရရှိထားတဲ့ အတ္တလန်တာတို့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ စီရီးအေပွဲစဉ်မှာ ဖီအိုရင်တီးနားကို ၃ ဂိုးပြတ်အနိုင်ရထားတဲ့ အတ္တလန်တာ

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဂျူဗင်တပ်စ်တို့ အတ္တလန်တာနဲ့ တွေ့ဆုံချိန်တိုင်း အသာရလေ့ရှိပြီး တွေ့ဆုံမှု အကြိမ် ၄၀ မှာ ဂျူဗင်တပ်စ်တို့ ၂၈ ကြိမ်အထိ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ အတ္တလန်တာကတော့ ၄ ကြိမ်ပဲ ပြန်လည် အနိုင်ရခဲ့ပြီးတော့ သရေပွဲကတော့ ၈ ပွဲ ရှိထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှု ရလဒ်တွေ အနေနဲ့ ဂျူဗင်တပ်စ်အိမ်ကွင်းမှာ ၂ဂိုးစီ သရေကျပြီး အတ္တလန်တာ အိမ်ကွင်းမှာတော့ အိုးလ်လေဒီတို့က ၁-၃ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂျူဗင်တပ်စ် vs အတ္တလန်တာ 1X2 ဂျူဗင်တပ်စ် @ 1.82
ဒီဇင်ဘာလ ၁၇ ရက်, ည ၁၂:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁.၉၁ ဆ၊ သရေအတွက် ၃.၅၅ဆနဲ့ ဧည့်သည် အသင်း အတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ဂျူဗင်တပ်စ်မှာ တိုက်စစ်မှူး ရော်နယ်ဒို ခြေစွမ်းပြမှုနဲ့အတူ ရလဒ်တွေ ပြန်ကောင်းနေပြီး နိုင်ပွဲတွေ ပြန်ရနေပါတယ်။ အတ္တလန်တာကတော့ မနှစ်က ကစားပုံနဲ့ မတူပဲ ဒီနှစ်မှာ ကစားအား ပျော့သွားလို့ အသင်းကြီးတွေနဲ့ တွေ့တိုင်း အသာမရတော့တာ တွေ့ရပါတယ်။ ပေါက်ကြေး အရ ၂ ဆနီးပါး ကွာဟနေပြီးတော့ အနိုင်ရရုံနဲ့ ပျော်ရွှင်ခွင့်ရမယ့် ဂျူဗင်တပ်စ်ဘက်မှာ ရပ်တည်တာသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ ဂျူဗင်တပ်စ်တို့ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အတွက် နောက်ပိုင်းပွဲစဉ်တွေ အားစိုက်ကစားနေတာ တွေ့ရလို့ ဂျူဗင်တပ်စ်ဘက်မှာပဲ ရပ်တည်သင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်