နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နံနက်ခင်း သတင်းများ (၂၉/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ခင်း ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


အင်တာ နောက်ခံလူ နှစ်ဦးကို ပေါင် သန်း ၁၀၀ နီးပါး သုံးပြီး ခေါ်မယ့် ချဲလ်ဆီး

အကယ်၍ ဆီဇာ အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆိုတို့ နှစ်ဦးစလုံးကို လက်လွှတ်ခဲ့ရမယ် ဆိုရင် ချဲလ်ဆီး အနေနဲ့ စီးရီးအေ ကလပ် အင်တာမီလန်ကို ကြီးမာတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ Tuttosport က ဖော်ပြလာပါတယ်။

သတင်းအရ ဆိုရင် ချဲလ်ဆီးက အင်တာမီလန် နောက်ခံလူတွေ ဖြစ်တဲ့ မီလန် ရှက်ခရီနီယာနဲ့ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို ပစ်မှတ်ထားနေခဲ့ပြီး ဒီကစားသမား နှစ်ဦး အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၉၆ သန်း ဝန်းကျင် သုံးစွဲဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

လန်ဒန် အခြေစိုက် ကလပ် အနေနဲ့ လက်ရှိအချိန်ထိ ရာဟင်းမ် စတာလင်နဲ့ ကာလီဒူ ကူလီဘာလီ တို့ ၂ ဦးသာ ခေါ်ယူထားနိုင်သလို ပစ်မှတ်ထားခဲ့သမျှ ကစားသမားတိုင်းလိုလို ကလည်း ဘာစီလိုနာရဲ့ ကြားဖြတ် လုယူခြင်း ခံထားရပါတယ်။ ဒါတင် မကသေးပဲ ကတ်တာလန် ကလပ်ဟာ အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆို ကိုပါ အခုနွေရာသီမှာ အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ချဲလ်ဆီးတို့ ကြိုတင် ပြင်ဆင်နေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီး အနေနဲ့ ရှက်ခရီနီယာနဲ့ ဒမ်းဖရီးစ် တို့ကို ခေါ်ယူဖို့ အတွက် လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ထိပ်တိုက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယား ခံစစ်မှူး ရှက်ခရီနီယာ ကိုတော့ ပြင်သစ် ကလပ် ပီအက်စ်ဂျီက ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းထားပြီး အင်တာမီလန် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် အနည်းဆုံး ပေါင် ၅၈ သန်း လိုချင်နေတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင် ငွေကြေးအင်အား တောင့်တင်းတဲ့ ချဲလ်ဆီးတို့ ရှက်ခရီနီယာ အတွက် ဈေးမဆစ်ပဲ အင်တာ လိုချင်တဲ့ ပေါင် ၅၈ သန်း ပေးချေဖို့ ရှိသလို ဒမ်းဖရီးစ် အတွက် ကိုတော့ ပေါင် ၃၇ သန်း၊ စုစုပေါင်း ပေါင် ၉၆ သန်း ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


ပေါ့ဘာ ဒဏ်ရာ အကြောင်းပြုပြီး အသင်းဟောင်းနဲ့ ပြန်ပေါင်းထုပ်ချင်နေတဲ့ ပီယာနစ်

ဘာစီလိုနာ ကွင်းလယ်လူ မီရာလမ် ပီယာနစ် ကတော့ အသင်းဟောင်း ဖြစ်တဲ့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ပြန်လည် ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ဂျူဗင်တပ်စ် ကလည်း ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရနိုင်တဲ့ ပေါလ် ပေါ့ဘာ နေရာမှာ အစားထိုးဖို့ နောက်ထပ် ကွင်းလယ် ကစားသမား တစ်ဦး ထပ်မံ ရှာဖွေနေရတာ ဖြစ်ပါတယ်။ စီးရီးအေ ထိပ်သီး ကလပ်ဟာ ပြင်သစ် ကွင်းလယ် ကြယ်ပွင့်ကို ပြန်လည် ခေါ်ယူထားနိုင်ခဲ့တာကြောင့် သက်တမ်း ၁ နှစ် ကျန်ရှိနေသေးတဲ့ အာရွန် ရမ်ဆေး ကိုတောင် စာချုပ် ဖျက်သိမ်းပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဘာဟာ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်မှာ ဒူးဒဏ်ရာရသွားခဲ့ပြီး သူ့အနေနဲ့ ခွဲစိတ်ကုသမှု ခံယူမယ် ဆိုရင်တော့ နှစ်ကုန်ပိုင်းလောက် အထိ အနားယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် ဂျူဗီတို့ ကွင်းလယ် ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်လာခဲ့ပြီး စောင့်ကြည့် ကစားသမား စာရင်းမှာ ပီယာနစ်လည်း ပါဝင်နေကြောင်း သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

