နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နောက်ဆုံးရ သတင်းများ (၁၆/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုင်ယွန် ကွင်းလယ်လူ အာဝါးကို စိတ်ဝင်စားလာတဲ့ ရိုးမား

ဂျိုဆေး မော်ရင်ဟိုရဲ့ ရိုးမား ကတော့ လိုင်ယွန်က ဟူဆန် အာဝါးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လောလောဆယ် မှာတော့ မော်ရင်ဟို အနေနဲ့ ယူနိုက်တက် ကနေ တပည့်ဟောင်း နီမန်ဂျာ မာတစ်ကို ခေါ်ယူထားခဲ့ပြီး နောက်ထပ် ကွင်းလယ် ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူ အားဖြည့်ချင်နေသေးတာ ဖြစ်ပါတယ်။ နာမည်ကြီး ဘောလုံး သတင်းထောက် ဂျီရန်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဆိုရင် ရိုးမားဟာ ပြင်သစ် ကစားသမား အာဝါးကို ပြီးခဲ့တဲ့ နာရီပိုင်းလောက်ကမှ စိတ်ဝင်စားလာခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဟူဆန် အာဝါးကို ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက စီးရီးအေ ထိပ်သီး အများစုက စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပြီး ရိုးမားလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ ရိုးမားတို့ လိုင်ယွန် ဘက်ကို ချိတ်ဆက် မေးမြန်းနေဆဲ ဖြစ်ပြီး တရားဝင် ကမ်းလှမ်းမှုတော့ ပြုုလုပ်ရသေးခြင်း မရှိကြောင်း သိရပါတယ်။

အသက် ၂၃ နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ ဟူဆန် အာဝါးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဂူးဝမ်းမှာ ၃၆ ပွဲ ကစားပြီး ၆ ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။ အာဝါးဟာ ကွင်းလယ် တိုက်စစ်နေရာမှာ အဓိက ကစားပေမယ့် ဗဟိုကွင်းလယ်၊ ကွင်းလယ် ခံစစ် အပြင် ဘယ်တောင်ပံမှာပါ ထွက်ကစားနိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိ ဒီကစားသမားရဲ့ ပြောင်းရွှေ့ကြေး ကတော့ အနည်းဆုံး ပေါင်သန်း ၂၀ ကျော် ရှိနိုင်ပြီး တချို့ သတင်းတွေ မှာတော့ ရိုးမားတို့ ဆာဆွယ်လို အသင်းက ဖရာတက်ဆီကို မရရင် အာဝါးကို အရခေါ်ဖို့ ကြိုးစားလာဖွယ် ရှိတယ်လို့ ဖော်ပြလျက် ရှိပါတယ်။


လူကာကူကို အငှားနဲ့ ခေါ်ဖို့ စတင် ကမ်းလှမ်းလိုက်တဲ့ အင်တာမီလန်

စီးရီးအေ ထိပ်သီး အင်တာမီလန် ကတော့ ချဲလ်ဆီး တိုက်စစ်မှူး ရိုမယ်လူ လူကာကူကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပထမဦးဆုံး အကြိမ် ကမ်းလှမ်းလိုက်ပါတယ်။ သတင်းထောက် ဂျီရန်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက် အရ လူကာကူဟာ လာမယ့် နွေရာသီမှာ အသင်းဟောင်း အင်တာမီလန် ထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး အသင်း နှစ်သင်းကြား သဘောတူညီမှု ရဖို့လည်း အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

ဂျေလိဂ်
ဂမ်ဘာအိုစကာ
ယိုကိုဟားမား အက်ဖ် မရီးနိုစ်
1X2 ယိုကိုဟားမား အက်ဖ် မရီးနိုစ် @ 2.23
ဂိုးပေါ် 3.00 @ 2.05
ဂိုးပေါင်း 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အင်တာမီလန် အသင်းဟာ လူကာကူကို ယူရို ၅ သန်း တန်ကြေး ရှိတဲ့ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး ကတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေ ကတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ အခြေအနေမှာ ရှိပြီး နောက်တစ်ကြိမ်တွေ့ဆုံတဲ့ အခါမှာတော့ ချဲလ်ဆီး ဘက်က ကစားသမား အတွက် ဘယ်လောက်လိုချင်သလဲ ဆိုတာ ပြောကြားသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ တချို့ သတင်းတွေ မှာလည်း ချဲလ်ဆီး အသင်း အနေနဲ့ လူကာကူ အတွက် ယူရို ၁၅ သန်းလောက် လိုချင်နေပြီး ၁၀ သန်းလောက်နဲ့ သဘောတူညီမှု ရသွားဖွယ် ရှိတယ်လို့ ဖော်ပြနေကြပါတယ်။

အသက် ၂၉ နှစ် အရွယ် ဘယ်ဂျီယံ တိုက်စစ်မှူးဟာ အင်တာမီလန် အတွက် ကစားခဲ့တဲ့ ၉၅ ပွဲမှာ ၆၄ ဂိုး သွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပြီး ချဲလ်ဆီးကို ပြန်လည် ပြောင်းရွှေ့ခဲ့ချိန်မှာတော့ ၄၄ ပွဲ ကစားရာမှာ ၁၅ ဂိုးသာ သွင်းနိုင်ခဲ့ပြီး ရုန်းကန်နေရသူ ဖြစ်ပါတယ်။


ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေတဲ့ ကူလီဘာလီ

နာပိုလီ အနေနဲ့ အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် နောက်ခံလူ ကူလီဘာလီ ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် ဘာစီလိုနာ အသင်းထံသာ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ် အနေနဲ့ ကူလီဘာလီကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပြီး လက်ရှိ မှာတော့ တစ်နှစ် လုပ်ခ ပေါင် ၄ သန်းနဲ့ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကူလီဘာလီ ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းချင်နေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဘာစီလိုနာ နည်းပြ ဇာဗီဟာ ကူလီဘာလီကို ခေါ်ယူချင်နေပြီး ကစားသမား အနေနဲ့ ကလည်း အောင်မြင်မှုရဖို့ အခွင့်အလမ်း ရှိတဲ့ ကတ်တာလန် ကလပ်ကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ ပြဿနာက ဘာစီလိုနာတို့ ဘဏ္ဏာရေး အခက်အခဲ ရှိနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မဖြစ် ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာပါ။ အကယ်၍ ဘာစီလိုနာ ဘက်က ခေါ်ယူဖို့ ကြိုးစားလာခြင်း မရှိဘူး ဆိုရင်လည်း အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ နေပဲလ် ကလပ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပျော်ရွှင်စွာနဲ့ပဲ လက်ခံသွားဖို့ ရှိနေပြီး အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ကူလီဘာလီဟာ အရင်နှစ်တွေ ကတည်းက အသင်း ပြောင်းဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ နာပိုလီ မှာပဲ ဆက်ရှိခဲ့ပြီး နေပဲလ် ကလပ် အတွက် ပွဲပေါင်း ၃၀၀ ကျော် ကစားထားပေးထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်