နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှု နဲ့အတူ အဆင့် ၄ နေရာ အထိ ဆင်းခဲ့ရတဲ့ နာပိုလီ (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

နာပိုလီ ဝ – ၁ အမ်ပိုလီ

နာပိုလီတို့ ပေးဆပ်မှု များခဲ့တဲ့ အိမ်ကွင်း အရှုံးရလဒ်လို့ ပြောလို့ရပါတယ်။ အမ်ပိုလီ ကတော့ ခံစစ်ကို အကောင်းဆုံး ပြင်ဆင်ရင်း တန်ပြန် တိုက်စစ် နဲ့အတူ လိုအပ်တဲ့ ရမှတ်ကို အရ ယူနိုင်ခဲ့တာပါ။ အိမ်ကွင်း အရှုံးရလဒ်ကြောင့် စီးရီးအေ နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ နာပိုလီ အတွက်တော့ အဆင့် ၁ နေရာကနေ အဆင့် ၄ နေရာအထိ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။ ၈ ပွဲမြောက် လိဂ်ပွဲ အနိုင်ရလဒ် ရရှိခဲ့တဲ့ အမ်ပိုလီ ကတော့ ဥရောပဝင်ခွင့် မျှော်လင့်ချက် အချို့ ရရှိခဲ့ပြီ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နာပိုလီတို့ နိုင်ပွဲရဖို့ အတွက် အားစိုက်လာခဲ့ပေမယ့် အိမ်ကွင်းမှာ အလုပ် မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် ဧည့်သည် အမ်ပိုလီရဲ့ တန်ပြန်တိုက်စစ် ကစားပုံကောင်းကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုရမှာပါ။ ဒီမာတန်စ်၊ လိုဇာနို၊ အယ်လ်မက်စ်၊ ဇီလင်းစကီး၊ လော်ရန်ဇိုတို့ ပါဝင်ခဲ့တဲ့ နာပိုလီရဲ့ ပွဲထွက် လူစာရင်းကလည်း အတောင့်တင်းဆုံး အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ၄-၃-၁-၂ နဲ့ ပွဲထွက်လာတဲ့ အမ်ပိုလီ ကတော့ ပီနာမွန်တီ၊ ခရူတိုနီ၊ ဘာဂျမီ၊ ဟန်ဒါဆန်၊ ဗီကာရီယိုတို့နဲ့ လူစုံခဲ့ပါတယ်။ ခြေစွမ်းပိုင်းထက် ကစားသမား အင်အားပိုင်း အသာရခဲ့တဲ့ နာပိုလီရဲ့ ဖိအားပေး ကစားဟန်ကြောင့် ပွဲအစပိုင်းမှာ အမ်ပိုလီတို့ အခက်တွေ့ခဲ့ပါသေးတယ်။ ဂိုးရလုနီးပါး အခြေအနေတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ဒီမာတန်စ် ဦးဆောင်တဲ့ နာပိုလီခံစစ် အမှားများခဲ့ပါတယ်။ ဇီလင်စကီးရဲ့ နေရာမှာ အင်ဆက်ဂ်နီ ဝင်ကစားခဲ့ပေမယ့် အမ်ပိုလီ ခံစစ် အမှားမရှိခဲ့ပါဘူး။ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပေမယ့် နှစ်ဖက်နောက်တန်းနဲ့ ဂိုးသမားတို့ အမှားနည်းခဲ့တဲ့ အတွက် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာပါ။ ဒုတိယပိုင်းရောက်မှ နှစ်သင်းလုံးရဲ့ တိုက်စစ် ကစားပုံက ထိရောက်မှု ရှိလာခဲ့ပြီး သေချာပေါက် ဂိုးရနိုင်လောက်တဲ့ အခြေအနေတွေကို ရရှိလာခဲ့ပါတယ်။ ဂိုးရဖို့အတွက် နာပိုလီ ဘက်က ပီတက်ဂျ်နာ၊ အန်ဂူဆာ၊ ပိုလစ်တာနိုတို့ ၃ ဦးလုံး လူစားလဲခဲ့သလို အမ်ပိုလီ ကလည်း ရီဆီ၊ နီကိုလက်စ်ဟက်စ်၊ ဖရက်ဒီကိုဒီဖရန်ဆစ္စကိုတို့ ၃ ဦးလုံးကို တစ်ခါတည်း လူစားလဲပြီး ပွဲကို အားစိုက်ခဲ့တာပါ။ ဒါပေမဲ့ ဂိုးရသွားတာ ကတော့ ဧည့်သည် အမ်ပိုလီ အသင်းပဲ ဖြစ်နေခဲ့ပါတယ်။ ပွဲချိန်မိနစ် ၇၀ မှာ ထောင့်ကန်ဘော ကနေတဆင့် ရရှိခဲ့တာကို တိုက်စစ်မှူး ခရူတိုနီက အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရ ပြီးတဲ့နောက် နာပိုလီတို့ ဖိအားများခဲ့ပြီး တိုက်စစ်ကို အလွန်အကျွံ ကစားခဲ့ခြင်း နဲ့အတူ ကာလူဘယ်လီ မပါတဲ့ ခံစစ်ကလည်း အမှားများခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အခွင့်အရေးကိုယ်စီ ထပ်ရခဲ့တယ် ဆိုပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။ နောက်ပိုင်း ပွဲချိန်တွေမှာ အမ်ပိုလီ ခံစစ် အမှားအယွင်း မရှိခဲ့တဲ့ အတွက် နာပိုလီတို့ အိမ်ကွင်းရှုံးပွဲ နဲ့အတူ အဆင့် ၄ နေရာကို ဆင်းပေးခဲ့ရပါတယ်။

