နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – ညနေခင်း သတင်းများ (၂၁/၉/၂၁၂၂)

စက်တင်ဘာ ၂၁ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နှစ်ပွဲပယ် ပြစ်ဒဏ်ကြောင့် အေစီမီလန်နဲ့ ပွဲကိုပါ လွဲချော်မယ့် ဒီမာရီယာ

တန်းတက် မွန်ဇာကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပြိုင်ဘက် ကစားသမားကို ကစားပုံ ကြမ်းခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျုဗင်တပ်စ် တောင်ပံ ကစားသမား အိန်ဂျယ်လ် ဒီမာရီယာဟာ နှစ်ပွဲပယ် ပြစ်ဒဏ်ကျခံရမယ်လို့ သိရပါတယ်။

အဲ့ဒီပွဲမှာ ဒီမာရီယာက ပထမပိုင်း ပွဲကစားချိန် မိနစ် (၄၀) တည်းက အထုတ်ခံရတာ ဖြစ်ပြီး ဂျူဗင်တပ်စ် ကလည်း တန်းတက် မွန်ဇာကို အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ဒီအနီကတ်အတွက် ဒီမာရီယာက အသင်းဖော်တွေနဲ့ ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဒီမာရီယာဟာ အနီကတ် ပြစ်ဒဏ်ကြောင့် နိုင်ငံတကာ ရက်သတ္တပတ်အပြီး ကစားမယ့် ဘိုလော့ဂ်နာနဲ့ စီးရီးအေ အိမ်ကွင်းပွဲ၊ အေစီမီလန်နဲ့ အဝေးကွင်း ပွဲကျပ်တို့ကို လွဲချော်ရမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ဒီရာသီ စီးရီးအေ (၈) ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ (၂) ပွဲသာ ရရှိထားတာကြောင့် ဖိအားတွေ များနေပြီး ဒီမာရီယာရဲ့ ပွဲပယ် ပြစ်ဒဏ်က အသင်း အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့ပါတယ်။


လူကာကူရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ရိုမာနို ဖွင့်ဟ

နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူရဲ့ အနာဂတ်က ဘာအပြောင်းအလဲမှ မရှိနိုင်သေးဘူးလို့ ဆိုလိုက်ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ (၂) နှစ် အငှားစာချုပ်နဲ့ စီးရီးအေကို ရောက်ရှိလာတာပါ။

ဒါပေမယ့် ချဲလ်ဆီးက နည်းပြ အပြောင်းအလဲဖြစ်ခဲ့ပြီး ဂရေဟမ်ပေါ်တာ ရောက်လာခဲ့တာကြောင့် လူကာကူကို ပြန်လည် ခေါ်ယူကာ အပြောင်းအရွှေ့မှာ အသုံးချဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီအပေါ်မှာ ရိုမာနိုက “လူကာကူ၊ ချဲလ်ဆီးတို့အကြားမှာ ဘာမှမပြောင်းလဲပါဘူး။ အဓိက အချက်က ကစားသမား ဖြစ်ပြီး သူက အင်တာမီလန် အတွက်ပဲ အာရုံစိုက်ထားပြီး နောက်ရာသီမှာလည်း အင်တာမီလန်နဲ့ ဆက်ရှိချင်ပါတယ်”

“ချဲလ်ဆီး ဘက်ကလည်း သူ့ကို ပြန်ခေါ်ထားတာမျိုး မရှိပါဘူး။ ဒီတော့ ကျနော့် အထင် လူကာကူ ချဲလ်ဆီးကို ပြန်ဖို့က နှစ်သင်းလုံး အတွက်ရော၊ ကစားသမား အတွက်ရော ဦးစားပေး မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။


အယ်လီဂရီကို ထုတ်ပယ်ဖြစ်ခဲ့ရင် ကွန်တီကို ပြန်လည် ခေါ်ယူလိုနေတဲ့ နက်ဗက်

ဂျူဗင်တပ်စ်ဟာ ဒီရာသီ စီးရီးအေမှာ (၂) ပွဲသာ အနိုင်ရရှိထားပြီး ချန်ပီယံလိဂ် မှာလည်း ပွဲတိုင်း ရှုံးနိမ့်ထားပါတယ်။
အခုနှစ် ပြိုင်ပွဲစုံမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ဂျုဗင်တပ်စ်

ဂျူဗင်တပ်စ် ဒါရိုက်တာ ပေဗယ် နက်ဗက်ဟာ လက်ရှိနည်းပြ မက်စီမီလီယာနို အယ်လီဂရီကို ရာထူး ကနေ ထုတ်ပယ်ဖြစ်ခဲ့ရင် အသင်းနည်းပြဟောင်း အန်တိုနီယို ကွန်တီကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

ကွန်တီဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးကို ကိုင်တွယ်နေပြီး သူ့ကို ခေါ်ယူဖို့က ခက်ခဲဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အီတလီ လူမျိုး နည်းပြဟာ ပြီးခဲ့တဲ့ရာသီဝက်ကမှ စပါးကို စတင် ကိုင်တွယ်ခဲ့ပြီး လန်ဒန် မြို့ခံ အသင်းနဲ့လည်း ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

ဂျူဗင်တပ်စ်ဟာ ဒီရာသီ စီးရီးအေမှာ (၂) ပွဲသာ အနိုင်ရရှိထားပြီး ချန်ပီယံလိဂ် မှာလည်း ပွဲတိုင်း ရှုံးနိမ့်ထားပါတယ်။ အဲ့ဒါကြောင့်လည်း ဂျူဗင်တပ်စ်တို့ နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

နက်ဗက် ကတော့ ကွန်တီကို သဘောကျနေပေမယ့် ဂျူဗင်တပ်စ် အသင်းရဲ့ အကြီးအကဲ အန်ဒရီယာ အဂ္ဂါနယ်လီနဲ့ ကွန်တီ အကြား ဆက်ဆံရေးက အခုချိန်ထိ အဆင်မပြေသေးဘူးလို့ သိရပါဝယ်။

ကွန်တီဟာ (၂၀၁၄) နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာသွားခဲ့တုန်းက အဂ္ဂါနယ်လီနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တာကြောင့်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကွန်တီ အင်တာမီလန်ကို ကိုင်တွယ်ချိန်တုန်းကလည်း အဂ္ဂါနယ်လီနဲ့ ပြန်လည် တွေ့ဆုံချိန်မှာ ဆဲဆိုခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်လည်း နက်ဗက်ရဲ့ ဆန္ဒမပြည့်ဝနိုင်ဘဲ ကွန်တီ ကလည်း စပါးနဲ့ (၂၀၂၃) အထိ စာချုပ် သက်တမ်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်