နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားဘဝ ကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တဲ့ ဗာရန်း | စီးရီးအေ

စီးရီးအေ တန်းတက် ကလပ် ကိုမိုရဲ့ ပြင်သစ် ဝါရင့်နောက်ခံလူ ရာဖေးလ် ဗာရန်း ကတော့ အသက် ၃၁ နှစ် အရွယ် မှာတင်ပဲ ပရော်ဖက်ရှင် ကစားသမား ဘဝ ကနေ တရားဝင် အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင်ဟောင်းက မကြာခဏဆိုသလို ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး စောစောစီးစီးပဲ ဘောလုံးသမားဘဝ ကနေ တရားဝင် အနားယူလိုက်ရတာပဲ ဖြစ်ပါတယ်။

ရာဖေးလ် ဗာရန်းဟာ လီဂူးဝမ်း ကလပ် လန်းစ်၊ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်၊ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ စီးရီးအေ ကလပ် ကိုမို တို့မှာ ကစားသမား ဘဝကို ဖြတ်သန်းခဲ့သူပါ။ ဒါ့အပြင် ပြင်သစ် လက်ရွေးစင် အသင်း အတွက်လည်း နိုင်ငံတကာ ပြိုင်ပွဲစုံ ၉၃ ပွဲ အထိ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

ဗာရန်းက ကစားသမား ဘဝ သက်တမ်း တလျှောက် ကမ္ဘာ့ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၄ ကြိမ်၊ လာလီဂါ ဖလား ၃ ကြိမ်၊ ဥရောပ စူပါဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်‌အေ နေးရှင်းလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၁ ကြိမ်၊ စပိန် စူပါဖလား ၁ ကြိမ်၊ ခရာဘောင် ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဗာရန်းဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ကလပ် ကိုမို အတွက် ကိုပါအီတလီယာဖလား ပွဲစဉ် တစ်ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။ ဗာရန်းဟာ လက်ရှိမှာ ဒူးဒဏ်ရာ ခံစားနေရပြီး ကိုမိုရဲ့ စီးရီးအေ ပွဲစဉ် ၅ ပွဲစလုံး လွဲချော်ထားခဲ့ပြီး ဘယ်အချိန်မှ အသင်း အတွက် ပြန်ကစားပေးနိုင်မလဲ ဆိုတာ မသိခဲ့သူပါ။ ကိုမို လိုမျိုး စီးရီးအေ တန်းတက် ကလပ် တစ်ခု အနေနဲ့ ဗာရန်းလို ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် ချန်ပီယံ ကစားသမားဟောင်းကို ဂုဏ်ယူစွာနဲ့ ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း စုစုပေါင်း ပွဲချန် ၂၃ မိနစ်သာ အသုံးပြုခဲ့ရပြီး လက်လွှတ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။

ရာဖေးလ် ဗာရန်းဟာ ယူနိုက်တက် မှာတုန်းကလည်း ဒဏ်ရာ ပြဿနာတွေကြောင့် ပွဲပေါင်း ၄၅ ပွဲ အထိ လွဲချော်ခဲ့ဖူးပြီး ဒါဟာ ဘောလုံးရာသီ တစ်ရာသီနီးပါးကို ရှိခဲ့တာ ဖြစ်ပါတယ်။ ဗာရန်းဟာ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး ဖြစ်ပြီးတော့ ပြိုင်ပွဲ အတွေ့အကြုံကောင်း များစွာ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ပိုင်းမှာ အကောင်းဆုံး တောက်ပပြနိုင်ခဲ့တဲ့ ဗာရန်းကို အဓိက နှိပ်စက်ခဲ့တာ ကတော့ ဒဏ်ရာပြဿနာ ဖြစ်ပြီး ဒီအခြေအနေတွေကပဲ သူ့ရဲ့ ကစားသမား ဘဝ နေဝင်ချိန်ကို မလှမပ ဖြစ်စေခဲ့တာပါ။

ဗာရန်းဟာ ကိုမိုနဲ့ ချုပ်ဆိုထားတဲ့ ၂ နှစ် စာချုပ် ကိုပါ ဖျက်သိမ်းခဲ့ပြီး ဘောလုံးသမားဘဝ ကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်