နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နံနက်ခင်း သတင်းများ (၃၀/၇/၂၀၂၂)

ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ခင်း အချိန်ထိ ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


မော်ရင်ဟိုနဲ့ ပြဿနာတွေကို အတိတ်မှာ ထားခဲ့ပြီလို့ ဖွင့်ဟ လာတဲ့ ကွန်တီ 

တော့တင်ဟမ်ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီက စီးရီးအေ ကလပ် ရိုးမားနဲ့ ရင်ဆိုင်ရမယ့် ရာသီကြို ခြေစမ်းပွဲ မတိုင်ခင်မှာ ဂျိုဆေး မော်ရင်ဟိုနဲ့ အတိတ်မှာ ပြဿနာတွေ ရှိခဲ့တဲ့ အပေါ် မေ့ဖျောက်လိုက်ပြီ ဖြစ်ကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ 

စပါးနဲ့ ရိုးမား တို့ဟာ အစ္စရေးမှာ ရာသီကြို ခြေစမ်းပွဲ အဖြစ် ရင်ဆိုင်ကြမှာ ဖြစ်ပြီး ကွန်တီက “ကျနော်တို့ နှစ်ယောက် အကြားမှာ လေးစားမှု ရှိပြီး ဘောလုံး လောကမှာ ကျနော် တို့ရဲ့ သမိုင်းက ကျနော်တို့ ဘယ်သူတွေလဲ ဆိုတာကို ပြောပြနေပါတယ်” လို့ ဆိုပါတယ်။ ဆက်လက်ပြီး “အခုတော့ အရာအားလုံးက အဆင်ပြေသွားခဲ့ပြီး မော်ရင်ဟိုနဲ့ ထိပ်တိုက်တွေ့တဲ့ အခါမှာ သေချာပေါက် ပွေ့ဖက် နှုတ်ဆက်သွားမှာပါ”လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

မော်ရင်ဟိုဟာ ချဲလ်ဆီးနဲ့ စပါးနဲ့ အင်တာမီလန် တို့ကို ကိုင်တွယ်ခဲ့ဖူးသလို ချဲလ်ဆီးနဲ့ အင်တာမီလန်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ကွန်တီ ကလည်း လက်ရှိ မှာတော့ မြောက်လန်ဒန် ကလပ်ရဲ့ နည်းပြအဖြစ် တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။


ဘရုဂျက် တိုက်စစ်မှူးကို ခေါ်ယူနိုင်ခဲ့တဲ့ အေစီမီလန်

အေစီမီလန်ဟာ ကလပ် ဘရုဂျက် တိုက်စစ်မှူး ချားလ်စ် ဒီကက်တယ်လာရီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် ဘယ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး အတွက် စီးရီးအေ ကလပ် ဘက်က အပိုဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေး ယူရို ၃၆ သန်း ပေးချေရဖို့လည်း ရှိနေပါတယ်။ 

နှစ်သင်းကြား အပြည့်အဝ သဘောတူညီမှု ရရှိခဲ့ပြီး ကစားသမားနဲ့လည်း လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေ ကတည်းက ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်က အေစီမီလန် အသင်းကို ပြောင်းရွှေ့ချင်လွန်းတာကြောင့် လုပ်ခလစာ တချို့တဝက်ကို စွန့်လွှတ်ခဲ့တယ်လို့တောင် သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လိဒ်စ်ယူနိုက်တက် ကလည်း ကယ်တယ်လာရီကို ကမ်းလှမ်းခဲ့သေးသလို ဘရုဂျက် ဘက်က လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ အတိုင်း ပေးချေခဲ့ပေမယ့် ကစားသမားရဲ့ ဆန္ဒအရ အေစီမီလန် အသင်းကိုပဲ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်း အတွင်း ဆေးစစ်မှု ခံယူသွားမှာ ဖြစ်ပြီး အဲ့ဒီနောက် မှာတော့ ကက်တယ်လာရီက အေစီမီလန်ရဲ့ တရားဝင် ကစားသမား ဖြစ်လာတော့မှာပါ။ ကက်တယ်လာရီဟာ အက်ဒ်လီ၊ အိုရီဂီတို့ ပြီးနောက် လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အေစီမီလန် အတွက် တတိယမြောက် ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။ 


စီးရီးအေမှာ ပျော်ရွှင်နေကြောင်း ဖွင့်ဟလာတဲ့ ရိုးမား တိုက်စစ်မှူး အေဘရာဟမ် 

ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ်က သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ဖို့ စိတ်လောနေတာမျိုး မရှိကြောင်းနဲ့ အီတလီမှာ လူတိုင်းရဲ့ လေးစားမှု ရရှိနေတာကြောင့် ပျော်ရွှင်နေကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ 

အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ယောက် ဖြစ်ခဲ့ပြီး ရိုးမားနဲ့ အတူ ယူရိုပါကွန်ဖရင့်လိဂ် ချန်ပီယံဆုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီကစားသမားဟာ မော်ရင်ဟို စိတ်ကြိုက် ကစားသမား တစ်ယောက် ဖြစ်ပေမယ့် သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ရရင် စီးရီးအေ ကလပ် ရိုးမား ဘက်က ရောင်းထုတ်သွားဖွယ် ရှိကြောင်း သတင်း ဖော်ပြမှုတွေတော့ ရှိနေပါတယ်။ အခုလက်ရှိ အသင်းမှာ ဒီဘားလား ရောက်ရှိလာတာ၊ နောက်ထပ် တိုက်စစ်မှူးသစ် ရှာဖွေနေတာတွေကြောင့် အေဘရာဟမ် ထွက်ခွာဖွယ် ရှိကြောင်း ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အေဘရာဟမ် ကတော့ “ကျနော် ပရီးမီးယားလိဂ်ကို ပြန်ဖို့ လောနေတာမျိုး မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာ ကျနော့် ကစားဟန်အတိုင်း ပုံဖော်နိုင်ပြီး လူတိုင်းရဲ့ လေးစားမှုတွေနဲ့ ပျော်ရွှင်နေလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်