စီးရီးအေ
အေစီမီလန်
အူဒီးနီးစ်
1X2 သရေ (Draw) @ 4.40
ဂိုးပေါ် 2.50 @ 1.81
ဂိုးပေါင်း 2-3 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာ တို့ဟာ ၂၀၂၀ ခုနှစ်က ပီယာနစ်နဲ့ အာသာ မယ်လို တို့ကို တိုက်ရိုက် အလဲအလှယ် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား နှစ်ဦးစလုံးဟာ အသင်းပြောင်းပြီး ကတည်းက ပုံမှန် ခြေစွမ်း လုံးဝ ပျောက်ဆုံးနေတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားနေသူတွေ ဖြစ်ပါတယ်။

အီတလီ သတင်း စာမျက်နှာ တစ်ခု ဖြစ်တဲ့ Calciomercato ကတော့ ပြီးခဲ့တဲ့ ရာသီက တူရကီ ကလပ် ဘက်ဆစ်တပ်စ်ကို အငှားထွက်ကစားခဲ့ရတဲ့ ပီယာနစ်ဟာ ဘာစီလိုနာ နည်းပြ ဇာဗီရဲ့ စီမံကိန်းထဲမှာ ပါဝင်ခြင်း မရှိတာကြောင့် ဂျူဗင်တပ်စ်ကို ပြန်လည် ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြထားပါတယ်။ သို့ပေမယ့်လည်း အခုချိန်ထိတော့ ဂျူဗင်တပ်စ် ဘက်က ပီယာနစ်ကို ပြန်လည် ခေါ်ယူဖို့ အတွက် ဘာစီလိုနာ အသင်းထံ ချိတ်ဆက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။


အေစီမီလန်ကို ပြောင်းချင်လွန်းလို့ လစာ တချို့တဝက် ကိုတောင် စွန့်လွှတ်ခဲ့တဲ့ ကတ်တယ်လာရီ

ကလပ် ဘရုဂျက်ရဲ့ လူငယ် တိုက်စစ်မှူး ချားလ်စ် ဒီကတ်တယ်လာရီ ကတော့ စီးရီးအေ ချန်ပီယံ အေစီမီလန် အသင်းထံ ပြောင်းရွှေ့နိုင်ဖို့ အတွက် သူရရှိနေတဲ့ လစာငွေ တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဂျီယန်လူကာ ဒီမာဇီယို ကတော့ အသက် ၂၁ နှစ် အရွယ် ဘယ်ဂျီယံ လက်ရွေးစင်ရဲ့ ကလပ် ဘရုဂျက်မှာ ကစားနေစဉ် အတွင်း ရရှိတဲ့ လစာ ပမာဏကိုရော၊ အေစီမီလန်မှာ လစာ ဘယ်လောက်ရမယ် ဆိုတာရော ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင်က သူ့ရဲ့ အပြောင်းအရွှေ့ အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ တိုးတက် မြန်ဆန်လာစေဖို့ ရည်ရွယ်ပြီး အခုလို ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

အခုနွေရာသီမှာ ဘယ်ဂျီယံ ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် အေစီမီလန် အားကစား ဒါရိုက်တာ မာလ်ဒီနီနဲ့ ကလပ် ဘရုဂျက်က မက်ဆာရာတို့ အကြိမ်ပေါင်း များစွာ တွေ့ဆုံထားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အေစီမီလန်တို့ ကတ်တယ်လာရီကို ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီး ဘယ်ဂျီယံ ကလပ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

အစောပိုင်း သတင်းတွေအရ ဆိုရင် အေစီမီလန်တို့ ကတ်တယ်လာရီကို ခေါ်ယူဖို့ အတွက် ကနဦး ယူရို ၃၂ သန်းနဲ့ အပိုဆုကြေား ယူရို ၃ သန်း ပေးချေရဖို့ ရှိနေကြောင်းလည်း သိရပါတယ်


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်