နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – မနက်ခင်း သတင်းများ (၂၃/၉/၂၀၂၂)

စက်တင်ဘာ ၂၃ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာနဲ့ ဂျူဗီဟာ ချန်ပီယံ ပြေးလမ်း ကနေ သွေဖယ်သွားခဲ့ပြီလို့ ဆိုလိုက်တဲ့ အီတလီ ဂန္တဝင် နည်းပြဟောင်း

ရာသီအစ အထနှေးမှုတွေကြောင့် အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် တို့ဟာ စီးရီးအေ ချန်ပီယံ ပြေးလမ်း ကနေ စောစောစီးစီး သွေဖယ်သွားခဲ့ပြီလို့ အီတလီ ဂန္တဝင် နည်းပြကြီး အာရီဂို ဆက်ချီက ယုံကြည်နေပါတယ်။ ဆက်ချီက La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ အခုလို သုံးသပ်သွားခဲ့တာ ဖြစ်ပြီး အင်တာမီလန် နည်းပြ ဆိုင်မွန် အင်ဇာဂီနဲ့ ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီ တို့ရဲ့ အသင်းကို ကိုင်တွယ်မှု ပုံစံ၊ နည်းစနစ် ဗျူဟာပိုင်းတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။ 

ဆက်ချီက “အင်ဇာဂီဟာ နှစ်ပိုင်း အတွင်းမှာ အများကြီး တိုးတက်လာခဲ့ပေမယ့် တကယ်တမ်း အဆုံးသတ် မှာတော့ သူ့ စိတ်ကြိုက် နည်းဗျူဟာ ကိုပဲ အသုံးပြုတတ်သူ ဖြစ်ပါတယ်။ သူ့ရဲ့ ခံယူချက်က အခုထိ မပြောင်းလဲသေးပါဘူး။ နီရာဇူရီ တွေဟာ ၅-၃-၂ ကိုပဲ အခြေခံပြီး ကစားနေပါတယ်။ ခံစစ်မှာ ကစားသမားတွေ အများကြီး ထားနေဆဲ ဖြစ်ပါတယ်။ အဲ့တော့ ကွင်းလယ်နဲ့ တိုက်စစ် ကစားသမားတွေက ပြိုင်ဘက်ကို ထိထိရောက်ရောက် ဒုက္ခမပေးနိုင်တော့ပါဘူး။ အဲ့တော့ အဖြေက တစ်ခုပဲ ရှိပါတယ်။ အန်တိုနီယို ကွန်တီ လက်ထက်တုန်းကလို တိုက်ပွဲဝင်လိုစိတ်နဲ့ ကစားပြီး ရင်းသင့်တာ ရင်းရမယ်” လို့ ဆိုပါတယ်။

အဲ့နောက် ဂျူဗင်တပ်စ် နည်းပြ အယ်လီဂရီနဲ့ ပတ်သတ်လို့တော့ ဆက်ချီက “သူဟာ အရင်တုန်းက နိုင်ပွဲတွေ အများကြီး ရယူပေးခဲ့သူ တစ်ယောက်ပါ။ ဒါပေမယ့် အခုအချိန် မှာတော့ အရင်က သူ့ကို ချီးကျူးခဲ့တဲ့ ပရိသတ်တွေ ကတောင် သူ့ကို ဝေဖန်နေကြပါပြီ။ သူ့ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းမှာ မယ်မယ်ရရ အောင်မြင်မှုတွေ မရခဲ့သလို အသင်း ကလည်း ရုန်းကန်နေရတာ ကြာပါပြီ။ သူ့ရဲ့ ကစားဟန်က ကမ္ဘာ့အဆင့် ကစားသမားတွေ အပေါ်မှာ အခြေခံထားပေမယ့် စုစည်းမှုတော့ မရှိပါဘူး။ ခံစစ် အလွန်အကျွံ ကစားပြီး တိုက်စစ်ဖွင့် ကစားဖို့ လိုအပ်နေတယ် ထင်ပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။


အီတလီ လူစာရင်း အတွက် ရွေးချယ်ခြင်း မခံခဲ့ရတဲ့ ဇန်နီယိုလိုနဲ့ ဇာကာနီ

တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေပေမယ့် နည်းပြ ရော်ဘတ်တို မန်ချီနီက နီကိုလို ဇန်နီယိုလိုနဲ့ မတ်တီယာ ဇကာနီ တို့ကို အီတလီ လက်ရွေးစင် အသင်း လူစာရင်းမှာ ထည့်သွင်း ရွေးချယ်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ 

