နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ပိုကောင်းတဲ့ အင်တာ ဘက်မှာပဲ ခြေစုံပစ် ရပ်တည်ချင်တယ် | အင်တာမီလန် – အေစီမီလန် (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

အင်တာမီလန် vs အေစီမီလန် 

အစဉ်အလာအရ ထိပ်တိုက် တွေ့ဆုံမှုတိုင်းမှာ အကြိတ်အနယ် ရှိခဲ့တဲ့ စီးရီးအေ မီလန် ဒါဘီ ပွဲစဉ်ကို အားပေးကြရမှာ ဖြစ်ပါတယ်။ လက်တလော အမှတ်ပေးဇယား ထိပ်ပိုင်း ကနေ ဦးဆောင်နေတဲ့ အသင်းတွေ ဖြစ်ပြီး စကူဒက်တို ချန်ပီယံဆု အတွက် အရေးပါတဲ့ အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်နေတာကြောင့် ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ အသေအချာပါပဲ။

စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးကနေ တစ်ပွဲလျော့ ကစားပြီး ၄ မှတ်ဖြတ် ဦးဆောင်ထားနိုင်တဲ့ အင်တာမီလန် အတွက် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရေး အရေးကြီးတဲ့ ပွဲစဉ်လို့ ပြောလို့ ရပါတယ်။ ကွန်တီ ထွက်ခွာသွားချိန်မှာ အနည်းနဲ့ အများ ရုန်းကန်ရနိုင်တယ်လို့ အများစုရဲ့ သုံးသပ်ချက်တွေ မှားယွင်းကြောင်း နည်းပြ ဆိုင်မွန် အင်ဇာဂီ အနေနဲ့ အလုပ်နဲ့ အကောင်းဆုံး သက်သေပြနေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲနိုင်၊ ၁ ပွဲသရေ စွမ်းဆောင်ထားတဲ့ အင်တာမီလန်ရဲ့ လက်ရှိ ခြေစွမ်းဟာ ဘယ်လို ပြိုင်ဘက်မျိုးကို မဆို အနိုင်ယူ ကျော်ဖြတ်နိုင်စွမ်း ရှိနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ရော်ဘင် ဂိုဆန်၊ ဖိလစ်ပီ ဆိုင်စီဒို တို့ကို ခေါ်ယူ အားဖြည့်ထားနိုင်ခဲ့လို့ အင်တာမီလန်တို့ လက်ကျန် ရာသီဝက်ကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ တစ်ချက် ရှိတာက အင်တာ အနေနဲ့ အခုပွဲပြီးရင် ရိုးမားနဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲ ကစားဖို့ ရှိနေလို့ အဓိက ကစားသမား တချို့ကို အနားပေးမလား။ ပွဲထွက်ခိုင်းမလား ဆိုတာ ကတော့ စောင့်ကြည့်ရပါမယ်။ ထုံးစံ အတိုင်း ၃-၅-၂ နဲ့ပဲ ပွဲထွက်လာဖို့ များပြီး မာတီနက်ဇ်နဲ့ အီဒင် ဒီဂျက်ကို ကို တိုက်စစ်မှာ ဦးဆောင်စေမယ့် သဘော ရှိပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာလည်း ချလနောဂလူ၊ ဘရိုဇိုဗစ်၊ ဒမ်ဖရီးစ်၊ ဘာရယ်လာ၊ ပယ်ရီဆစ်ချ်၊ ဆစ်ခရီညာ၊ ဒီဗရစ်ဂျ်၊ ဘက်စတိုနီနဲ့ ဟန်ဒန်နိုဗစ် တို့ကိုပဲ အသုံးပြုဖွယ် ရှိနေပါတယ်။

အေစီမီလန် ကတော့ စီးရီးအေ ချန်ပီယံဆု အတွက် အင်တာမီလန် ကို အကောင်းဆုံး လိုက်ပြီး ဖိအားပေးနေပေမယ့် မထင်မှတ်ပဲ ခြေချော်မှုတွေကြောင့် လက်တလော အဆင့် ၃ နေရာကို ပြန်ဆင်းပေးထားရပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အေစီမီလန်

