နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေပယ် မှာတော့ နာပိုလီနဲ့ လက်တွဲထားတာ ပိုပြီး စိတ်ချရလိမ့်မယ် | နာပိုလီ – အေစီမီလန် (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

နာပိုလီ – အေစီမီလန်

စီးရီးအေ အမှတ်ပေးဇယား ထိပ်ပိုင်းက နာပိုလီနဲ့ အေစီမီလန်တို့ ကစားမယ့် ပွဲကလည်း ဒီတစ်ပတ် စီးရီးအေ ပွဲစဉ် ၂၈ ရဲ့ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီပွဲ ရလဒ်ဟာ စကူဒက်တို ချန်ပီယံဆု အိမ်မက် အတွက် သက်ရောက်မှု ရှိလာနိုင်လို့ နှစ်သင်းလုံးရဲ့ ခြေကုန်ထုတ် ကစားလာနိုင်ပြီး အမှားနည်းတဲ့ အသင်းကပဲ ရလဒ်ကောင်း ပိုင်ဆိုင်သွားမယ့် ပွဲလို့လည်း ဆိုနိုင်ပါတယ်။

နာပိုလီတို့ ဖေဖော်ဝါရီ လဆန်းပိုင်းက အင်တာမီလန်၊ ကက်ဂလီယာရီ တို့နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ သရေကျခဲ့လို့ ရမှတ် တချို့ ဆုံးရှုံးခဲ့ရပေမယ့် ပြီးခဲ့တဲ့ လာဇီယိုနဲ့ ပွဲမှာတော့ အရေးပါတဲ့ အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာအထိ ပြန်ရောက်လာခဲ့ပြီး ထိပ်ဆုံးက အင်တာမီလန်နဲ့ ၁ မှတ်သာ ကွာဟတော့သလို အဆင့် ၃ နေရာက အေစီမီလန်ကိုလည်း ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဝါရင့်နည်းပြ စပယ်လက်တီ လက်အောက်မှာ မထင်မှတ်ပဲ ခြေစွမ်း ခပ်မြန်မြန် တည်ငြိမ်သွားတဲ့ နာပိုလီတို့ လက်ရှိ အခြေအနေအရ ဆိုရင် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စကူဒက်တို ချန်ပီယံဆုကိုတောင် မျှော်လင့်လို့ ရနေခဲ့ပါတယ်။ ယူရိုပါလိဂ် ကနေ ထွက်ခွာလာခဲ့ရပြီး ဖြစ်လို့ တခြား အသင်းတွေ နည်းတူ စီးရီးအေ ကို အပြည့်အဝ အားစိုက်နိုင်ဖို့ ရှိနေတာကြောင့် နာပီုလီတို့ လက်ကျန် ပွဲစဉ်တွေမှာ ရမှတ် ဘယ်လောက်အထိ ရှာဖွေနိုင်မလဲ ဆိုတာပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ကွင်းလယ်က အန်ဂစ်ဆာနဲ့ လိုဇာနိုတို့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပေမယ့် အော့ဆီမန်၊ အင်ဆစ်ဂ်ညီ၊ ဇီလင်းစကီး၊ ဖေဘီယန်၊ ကူလီဘာလီ၊ ဒီလော်ရန်ဇို၊ ရူအီ၊ အော့စပီနာ တို့ ပါဝင်တဲ့ အစုအဖွဲ့နဲ့ အတူ အတောင့်တင်းဆုံး ပွဲထွက်နိုင်ဖို့ ရှိနေပါတယ်။

အေစီမီလန် ကတော့ စီးရီးအေ နဲ့ ကိုပါအီတလီယာ ပြည်တွင်း ပြိုင်ပွဲ ၂ ခုတည်းပဲ ကစားနေရပေမယ့် လိုချင်တဲ့ ရလဒ်တွေကို မရှာဖွေ နိုင်ခဲ့လို့ လက်ရှိ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်ကျသွားခဲ့ရပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အေစီမီလန်

