နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် အမှားခံမှာ မဟုတ်တဲ့ အေစီမီလန် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ကက်ဂလီယာရီ vs အေစီမီလန်

ဇန်နဝါရီလ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် မနက်အစောပိုင်းမှာတော့ ကက်ဂလီယာရီနဲ့ အေစီမီလန်တို့ရဲ့ ပွဲစဉ် ရှိနေပြီး SBOTOP စီးရီးအေ ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းသုံးသပ်ချက်တွေကို ဖော်ပြပေးပါဦးမယ်။ တန်းဆင်းဇုန် အထက်မှာ ရပ်တည်တဲ့ ကက်ဂလီယာရီတို့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ကနေ ဆင်းမပေးရရေး အတွက် အားစိုက်ကစားလာမယ့် အေစီမီလန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်လို့ မထင်မှတ်ပဲ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

အေစီမီလန်တို့ ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ တိုရီနိုကို ၂-၀ နဲ့ အနိုင်ရပြီး နိုင်ပွဲ ပြန်လည်ရှာတွေ့ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကို ဆန်စီရိုမှာ အရေးနိမ့်ပြီး ရှုံးပွဲမရှိ စံချိန် ကျိုးပျက်ခဲ့ရတဲ့ အေစီမီလန်တို့ ပြီးခဲ့တဲ့ ပွဲစဉ်မှာတော့ တိုက်စစ်က ဇလာတန် အီဗရာဟီမိုဗစ် ပြန်လည် ပါဝင်လာနိုင်မှုနဲ့အတူ ပုံစံကောင်းတစ်ခုကို အချိန်မှီဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ ပါတယ်။ လက်ရှိ အသင်းမှာ ရာဖေးလ်လီယောင်၊ ဘရာဟင်မ်ဒီးရာ့ဇ်၊ ကတ်စတယ်လီဂျို၊ တိုနာလီ၊ ကတ်ဆီတို့လို လူငယ်ကစားသမားတွေ ခြေစွမ်းပြနေပြီး အသင်းလိုက်ကစားပုံ တော်တော်လေး ကောင်းနေတယ်လို့ ဆိုရမှာပါ။ ရီဘစ်၊ ဘန်နက်ဆာ၊ ခရုနစ်၊ ရာဖေးလ် လီယောင် တို့ကတော့ ဒဏ်ရာပြသနာတွေကြောင့် လွဲချော်ဖွယ်ရှိနေပါတယ်။ အေစီမီလန်တို့ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင်တော့ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည်ကတော့ ၈ ပွဲကစားရာမှာ ၇ ပွဲနိုင်၊ ၁ ပွဲသရေကျထားပြီး ရှုံးပွဲလုံးဝမရှိထားတာတွေ့ရပါတယ်။

ကက်ဂလီယာရီတို့ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပြီး စီးရီးအေ မှာလည်း ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပါတယ်။ စီးရီးအေ မှာ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ကိုပါအီတလီယာဖလား ပြိုင်ပွဲကနေလည်း ထွက်ခွာထားခဲ့ရပါတယ်။ အသင်းလိုက် ကစားဟန် ပျက်စီးနေပြီး ကစားသမားတွေလည်း နိုင်ပွဲရလိုစိတ် ပျောက်ဆုံးနေခဲ့လို့ ကက်ဂလီယာရီတို့ ဒီပုံအတိုင်း ဆက်သွားနေရင် ရာသီအကုန်မှာ ကျိန်းသေပေါက် တန်းဆင်းသွားရဖို့ ရှိနေပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး ၃ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၉ ပွဲရှုံးနိမ့်ထားကာ ရမှတ် ၁၄ မှတ်ပဲ ရရှိထားပါတယ်။ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ကက်ဂလီယာရီနဲ့ အေစီမီလန်တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၅ ကြိမ်မှာ အေစီမီလန်က အကြိမ် ၂၀ အနိုင်ရထားပြီး ကက်ဂလီယာရီက တစ်ကြိမ်ပဲ အနိုင်ရထားကာ သရေပွဲ ၄ ပွဲရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ အေစီမီလန်က ၂ ကျော့စလုံးမှာ ဂိုးပြတ်အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ကက်ဂလီယာရီ vs အေစီမီလန် 1X2 အေစီမီလန် @ 1.62
ဇန်နဝါရီလ ၁၉ ရက်, ည ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၇၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၃၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၁.၆၁ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ကက်ဂလီယာရီတို့ လက်ရှိမှာ ခြေစွမ်းတော်တော်လေး ကျဆင်းနေလို့ အေစီမီလန်ကို ခံကစားဖို့ မဖြစ်နိုင်ပါဘူး။ ပေါက်ကြေးအရလည်း တော်တော်လေးကွာဟနေလို့ အေစီမီလန်တို့ ဘက်မှာပဲ ရပ်တည်ရမှာပါ။ ဆတင်ပြီးလည်း ထိုးပါ။ အေစီမီလန်တို့ ပရိသတ်တွေကို စိတ်မပျက်စေဘူး ဆိုတာ သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်