နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နံနက်ခင်း သတင်းများ (၂၇/၇/၂၀၂၂)

အခု တစ်ခါ မှာတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင် ၂၇ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရမ်ဆေးကို စာချုပ်ဖျက်သိမ်းပေးလိုက်တဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ သူတို့ အသင်းရဲ့ ကွင်းလယ် ကစားသမား အာရွန် ရမ်ဆေးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပေးလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ တနည်းအားဖြင့် စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးပေမယ့် ရမ်ဆေး ဘက်က ဖျက်သိမ်းပေးဖို့ တောင်းဆိုလာမှုကို ဂျူဗင်တပ်စ်က လိုက်လျောပေးခဲ့တာလည်း ဖြစ်ပါတယ်။

အီတလီ ထိပ်သီး ကလပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စာလုံးရေ ၁၃ လုံးသာ ပါရှိခဲ့ပြီး သူတို့ရဲ့ တရားဝင် တွစ်တာ အကောင့်ကနေ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် ဝေးလ်စ် လက်ရွေးစင်ဟာ တူရင် ကလပ်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်း ရရှိနေသူ ဖြစ်ပေမယ့် ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ ရာသီက စကော့တလန် ကလပ် ရိန်းဂျားစ်မှာ အငှားထွက်ကစားခဲ့ရသူ ဖြစ်ပါတယ်။

လက်တလော အသင်းလက်မဲ့ ဖြစ်နေတဲ့ အာရွန် ရမ်ဆေးကို စီးရီးအေ တန်းတက် ကလပ် မွန်ဇာက စိတ်ဝင်စားနေပြီး တူရကီ ကလပ် တွေကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အစောပိုင်းက အန်ဒရီယာ ပီယာလို ကိုင်တွယ်နေတဲ့ တူရကီ စူပါလိဂ် ကလပ် ဖာတီ ကာရာဂူမရက်ခ်ကို ပြောင်းရွှေ့ကစားဖို့ ငြင်းဆန်ခဲ့ပေမယ့် ရမ်ဆေး အနေနဲ့ နာမည်ကြီး ဂါလာတာစာရေး ကိုတော့ စဉ်းစားသွားဖွယ် ရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ဝေးလ်စ် အသင်းဖော် ဂါရက်သ်ဘေးလ် လိုပဲ အမေရိကန် မေဂျာလိဂ် ကိုပဲ ပြောင်းရွှေ့ အခြေချသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဒီပိုင်းကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေတဲ့ တူရင် ကလပ်

စပိန် နာမည်ကြီး သတင်းစာ မာကာရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် လည်း ပါဝင်လာပြီလို့ သိရပါတယ်။

ဘာစီလိုနာက ယူရို သန်း ၂၀ ဝန်းကျင် ရရှိရင် ရောင်းထုတ်မယ့် မမ်းဖစ် ဒီပိုင်း ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့က စိတ်ဝင်စားနေကြောင်း အစောပိုင်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဝူဗာဟမ်တမ်
1X2 လိဒ် ယူနိုက်တက် @ 2.21
ဂိုးပေါ် 2.50 @ 2.00
ဂိုးပေါင်း 0-1 @ 3.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ် ကလည်း လက်ရှိ အပြောင်းအရွှေ့မှာ ထွက်ခွာသွားတဲ့ ပေါ်လို ဒီဘားလားနဲ့ နေရာမှာ ပြန်လည် ဖြည့်တင်းဖို့ တိုက်စစ်မှူး တစ်ဦး လိုအပ်နေသလို ဘာစီလိုနာ ဘက်က ကစားသမား အတွက် သတ်မှတ်ထားတဲ့ ပမာဏကြောင့်လည်း စိတ်ဝင်စားနေတာ ဖြစ်ကြောင်း မာကာက ဖော်ပြထားပါတယ်။

အစောပိုင်း သတင်းတွေအရ ဒီပိုင်းဟာ တော့တင်ဟမ်ဟော့စပါးရဲ့ ကမ်းလှမ်းမှုကို သဘောမကျတာကြောင့် ငြင်းဆန် ပယ်ချထားခဲ့ပြီး သူ့ရဲ့ အသက်အရွယ်အရ ဆုဖလား အောင်မြင်မှု ရနိုင်တဲ့ အသင်းမျိုးကို ပြောင်းရွှေ့ ကစားဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။


ကွန်ဒေးကို မရလို့ ဒမ်းဖရီးစ်ကို ပြောင်းလဲ ကြိုးစားမယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်း ကတော့ ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူဖို့ မျှော်လင့်ချက် နည်းသထက် နည်းလာခဲ့တာကြောင့် စီးရီးအေ ကလပ် အင်တာမီလန်က အရောင်းစာရင်း တင်ထားတဲ့ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို ပြောင်းလဲ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီး အနေနဲ့ ကာလရှည်ကြာ ပစ်မှတ်ထားခဲ့တဲ့ ကွန်ဒေးကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာကြောင့် အင်တာမီလန် တောင်ပံ ခံစစ် ကစားသမား ဒမ်းဖရီးစ်ကို ပြောင်းလဲ ခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ အင်္ဂလန် မီဒီယာ တစ်ခု ဖြစ်တဲ့ Evening Standard က ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ညာနောက်ခံလူ ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာ ကလည်း အပြိုင် ကြိုးပမ်းဖွယ် ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ချဲလ်ဆီးနဲ့ တောက်လျောက် ထိပ်တိုက် တွေ့ဆုံနေတဲ့ အသင်းလို့တောင် ပြောလို့ ရပါတယ်။ ကတ်တာလန် ကလပ် ဟာ အစောပိုင်းကလည်း ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့တဲ့ ရာဖင်ညာကို လုပြီး ခေါ်ယူနိုင်ခဲ့သလို အခု လက်ရှိ မှာလည်း မြောက်လန်ဒန် ကလပ် ကာလရှည်ကြာ ပစ်မှတ်ထားခဲ့တဲ့ ကွန်ဒေးကို ကြားဖြတ် ခေါ်ယူဖို့ အခြေအနေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇာဗီရဲ့ အသင်းဟာ လက်ရှိ နွေရာသီမှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ခရစ္စတန်ဆန်ကို အလွတ်နဲ့ ခေါ်ယူထားသလို နောက်ထပ် နောက်ခံလူတွေ ဖြစ်တဲ့ အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆို တို့ကိုလည်း ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်