နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အရှုံးသမား ဆိုပေမယ့် လိမ်ညာတတ်သူ မဟုတ်ကြောင်း ဖွင့်ဟလာတဲ့ ပေါ့ဘာ | စီးရီးအေ

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ တားမြစ်ဆေး ပြဿနာတွေ အတွက် တာဝန်ရှိပေမယ့်လည်း သူဟာ လိမ်ညာတတ်သူ တစ်ယောက် မဟုတ်ဘူးလို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ 

လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ့ဘာက စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ ဟော်မုန်းဆေးတွေ သုံးစွဲမှုကြောင့် အီတလီ နိုင်ငံမှာ ရှိတဲ့ အမျိုးသား တားမြစ်ဆေး တိုက်ဖျက်ရေးခုံရုံး (NADO)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ၄ နှစ် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ့ဘာ အနေနဲ့ အားကစားခုံရုံး (CAS) ထံ အယူခံဝင်ရာ မှာတော့ အနိုင်ရခဲ့ပြီးတော့ ၁၈ လ ပွဲပယ် ခံရမယ့် အခြေအနေကို လျှော့ချပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြင်သစ် ကွင်းလယ်လူဟောင်း ပေါ့ဘာ အနေနဲ့ လာမယ့် ဇန်နဝါရီလမှာ လေ့ကျင့်မှုတွေ စတင် ပြုလုပ်နိုင်ဖို့ ရှိပြီး မတ်လ မှာတော့ ဘောလုံး ပြန်လည် ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် Sky Sports နဲ့ ပြုလုပ်တဲ့ အင်တာဗျူး အစီအစဉ်မှာတော့ ပေါ့ဘာက အခုလိုပဲ ဖြေကြားမှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာက “အဲဒါက ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်က လိမ်ညာတတ်သူ မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်ရဲ့ အားကစားကို ချစ်တဲ့သူပါ။ ကျွန်တော်က ကစားပွဲတွေကို နှစ်သက်ပြီး ဘယ်တော့မှ မလိမ်တတ်ပါဘူး။ ကျွန်တော်က မျှတစွာ အနိုင်ယူရတာကို ကြိုက်တဲ့သူပါ။ ကျွန်တော်က အရှုံးသမား ဆိုပေမဲ့ လိမ်ညာတတ်သူတော့ မဟုတ်ပါဘူး။ ကျွန်တော်က ဖြည့်စွက်စာကို စားခဲ့တာ ဖြစ်လို့ တာဝန် တစ်ချိုတော့ ယူရမယ် ဆိုတာ သိပါတယ်။ ကျွန်တော် စစ်ဆေးမှု သုံးကြိမ် မလုပ်ခဲ့ပါဘူး။ အဲဒါက ပရော်ဖက်ရှင်နယ် တစ်ယောက်ဆီက ရလာတာလို့ ပြောခဲ့ရင်တောင်မှပေါ့။ ကျွန်တော် အပြစ်ပေးခံရရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ၄ နှစ် ဆိုတာ ကတော့ လုံးဝ မဖြစ်သင့်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ပေါ့ဘာဟာ စီးရီး‌အေ ကလပ် ဂျူဗင်တပ်စ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့်လည်း စာချုပ် ဖျက်သိမ်းဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ပေါ့ဘာက လက်ကျန် စာချုပ်ကို ဖျက်သိမ်းပြီးတော့ အသင်းသစ် ရှာဖွေဖို့သာ စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကိုယ်တိုင် ကလည်း ပေါ့ဘာနဲ့ ဂျူဗင်တပ်စ်တို့ အကြားမှာ စာချုပ်ဖျက်သိမ်းဖို့ အတွက် သဘောတူညီမှု ရရှိဖို့ ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ရိုမာနိုက CAS ရဲ့ ဆုံးဖြတ်ချက် ထုတ်ပြန်ပြီးနောက် ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ပေါ့ဘာ အနေနဲ့ ဘဝ အသစ် ပြန်လည် စတင်ဖို့ အတွက် ဒီအခြေအနေ ကသာ အကောင်းဆုံး ဖြစ်နိုင်မယ်လို့ ယူဆထားကြောင်း ဖော်ပြထားခဲ့ပါတယ်။တစ်ဖက်မှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် နည်းပြ သီယာဂို မော့တာ ကလည်း ပေါ့ဘာဟာ ကစားသမား ကောင်း တစ်ဦး ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့တော့ ဘာဆိုဘာမှ မပြောလိုသေးကြောင်း ပြောဆိုထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်