ရိုးမား ညာတောင်ပံ ကစားသမား ဇန်နီယိုလိုနဲ့ လာဇီယို ဘယ်တောင်ပံ ကစားသမား ဇကာနီ တို့ နှစ်ဦးစလုံးဟာ လက်ရှိ ရာသီ စီးရီးအေ မှာ သက်ဆိုင်ရာ ကလပ်တွေ အတွက် ခြေစွမ်းပြနေသူတွေ ဖြစ်ပါတယ်။ မန်ချီနီက ကစားသမားတွေ ပွဲဆက် များနေမှုနဲ့ ကြံခိုင်မှု မပြည့်ဝခြင်းတို့ကို အကြောင်းပြခဲ့ပေမယ့် တကယ်တမ်း နောက်ကွယ်မှာ လူမသိသေးတဲ့ အကြောင်းအရာ တချို့ ရှိနေတယ်လို့ သိရပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဂျာမနီ
ဟန်ဂေရီ
1X2 သရေ (Draw) @ 5.40
ဂိုးပေါ် 3.00 @ 1.90
ဂိုးပေါင်း 0-1 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

La Repubblica ရဲ့ ဖော်ပြချက်အရ ဆိုရင် အီတလီ နည်းပြဟာ ဇန်နီယိုလိုနဲ့ ဇကာနီ တို့ကို လူမသိသူမသိ လက်ရွေးစင် အသင်း ကစားသမား အဖြစ် ကနေ ရပ်နားထားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီကစားသမား နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ အတွင်း အာဂျင်တီးနား၊ ဂျာမနီ၊ ဟန်ဂေရီ၊ အင်္ဂလန် တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေရဲ့ လူစာရင်း မှာတောင် ပါဝင်ခဲ့ပါသေးတယ်။ အဲ့ဒီ အချိန်တုန်းက ရိုးမား ကစားသမားဟာ ဒူးဒဏ်ရာ ရနေသလို လာဇီယို ကစားသမား ဟာလည်း အသေးစား ဒဏ်ရာရနေခဲ့တာ ဖြစ်ပါတယ်။ 

ဇန်နီယိုလာ ဟာ ယူရိုပါကွန်းဖရင့်လိဂ် ချန်ပီယံဆု ရရှိခဲ့ပြီးနောက် ရောမ မြို့အတွင်း လှည့်လည် အောင်ပွဲခံစဉ် အသင်း ပရိသတ်တွေနဲ့ အတူ မြို့ခံ ပြိုင်ဘက် လာဇီယို ကို ပုတ်ခတ်ပြီး သီချင်း သီဆိုခဲ့လို့ မန်ချီနီရဲ့ အရေးယူခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။


ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို လုံးဝ မငြင်းဆန်နိုင်ခဲ့ဘူးလို့ ဖေဘီယန် ဖွင့်ဟ

လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းလာချိန်မှာ ဘယ်လိုမှ မငြင်းဆန်နိုင်ခဲ့ဘူးလို့ ဖေဘီယန် ရူအစ်ဇ်က ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ စပိန် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က စီးရီးအေ ကလပ် နာပိုလီ ကနေ ပီအက်စ်ဂျီ အသင်းထံ ယူရို ၂၁.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။

El Paris နဲ့ အင်တာဗျူးမှာ ရူအစ်ဇ်က “ကမ်းလှမ်းမှု ရောက်လာချိန်မှာ ကျနော်တို့ အားလုံး အတွက် အရမ်းကောင်းတဲ့ အရာ တစ်ခုလို့ ယုံကြည်ခဲ့ပါတယ်။ ပီအက်စ်ဂျီလို သမိုင်းသစ် ရေးထိုးဖို့ အတွက် စီမံကိန်းချပြီး လုပ်ဆောင်နေတဲ့ အသင်းကို ငြင်းဆန်ဖို့ ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။”

“ကျနော် နာပိုလီနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ပါသေးတယ်။ နာပိုလီ အသင်းရော ကျနော် ကိုယ်တိုင်ပါ ပီအက်စ်ဂျီနဲ့ ညှိနှိုင်းဖို့ကို စိတ်ဝင်စားခဲ့ပါတယ်။ အရမ်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော် ထင်ပါတယ်။

ဒါ့အပြင် ဖေဘီယန် အနေနဲ့ နေမာ၊ မက်ဆီ၊ အမ်ဘာပေး တို့လို ကမ္ဘာ့ကောင်းဆုံး ကစားသမားတွေနဲ့ တစ်သင်းတည်း ကစားခွင့်ရလို့လည်း ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီလို ကစားသမားကောင်းတွေ အများအပြား ရှိနေပြီးသား အသင်း တစ်သင်းမှာ ဖေဘီယန် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရဖို့ ရှိနေပြီး လက်တလော မှာလည်း ပြင်သစ် ချန်ပီယံ အတွက် မိနစ် ၁၀၀ ကျော်သာ ကစားခွင့်ရထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်