နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နံနက်ခင်း သတင်းများ (၂၈/၇/၂၀၂၂)

အခု တစ်ခါ မှာတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


မယ်လို အတွက် ယူရို သန်း ၃၀ မပေးချင်တဲ့ အာဆင်နယ်

အာဆင်နယ် အနေနဲ့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကွင်းလယ်လူ အာသာ မယ်လိုကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၃၀ သုံးစွဲလိုခြင်း မရှိကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

Tribal Football မှာတော့ အာဆင်နယ် နည်းပြ မီခယ် အာတေးတား အနေနဲ့ ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့်ဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမား အတွက် ဂျူဗင်တပ်စ် တောင်းဆိုထားတဲ့ ဈေးနှုန်းအတိုင်း ပေးချေဖို့တော့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ နည်းပြ မက်စ်အယ်လီဂရီ အနေနဲ့ ပေါလ်ပေါ့ဘာနဲ့ ဇာကာရီယာတို့ကို အဓိက ကွင်းလယ် ကစားသမားတွေ အဖြစ် အသုံးပြုဖို့ ရှိနေတာကြောင့် တူရင် ကလပ်ဟာ အာသာ မယ်လိုကို ယူရို သန်း ၃၀ နဲ့ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ 

လက်ရှိ အာဆင်နယ် ကွင်းလယ်မှာ ပါတေး၊ ချာကာ၊ အဲလ်နီနီ၊ လိုကွန်ညာတို့ ရှိနေပေမယ့် နည်းပြ အာတေးတား ကတော့ ပိုပြီး အင်အား တောင့်တင်းစေဖို့ အတွက် နောက်ထပ် ကစားသမားသစ် တစ်ဦး ထပ်မံ ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ Sky Sport  သတင်းထောက် ဒါမက်ရှ် ဆက်သ်ရဲ့ ဖော်ပြချက်အရ ဆိုရင် အာဆင်နယ်တို့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ နီးပါး သုံးစွဲဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအထိတော့ ဂျေဇုစ်၊ ဖေဘီယို ဗီအဲရာ၊ မာကင်ညော့စ်၊ မတ်တန်နာ၊ ဇင်ချန်ကို တို့ကို ခေါ်ယူဖို့ အတွက် စုစုပေါင်း ပေါင်သန်း ၁၄၀ သုံးစွဲထားပြီး ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.50 @ 2.02
ဂိုးပေါင်း 0-1 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အေစီမီလန်ကို ပြောင်းချင်ရင် လစာလျှော့ယူ ရမယ့် ဇီယက်ချ်

ချဲလ်ဆီး တောင်ပံ ကစားသမား ဟာကင်မ် ဇီယက်ဇ် အနေနဲ့ စီးရီးအေ ကလပ် အေစီမီလန် အသင်းကို ပြောင်းရွှေ့မယ် ဆိုရင်တော့ လုပ်ခလစာ လျှော့ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ အံမဝင် ဖြစ်နေတဲ့ မော်ရိုကို တောင်ပံ ကစားသမားကို ချဲလ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် ၈.၄ သန်းလောက် ရရင်ကို ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေပြီး ဇီယက်ချ် အနေနဲ့ စီးရီးအေ ချန်ပီယံ အသင်းထံ ပြောင်းရွှေ့ချင်ရင်တော့ မဖြစ်မနေ လုပ်ခလစာ လျှော့ယူ မှသာ အဆင်ပြေနိုင်မယ့် အခြေအနေလည်း ဖြစ်ပါတယ်။ 

ဇီယက်ချ်ဟာ လက်တလော ချဲလ်ဆီးမှာ တစ်နှစ် လုပ်ခ ပေါင် ၅ သန်း ရရှိနေပြီး ဒီပမာဏ ကိုတော့ အေစီမီလန် ဘက်က ပေးချေဖို့ မတတ်နိုင်တာလည်း ဖြစ်ပါတယ်။ 

တစ်ဖက် မှာလည်း အေစီမီလန်တို့ ကလပ် ဘရုဂျက် တိုက်စစ်မှူး ချားလ်စ် ဒီ ကတ်တယ်လာရီကို ကြိုးပမ်းနေပေမယ့် လက်ရှိ အပြောင်းအရွှေ့ အတွက် အသင်းရဲ့ အဓိက ပစ်မှတ် ဇီယက်ချ် ကိုတော့ ဦးစားပေး ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ကတ်တယ်လာရီ ကိုတော့ အေစီမီလန်တို့ လိဒ်စ်နဲ့ အပြိုင် ကြိုးပမ်းနေရပြီး အခုလောလောဆယ် မီလန်တို့ လိဒ်စ်ထက် ၄ သန်းလျော့ပြီး ပေါင် ၂၇ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘရုဂျက် ဘက်ကတော့ သူ့တို့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး အတိုင်း ပေးချေမှပဲ သဘောတူညီမှု ရနိုင်မှာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားထားခဲ့ပါတယ်။


စီးရီးအေ ကစားသမားတွေ လိုက်ခေါ်နေတဲ့ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ကတော့ ဆာဆွယ်လို တိုက်စစ်မှူး ဆကမ်မက်ကာကို ခေါ်ယူပြီးနောက် စီးရီးအေ ကလပ် နာပိုလီရဲ့ ကွင်းလယ်လူ ပီအိုတာ ဇီလင်းစကီးကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ 

 အီတလီ သတင်းစာ တစ်ခု ဖြစ်တဲ့ Alfredo Pedulla ရဲ့ ဖော်ပြချက်အရ နာပိုလီက ဇီလင်းစကီးရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ သတ်မှတ်ထားပေမယ့် ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုတွေက အခုအချိန်ထိတော့ အလှမ်းဝေးကွာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းရဲ့ ပထမ အကြိမ် ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းချက် ကတော့ ချက်ချင်း ပယ်ချခံခဲ့ရပြီး လက်တလော ယူရို သန်း ၃၀နဲ့ တိုးမြှင့် ကမ်းလှမ်းချက်ကိုတော့ နာပိုလီ ဘက်က စဉ်းစားနေတယ်လို့ သိရပါတယ်။အသက် ၂၈ နှစ် အရွယ် ပိုလန် လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ နာပိုလီနဲ့ စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိပေမယ့် ကလပ် ဘက်ကတော့ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို လျှော့ချချင်တာကြောင့် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ဇီလင်းစကီးကို ပြီးခဲ့တဲ့ ရက်ပိုင်းက အေစီမီလန် ကလည်း ချိတ်ဆက်လာခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်