နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – မနက်ခင်း သတင်းများ (၂၁/၉/၂၁၂၂)

စက်တင်ဘာ ၂၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒိုင်ယာကို ဘိုနူချီနဲ့ ခိုင်းနှိုင်းခဲ့တဲ့ ကွန်တီကို ကက်စ်ကာရီနို ဝေဖန်

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တိုနီ ကက်စ်ကာရီနိုက တော့တင်ဟမ်ဟော့စပါး နောက်ခံလူ အဲရစ် ဒိုင်ယာကို ဂျူဗင်တပ်စ် နောက်ခံလူ လီယိုနာဒို ဘိုနူချီနဲ့ နှိုင်းယှဥ်တဲ့ ကွန်တီကို ပြန်လည် ဝေဖန်သွားခဲ့ပါတယ်။

ကွန်တီက ဒိုင်ယာအနေနဲ့ ဘိုနူချီကို ဥပမာယူသင့်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပြီး ကက်စ်ကာရီနိုက ဒီပြောစကားကို ပြန်လည် တုံ့ပြန်ခဲ့တာပါ။ ကက်စ်ကာရီနိုက “ဒိုင်ယာက ကောင်းမွန်တဲ့ ရာသီအဖွင့်ကို ပိုင်ဆိုင်ထားပေမယ့် သူ့ကို ဘိုနူချီနဲ့ နှိုင်းယှဥ်ဖို့ ဆိုတာ အဝေးကြီး လိုပါသေးတယ်”

“ဒိုင်ယာက ဘိုနူချီလို စွယ်စုံရ ကစားသမား တယောက် မဟုတ်ပါဘူး။ သူက ကွင်းလယ်လူ တယောက်ဖြစ်ဖို့ အတွက် အဆင်မပြေခဲ့သူ တယောက်ပါ။ သူ ဘာမှလုပ်ပြထားနိုင်တာ မရှိသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဘိုနူချီဟာ လက်ရှိအချိန်မှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ရဲ့ အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ အီတလီ ဝါရင့် ဗဟိုနောက်ခံလူက ကလပ် ကစားသမား ဘဝမှာရော၊ နိုင်ငံကစားသမား ဘဝ မှာပါ လေးစားလောက်စရာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


ကစားသမားတွေကို ဒိုင်ဗင် ထိုးခိုင်းရတော့မယ်လို့ မော်ရင်ဟို အရွဲ့တိုက်

ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုက အတ္တလန်တာကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ရသင့်ရထိုက်တဲ့ ပင်နယ်တီ မရတဲ့ အပေါ် အရွဲ့တိုက် ပြောကြားလာခဲ့ပါတယ်။

ဒီပွဲမှာ ဇာနီယိုလိုက ပြိုင်ဘက် ဂိုးဧရိယာ အတွင်း သိသိသာသာ ပြစ်ဒဏ် ကျူးလွန်ခံခဲ့ရပေမယ့် ဒိုင်လူကြီးက ပင်နယ်တီ မပေးခဲ့ပါဘူး။ ဒီအပေါ်မှာ အပြင်းအထန် စောဒကတက်ခဲ့တဲ့ မော်ရင်ဟို ကလည်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲအပြီးမှ မော်ရင်ဟိုက “ဒါက ရှင်းလင်း ပြတ်သားတဲ့ ပင်နယ်တီပါ။ ဒိုင်လူကြီးကို မေးတော့ ဇာနီယိုလိုက မလဲကျသွားလို့ဆိုပြီး ပြောပါတယ်။ ဒီတော့ လာမယ့် ပွဲတွေမှာ ကျနော့် ကစားသမားတွေ မလဲဘဲမနေဖို့၊ ဘောလုံးမကစားဘဲ ရေကူးကန် ရောက်နေသလိုမျိုး လူရွှင်တော် တယောက်လိုမျိုး ဒိုင်ဗင်ထိုးဖို့မှ ရတော့မှာပါ”

“ဒါမှပဲ ပင်နယ်တီရဖို့ သက်သေ ခိုင်မာတော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဒန်နီလီချစ်ဖ်ဖီကတော့ မော်ရင်ဟိုက သူပြောခဲ့တဲ့ စကားနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိခဲ့ဘူးလို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
ဘာစီလိုနာ
1X2 သရေ (Draw) @ 3.55
ဂိုးပေါ် 3.00 @ 2.09
ဂိုးပေါင်း 2-3 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အီတလီမှာ လုံခြုံရေး အစောင့်အရှောက်နဲ့ နေထိုင်နေရတဲ့ ပေါ့ဘာ

အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ တူရင်မြို့မှာ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ နေထိုင်နေရကြောင်း သိရပါတယ်။ ပေါ့ဘာဟာ ပေါင် (၁၁) သန်း ငွေညှစ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အခုလိုပဲ သူ့အသက်အန္တရာယ် အတွက် ပြင်ဆင်ပေးထားရတာ ဖြစ်ပါတယ်။

ပေါ့ဘာကို ငွေညှစ်ခဲ့တဲ့ လူဆိုးဂိုဏ်းမှာ ပေါ့ဘာရဲ့ အကို မာသီးယပ်စ် ပေါ့ဘာလည်း ပါဝင်တယ်လို့ ပေါ့ဘာ ကိုယ်တိုင်က စွပ်စွဲထားပါတယ်။ အဲ့ဒါကြောင့်လည်း စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက မာသီးယပ်စ်ပေါ့ဘာကို ဖမ်းဆီးထားကာ စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ ပေါ့ဘာကို ငွေညှစ်ခဲ့တဲ့ သူတွေထဲမှာ ငယ်သူငယ်ချင်းတွေ၊ ဆယ်ကျော်သက်အရွယ်က သူငယ်ချင်းတွေ ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ လူဆိုးဂိုဏ်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း မွေးရပ်မြေကို ပြန်ရင်း ဒီလိုမျိုး ငွေညှစ်ခံခဲ့ရတာ ဖြစ်ပြီး ပေါင် (၁၁) သန်း တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။ ရိုင်ဖယ် သေနတ် ကိုင်ဆောင်ထားပြီး မျက်နှာကို အုပ်ထားတဲ့ လူဆိုးတွေဟာ ပေါ့ဘာဆီက ပေါင် (၂.၆) သန်းကို ချက်ချင်း တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဘာရဲ့ ဘဏ်အကောင့် ကနေ ဒီလောက် များပြားတဲ့ ငွေပမာဏကို ချက်ချင်းထုတ်ပေးဖို့ ဘဏ်ဘက်ကနေ ငြင်းဆန်ခဲ့တာကြောင့် ငွေသား ပေါင် (၈) သောင်းခွဲကိုသာ ယူဆောင်သွားခဲ့ကြတယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်