နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်မှာ ကစားဖို့ အိပ်မက် ရှိတယ်လို့ အိုဆင်ဟန် ဖွင့်ဟ၊ ဒဏ်ရာကြောင့် အင်မီုဘီလီကို လက်လွှတ်ရဖွယ် ရှိနေတဲ့ လာဇီယို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ပရီးမီးယားလိဂ်မှာ ကစားဖို့ အိပ်မက် ရှိတယ်လို့ အိုဆင်ဟန် ဖွင့်ဟ၊ ဒဏ်ရာကြောင့် အင်မီုဘီလီကို လက်လွှတ်ရဖွယ် ရှိနေတဲ့ လာဇီယို စတဲ့ သတင်းတွေ အပါအဝင် မတ် ၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ ကစားဖို့ အိပ်မက် ရှိတယ်လို့ အိုဆင်ဟန် ဖွင့်ဟ

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်က သူအနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့ အတွက် အိပ်မက် ရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာတော့ သူက အီတလီ စီးရီးအေမှာ ခြေစွမ်းပြနေပြီး ရွှေဖိနပ်ဆု အတွက် အခြေအနေ ကောင်းနေသလို အသင်းနဲ့လည်း အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ သေချာသလောက် ရှိနေတာပါ။

The Athleticနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အိုဆင်ဟန် “ ကျနော်က ကမ္ဘာ့အကောင်းဆုံး လိဂ်ကြီး ၅ ခုထဲက တစ်ခု ဖြစ်ပြီး အီတလီမှာ ကစားနေရပြီး ဒါက အံ့အားသင့်ဖို့ ကောင်းတယ်လို့ ခံစားရပါတယ်၊ လူအများအပြား ကတော့ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံး လိဂ်လို့ တွေးတောကြပါတယ်”

“ ဒါပေမယ့် အခုလည်း ကျနော်က ကမ္ဘာ့အကောင်းဆုံး လိဂ် တစ်ခုမှာ ကစားနေတာပါ၊ ကျနော် အလုပ်ကို ကြိုးစားနေပြီး ကျနော့် အိပ်မက်က တနေ့နေ့မှာ ပရီးမီးယားလိဂ်မှာ ကစားပြီး အောင်မြင်မှုတွေ ရဖို့ပါ၊ ဒါပေမယ့် ဒါက လုပ်ငန်းစဉ် တစ်ခု ဖြစ်ပြီး ဒီအရှိန်အဟုန်ကို ဆက်ထိန်းထားချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘန်ဖီကာ
ကလပ် ဘရက်ဂီ
1X2 ကလပ် ဘရက်ဂီ @ 8.00
ဘန်ဖီကာ အာရှ အကျောပေ :-1.75 @ 2.38
ဂိုး‌အောက် 2.75 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လူစားဝင်လာပြီး အနီကတ် ပြသခံရလို့ မွိုက်စ် ကင်းန် ဝေဖန်ခံနေရ

ဂျူဗင်တပ်စ် တိုက်စစ်မှူး မွိုက်စ် ကင်းန်ဟာ ရိုးမားကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ အသင်း အတွက် လူစားဝင်လာပြီး စက္ကန့် ၄၀ အကြာ မှာပဲ အနီကတ် ပြသခံခဲ့ရလို့ ဝေဖန်ခံနေရပါတယ်။ အဆိုပါ ပွဲမှာ ကင်းန်က အသင်းဖော် ကွာဒရာဒို နေရာကို မိနစ် ၉၀ မှာ လူစားလဲလှယ် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ ကွင်းထဲ ရောက်ပြီး စက္ကန့် ၄၀ အကြာ မှာပဲ ရိုးမား ကစားသမားကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့လို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ အသင်း အရေးနိမ့်ချိန်မှာ ချေပဂိုးရဖို့ အတွက် သူ့ကို ထည့်သွင်းခဲ့တာ ဖြစ်ပေမယ့် အနီကတ်ပြခံခဲ့ရလို့ ပရိသတ်တွေရဲ့ ဒေါသက သူ့အပေါ် ကျရောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့ကို အားလုံးက ဝိုင်းဝန်း ကာကွယ် ပြောဆိုနေရပြီး ဝေဖန်ခံရမှုတွေကို တုံ့ပြန်ပေးနေကြပါတယ်။ မွိုက်စ် ကင်းန်ဟာ ဂျူဗီမှာ တကျော့ပြန် ကစားနေခဲ့တာ ဖြစ်ပြီး အရံ ကစားသမား အဖြစ်နဲ့သာ ပွဲထွက်ခွင့်ရနေတာ ဖြစ်ပါတယ်။ ဒီရာသီမှာ သူက ဂျူဗီ အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၇ ဂိုး သွင်းယူပေးထားပါတယ်။


ဒဏ်ရာကြောင့် အင်မီုဘီလီကို လက်လွှတ်ရဖွယ် ရှိနေတဲ့ လာဇီယို

စီးရီးအေ ကလပ် လာဇီယို ဝါရင့် တိုက်စစ်မှူး ကိုင်ရို အင်မိုဘီလီဟာ ပေါင်ခြံ ဒဏ်ရာ အသစ် ထပ်မံ ရရှိခဲ့လို့ အနားယူရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
လာဇီယို အတွက် ၉ ဂိုး သွင်းယူပေးထားပြီး ၃ ကြိမ် ဖန်တီးထားတဲ့ အီမိုဘီလီ

စီးရီးအေ ကလပ် လာဇီယို ဝါရင့် တိုက်စစ်မှူး ကိုင်ရို အင်မိုဘီလီဟာ ပေါင်ခြံ ဒဏ်ရာ အသစ် ထပ်မံ ရရှိခဲ့လို့ အနားယူရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ ဒီရာသီမှာ လာဇီယို အတွက် ၉ ဂိုး သွင်းယူပေးထားပြီး ၃ ကြိမ် ဖန်တီးထားတဲ့ အီမိုဘီလီကို လက်လွှတ်ရမယ် ဆိုရင် အသင်း တိုက်စစ်ပိုင်း အတွက်တော့ စိုးရိမ်စရာ ကောင်းလာမှာပါ။

အသက် ၃၂ နှစ် အရွယ် တိုက်စစ်မှူးဟာ ယူရိုပါကွန်ဖရင့်လိဂ် ကစားဖို့ နီးကပ်လာချိန်မှာ အခုလိုပဲ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဘယ်ဘက် ပေါင်မှာ ရရှိခဲ့တာ ဖြစ်ပြီး အေဇက် အယ်လ်ခမာနဲ့ ကစားရမယ့် ပွဲအမီ ပြန်လည် ကြံ့ခိုင်လာဖို့ မဖြစ်နိုင်ဘူး လို့လည်း သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၁ ရက်နေ့ မှာမှ ကစားရမယ့် ဘိုလော့ဂ်နာနဲ့ ပွဲ ကိုလည်း သူ ပါဝင်နိုင်ဖို့က မသေချာသေးပါဘူး။ ဒါဟာ လာဇီယို တိုက်စစ်ပိုင်းကို အားနည်းသွားစေမှာ ဖြစ်ပြီး အခက်အခဲတွေနဲ့ပါ ရင်ဆိုင်ရဖွယ် ရှိပါတယ်။ လက်ရှိ မှာတော့ သူ့ကို အမြန်ဆုံး သက်သာလာအောင် ကုသမှုတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်