အေစီမီလန် ကတော့ စီးရီးအေ နဲ့ ကိုပါအီတလီယာ ပြည်တွင်း ပြိုင်ပွဲ ၂ ခုတည်းပဲ ကစားနေရပေမယ့် လိုချင်တဲ့ ရလဒ်တွေကို မရှာဖွေ နိုင်ခဲ့လို့ လက်ရှိ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်ကျသွားခဲ့ရပါတယ်။ ပိုဆိုးတာက ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ စီးရီးအေ လက်ရှိ ချန်ပီယံ အင်တာမီလန်ရဲ့ ခြေချော်မှုကို အခွင့်ကောင်း မယူနိုင်ခဲ့တဲ့ အပြင် နာပိုလီရဲ့ ကျော်တက်ခြင်း ကိုပါ ခံခဲ့ရတာ ဖြစ်ပါတယ်။ ခြေစွမ်းအရတော့ သိပ်ပြီး မဆိုးလှပေမယ့် ပွဲတချို့မှာ မကြာခဏ ခြေချော်နေတတ်တာက အေစီမီလန်ရဲ့ ချန်ပီယံပြေးလမ်းကို အဟန့်အတား ဖြစ်နေစေတယ်လို့ပဲ ဆိုရပါမယ်။ အခုလာမယ့် ပွဲကိုတော့ တိုက်စစ်မှူးကြီး ဇလာတန် အီဗရာဟီမိုဗစ် အပြင် ဆိုင်မွန် ရှားနဲ့ အသင်းခေါင်းဆောင် ရိုမက်ဂ်နိုလီတို့လည်း လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ခံစစ်မှာ တွန်မိုရီ၊ ကာလူလူ အတွဲကို မြင်ရဖွယ် ရှိပြီး ဟာနန်ဒက်ဇ်၊ ကာလာဘရီယာ၊ တိုနာလီ၊ ဘန်နက်ဆာ၊ ကတ်ဆေး၊ လီယောင်၊ ဆယ်လီမေကာစ်၊ ဂျရူး တို့လည်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု အများစုမှာ နာပိုလီတို့ အေစီမီလန်ကို အသာရခဲ့ပြီး ၁၁ ကြိမ်နိုင်၊ ၈ ကြိမ် သရေ၊ ၅ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားခဲ့ပါတယ်။ အေစီမီလန်တို့ နာပိုလီနဲ့ ကစားခဲ့တဲ့ စီးရီးအေ နောက်ဆုံး ၁၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် အေစီမီလန်တို့ ၂၀၁၀ ခုနှစ် နောက်ပိုင်း နေပယ်မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲ လုံးဝ မရသေးသလို ဆန်စီရိုမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၂ ပွဲ ဆက်တိုက် ၀-၁ ရလဒ်တွေနဲ့ နာပီုလိကို အရေးနိမ့်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2  မှာတော့ နာပိုလီ အတွက် ၂.၁၇ ဆ၊ သရေ အတွက် ၃.၂၀ ဆ၊ အေစီမီလန် အတွက် ၃.၄၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ သိပ်ပြီး မကွာပေမယ့် အစဉ်အလာအရ ဆိုရင်တော့ အေစီတို့ နာပိုလီနဲ့ ကစားတိုင်း ရုန်းကန်ရတာ ၁၀ စုနှစ် တစ်ခု ကျော်သွားခဲ့ပါပြီ။ နှစ်သင်းလုံး အဆုံးသတ် သေချာတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပြီး ခံစစ်ကစားပုံလည်း မဆိုးပါဘူး။ ဒီအနေအထား အရ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရနိုင်ပေမယ့် ဂိုးမပြတ်ဖို့ များပါတယ်။ နာပိုလီပဲ ကျဉ်းမြောင်းတဲ့ ရလဒ် တစ်ခုနဲ့ အနိုင်ရသွားဦးမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်