အေစီမီလန် ကတော့ စီးရီးအေ ချန်ပီယံဆု အတွက် အင်တာမီလန် ကို အကောင်းဆုံး လိုက်ပြီး ဖိအားပေးနေပေမယ့် မထင်မှတ်ပဲ ခြေချော်မှုတွေကြောင့် လက်တလော အဆင့် ၃ နေရာကို ပြန်ဆင်းပေးထားရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ အခြေအနေက အားရစရာလို့ ပြောလို့ ရပေမယ့် စီးရီးအေ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာက အင်တာမီလန် ထက် တစ်ပွဲ ပိုကစားပြီး ၄ မှတ် အထိ ကွာဟသွားစေခဲ့တာ ဖြစ်ပါတယ်။ စတက်ဖီနို ပီအိုလီရဲ့ အသင်းက ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ကစားသမား ဖြည့်တင်းမှု မလုပ်ခဲ့ပဲ ရှိတဲ့ လူစာရင်းနဲ့ လက်ကျန် ရာသီဝက်ကို ကျော်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာ မှန်ကန်ရဲ့လား ဆိုတာ ဒီပွဲက အဖြေ ထုတ်ပေးနိုင်ပါတယ်။ အဓိက တိုက်စစ်မှူး ဇလာတန် အီဗရာဟီ မိုဗစ် ဒဏ်ရာ ပြသနာ ရှိနေလို့ အသင်းရဲ့ တိုက်စစ်ကို ဂျီရူးပဲ ဦးဆောင်လာနိုင်ဖွယ် ရှိပြီး ရီဘစ်နဲ့ ဆိုင်မွန် ရှားတို့လည်း ဒဏ်ရာကြောင့် လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်းအရ အေစီမီလန်တို့ ဂျီရူး၊ လီယောင်၊ ဒီးရာ့ဇ်၊ ဆယ်လီမေကာစ်၊ တိုနာလီ၊ ဘန်နက်ဆာ၊ သီယို ဟာနန်ဒက်ဇ်၊ ရိုမက်ဂ်နိုလီ၊ ကာလူလူ၊ ကာလာဘရီယာ၊ မိုက်ဂ်နန် တို့နဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၃၀ မှာ အင်တာမီလန်က ၁၃ ကြိမ်နိုင်၊ အေစီမီလန်က ၁၀ ကြိမ် နိုင်ပြီး ၇ ကြိမ် သရေကျထားခဲ့ပါတယ်။ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ် မှာတော့ အင်တာမီလန်က ၃ ကြိမ် အထိ အနိုင်ရထားခဲ့ပြီး အေစီမီလန် အနေနဲ့ ၁ ကြိမ်သရေ၊ ၁ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှု မှာလည်း တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ 

??
အင်တာမီလန် vs အေစီမီလန် အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၈၃ ဆ
ဖေဖော်ဝါရီလ ၅ ရက်၊ ည ၁၁:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ အင်တာ ကို ၁.၈၄ဆ၊ သရေကို ၃.၆၅ ဆနဲ့ အေစီမီလန်ကို ၄.၀၀ ဆ အထိ ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ထင်သာ မြင်သာတဲ့ အချက် တစ်ချက်ကို ပြောပါ ဆိုရင် အင်တာမီလန်ရဲ့ တိုက်စစ်က ပိုပြီး တောင့်တင်းသလို ပိုပြီး ထက်မြတ်နေတာ ဖြစ်ပါတယ်။ ကျန်အခြေအနေတွေ မှာတော့ သိပ်ပြီး ကွာဟမှု မရှိဘူးလို့ ပြောလို့ ရပါတယ်။ ဒါကြောင့် အင်တာမီလန် တို့ ၁ ဂိုးအသာ လောက်နဲ့ ကပ်နိုင်သွားဖို့ များပြီး Final Third ကောင်းတဲ့ အသင်းတွေ ဖြစ်လို့ အပြန်အလှန် သွင်းဂိုးတချို့ ရှိနိုင်ပါတယ်။ ဂိုးပေါ်ကိုလည်း ခပ်ပါးပါး ပုတ်စေချင်ပါတယ်။ 

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်