နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်မ်ဟန် အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၃၂) သန်း သတ်မှတ်ထားတဲ့ နာပိုလီ၊ ပရီးမီးယားလိဂ်မှာ နည်းပြလိုကြောင်း မာတစ်ပြော (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အိုဆင်မ်ဟန် အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၃၂) သန်း သတ်မှတ်ထားတဲ့ နာပိုလီ၊ ပရီးမီးယားလိဂ်မှာ နည်းပြလိုကြောင်း မာတစ်ပြော အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၅ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အိုဆင်မ်ဟန် အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၃၂) သန်း သတ်မှတ်ထားတဲ့ နာပိုလီ

နာပိုလီဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၁၃၂) သန်း အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။

ဒီပမာဏကြောင့်ပဲ ဘေယန်မြူးနစ်က အဆိုပါ စီးရီးအေ ကြယ်ပွင့်ကို ခေါ်ယူဖို့ သွေးအေးသွားခဲ့ပြီး အခြားသော ပစ်မှတ်တွေ ကိုသာ ကြိုးစားသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် တော့ဒ် ဘိုလေရဲ့ ချဲလ်ဆီး ကတော့ ဒီဒီယာ ဒရော့ဘာ လက်သစ် အဖြစ် နာမည်ကြီးနေတဲ့ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပါတယ်။

အိုဆင်မ်ဟန် ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့က အိပ်မက် တစ်ခု ဖြစ်ကြောင်း ဖွင့်ဟထားဖူးပါတယ်။ ဒါ့အပြင် ဒီကစားသမားကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် အခု နာပိုလီ ဘက်က ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ထပ်မံ တိုးမြှင့် တောင်းခံနေတာက အိုဆင်မ်ဟန်ကို ခေါ်ယူလိုတဲ့ အသင်းတွေ အတွက် အခက်တွေ့နိုင်ဖွယ် ရှိပါတယ်။


ပရီးမီးယားလိဂ်မှာ နည်းပြလိုကြောင်း မာတစ် ပြော

စီးရီးအေ ကလပ် ရိုးမား ကွင်းလယ်လူ နီမန်ဂျာ မာတစ်က သူ့အနေနဲ့ ကစားသမား ဘဝက အနားယူပြီး နောက်ပိုင်း နည်းပြ လမ်းကြောင်း အတွက် ပြင်ဆင်နေပြီး ပရီးမီးယားလိဂ်မှာ နည်းပြ ဖြစ်လာနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆာဘီးယား လက်ရွေးစင်ဟောင်းကြီးဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ နည်းပြ လိုင်စင် သင်တန်းကို တက်ရောက်ထားပြီး ဖြစ်ပြီး ကစားသမားဘဝ အလွန် ကာလ အတွက် ပြင်ဆင်နေတာပါ။

အနာဂတ်နဲ့ ပတ်သက်လို့လည်း မာတစ်က တစ်နေ့နေ့မှာ ကျွန်တော်က နည်းပြ တစ်ယောက် ဖြစ်လာဖို့ ရှိနေကြောင်းနဲ့ ဒီအတွက် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်က နည်းပြ လိုင်စင် ရရှိထားပြီး ဖြစ်ကြောင်း၊ အခုချိန် မှာတော့ ဘောလုံးကစားဖို့ ကိုပဲ အာရုံစိုက်ထားကြောင်း၊ နောက်ထပ် နှစ် အနည်းငယ်လောက် ဆက်ကစားနိုင်သေးကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ နည်းပြ အဖြစ် ဆောင်ရွက်ဖို့ သေချာကြောင်း မာတစ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။


အင်တာမီလန်ရဲ့ အဓိက ပြဿနာက အင်ဇာဂီနဲ့ လူကာကူလို့ ကာဆာနို ဝေဖန်

အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟောင်းကြီး အန်တိုနီယို ကာဆာနိုက အင်တာမီလန်ရဲ့ အဓိကပြဿနာက နည်းပြ ဆိုင်မွန် အင်ဇာဂီနဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူတို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ အင်တာမီလန်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်ထားပေမယ့် စီးရီးအေ မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် နောက်ဆုံး အချိန်အထိ အပြိုင်အဆိုင် ကြိုးစားရဖွယ် ရှိပါတယ်။

ကာဆာနိုက အင်ဇာဂီ အနေနဲ့ အင်တာမီလန် နည်းပြ နေရာမှာ ဆက်နေလိုတယ် ဆိုရင် ဒီရာသီမှာ စီးရီးအေ ချန်ပီယံဆုကို သေချာပေါက် ဆွတ်ခူးနိုင်ဖို့ လိုအပ်ကြောင်း၊ လက်ရှိအနေအထားအရ သူ့ရဲ့ စွမ်းဆောင်ရည်က လုံလောက်မှု မရှိကြောင်းနဲ့ နာပိုလီနဲ့ အမှတ် (၂၀) လောက် ကွာသွားတာက မဖြစ်သင့်ကြောင်း‌ ဝေဖန်ခဲ့ပါတယ်။

လူကာကူနဲ့ ပတ်သက်လို့လည်း အင်ဇာဂီက အန်တိုနီယို ကွန်တီရဲ့ လူကာကူက လော်တာရို မာတီနက်ဇ် အတွက် ကမ္ဘာသစ် တစ်ခုကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒီလိုမှ မဟုတ်ရင်တော့ ဒီဂျက်ကို ကသာ အသုံးပြုဖို့ သင့်တော်ကြောင်းနဲ့ လူကာကူကို လေးကန်တဲ့ ကစားသမား အဖြစ်သာ မြင်ကြောင်း ကာဆာနိုက ဝေဖန်သွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်