နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီဘားလားကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းထုတ်တော့မယ့် ရိုးမား | စီးရီးအေ

စီးရီးအေ ကလပ် ရိုးမား ကတော့ အသင်းရဲ့ တိုက်စစ် ကစားသမား ပေါ်လို ဒီဘားလားကို ရောင်းထုတ်သွားတော့မယ်လို့ သိရပါတယ်။ ရိုးမား အားကစား ဒါရိုက်တာ ဖြစ်တဲ့ ဂီဆိုလ်ဖီက သူတို့ဟာ အာဂျင်တီးနား တိုက်စစ် ကစားသမား ဒီဘားလားကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး ရရှိတာနဲ့ ရောင်းချသွားမယ်လို့ အတည်ပြု ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။  

လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ် ကစားသမား ပေါ်လို ဒီဘာလားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် ရိုးမားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒီဘားလားဟာ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ မြင့်မားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူက စီးရီးအေ ကလပ် မှာပဲ ဆက်နေလိုခဲ့တဲ့ အတွက် ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ ရာသီ မှာတော့ ဒီဘားလားက စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားကာ ၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
နောက်ပိုင်းမှာ ရိုးမား အတွက် ခြေစွမ်းပြနိုင်ခြင်း မရှိတော့တဲ့ ဒီဘားလား

ဒါပေမယ့်လည်း ဒီဘားလားဟာ ဒီရာသီ စီးရီးအေ ကလပ် ရိုးမားမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို စာချုပ်သကမ်တမ်း ကလည်း ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုးမားက ဒီဘားလားကို လာမယ့် ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ကြေးနဲ့ လက်လွှတ်လိုခြင်း မရှိတာကြောင့် လာမယ့် ဇန်နဝါရီလ မှာတော့ ရောင်းထုတ်ဖို့ စီစဉ်နေခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ လက်တလော မှာတော့ ရိုးမားရဲ့ အားကစား ဒါရိုက်တာ ဂီဆိုလ်ဖီ ကိုယ်တိုင်က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အသင်းရဲ့ တိုက်စစ် ကစားသမား ဒီဘားလားကို ရောင်းထုတ်မှာ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီး ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ပါလာမိုနဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ ပေါ်လို ဒီဘားလားဟာ ၂၀၁၅ ခုနှစ်မှာ ဂျူဗင်တပ်စ်လို အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ဂျူဗင်တပ်စ် မှာတော့ ၇ ရာသီ အတွင်း ပွဲပေါင်း ၂၉၃ ပွဲ ကစားကာ ၁၁၅ ဂိုး အထိ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒီဘားလား ဟာ အစောပိုင်း ရာသီတွေမှာ တူရင် ကလပ် အတွက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့်‌ နောက်ပိုင်းမှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် မှာတော့ ရိုးမားကို ပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းလည်း ပြသနိုင်ခဲ့သလို ပထမရာသီမှာ ၃၈ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ၊ ဒုတိယ ရာသီမှာတော့ ၃၉ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိ ရာသီ မှာတော့ ဒီဘားလားက စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားကာ ၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်