စီးရီးအေ
လာဇီယို
ဂျီနိုအာ
1X2 ဂျီနိုအာ @ 8.50
လာဇီယိုး အာရှ ဟန်းဒီးကပ် -1.50 @ 2.21
ဂိုးပေါ် 3.00 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

နည်းဗျူဟာပိုင်းအရ အမ်ပိုလီတို့ တော်တော်လေးကို အသာရခဲ့တာပါ။ နာပိုလီ တို့ကတော့ အိမ်ကွင်းမှာ အနိုင်ရဖို့ဆိုတဲ့ ဖိအားကြောင့် အမှားများခဲ့တာလည်း ဖြစ်ပါတယ်။ ကစားသမား အင်အားပိုင်း အားသာချက်ရှိတယ် ဆိုပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့တဲ့ တိုက်စစ်က ရလဒ်ကို ထိခိုက်စေခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှု ၆၀-၄၀ နဲ့ နာပိုလီတို့ အသာရခဲ့ပေမယ့် အမ်ပိုလီ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ မှာ ၆ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ နာပိုလီ တိုက်စစ်ကို မေးခွန်းထုတ်ရမှာပါ။ အမ်ပိုလီ ကတော့ ပွဲချိန်မိနစ် ၉၀ လုံးမှာ ဂိုးကန်သွင်းမှု ၁၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၅ ကြိမ် နဲ့အတူ အနိုင်ဂိုး ၁ ဂိုးပါ ရခဲ့တယ်ဆိုပေမယ့် နည်းဗျူဟာပိုင်း အသာရခဲ့တယ်လို့ပဲ ဆိုနိုင်ပါတယ်။ သေချာတာ တစ်ခုကတော့ ဥရောပအဆင့် တိုက်စစ် ကစားသမားကောင်းတွေ ရှိတဲ့ နာပိုလီတို့ အိမ်ကွင်း ခြေချော်ခဲ့တာလို့ပဲ သတ်မှတ်ရမှာပါ။ နိုင်ပွဲရခဲ့တဲ့ အမ်ပိုလီ ကတော့ ရာသီဝက် ပွဲစဉ်တွေ မတိုင်မီ ဥရောပအဆင့် ပွဲစဉ်တွေကို မျှော်လင့်နိုင်တဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ရှုံးပွဲ ကြုံတွေ့ခဲ့တဲ့ နာပိုလီ ကတော့ လာဇီယိုကို အနိုင်ရပြီး နောက်ပိုင်း စီးရီးအေ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးမှု နဲ့အတူ အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နာပိုလီ အနေနဲ့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ အဆင့် ၂ နေရာက အေစီမီလန် အသင်းကို ရင်ဆိုင်ကစားရဖို့ ရှိနေပြီး အမ်ပိုလီ ကတော့ ဗီရိုနာရဲ့ အိမ်ကွင်းမှာ သွားကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်