နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေစီမီလန်ရဲ့ အရှုံးကို အခွင့်ကောင်းယူပြီး အမှတ်ဖြတ် ဦးဆောင်လိုက်တဲ့ နာပိုလီ | (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

နာပိုလီ ၄ – ၀ လာဇီယို

စီးရီးအေ အစောပိုင်း ပွဲစဉ်မှာ အဆင့် ၂နေရာက အေစီမီလန်တို့ ရှုံးပွဲ ကြုံတွေ့ခဲ့လို့ နာပိုလီတို့ ပိုပြီး အားစိုက်ခဲ့ပါတယ်။ လာဇီယို အနေနဲ့ကလည်း အတောင့်တင်းဆုံး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ခံစစ်ပိုင်း အမှားတွေနဲ့ နာပိုလီရဲ့ ကစားကွက်အောက်မှာ ကျရှုံးခဲ့တယ်လို့ ဆိုရမှာပါ။ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တဲ့ နာပိုလီ အတွက်ကတော့ ချိုမြိန်တဲ့ အနိုင် ရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

နာပိုလီ အနေနဲ့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ ဆက်ဆူအိုလိုရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ရှိနေပြီး လာဇီယို ကတော့ အိမ်ကွင်းမှာ အူဒီးနိစ်ကို ဧည့်ခံ ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာရပ်တည်နေခဲ့တဲ့ လာဇီယို

အမှတ်ပေးဇယား ရပ်တည်မှု အတွက် အရေးပါဆုံး ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ အိမ်ရှင် နာပိုလီတို့ အတွက် ဖိအားများတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ စီးရီးအေရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ အင်မိုဘီလီ ပါဝင်လာခဲ့ပေမယ့် လာဇီယိုတို့ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ပက်ဒရို၊ အန်ဒါဆန်၊ အယ်လ်ဘာတို၊ ဆာဗစ်၊ အက္ကာဘီတို့နဲ့ လာဇီယိုတို့ လူစုံခဲ့တာပါ။ ၄-၂-၃-၁ အခြေခံတဲ့ နာပိုလီ ကတော့ လိုဇာနို၊ ဒီမာတန်စ်၊ အင်ဆက်ဂ်နီ၊ ဇီလင်စကီး၊ ကာလူဘယ်လီ၊ ဒီလော်ရန်ဇိုတို့ ပါဝင် လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရာသီမှာ အဝေးကွင်းနိုင်ပွဲ ၁ ပွဲတည်းသာ ရရှိထားတဲ့ လာဇီယိုရဲ့ ခြေစွမ်းက တော်တော်လေး အကျဘက် ရောက်နေခဲ့တာပါ။ ပွဲအစ ၇ မိနစ် မှာတင် ဒီမာတန်စ်ရဲ့ အတိုးအလှုပ်ကနေ ရရှိခဲ့တာကို ဇီလင်စကီးက ၁၈ ကိုက် စည်းထိပ်ကနေ အပြင်းကန်သွင်းပြီး ဂိုးရယူပေးခဲ့ပါတယ်။ ၃ မိနစ်အကြာ ပွဲချိန် ၁၀ မိနစ်မှာတော့ ဒီမာတန်စ်က လာဇီယို နောက်တန်း ၄ ယောက်နဲ့ ဂိုးသမား ကာကွယ်နေတဲ့ ကြားကနေ ဂိုးထပ်ရယူ ပေးနိုင်ခဲ့ပါတယ်။ ပွဲစစချင်းမှာတင် ၂ ဂိုးဆက်တိုက် ပေးခဲ့ရတဲ့အတွက် လာဇီယိုတို့ ပိုပြီး အမှားများခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှု အောက်မှာသာ ရုန်းကန်ခဲ့ရပြီး ကစားကွက်ပိုင်း အသာရဖို့ ခက်ခဲနေခဲ့ပါတယ်။အယ်လ်ဘာတိုရဲ့ ကန်ချက် ကောင်းမွန်ခဲ့ပေမယ့် အော့စ်ပီနာ ကာကွယ်နိုင်ခဲ့သလို အက္ကာဘီရဲ့ ခေါင်းတိုင်ချက်တိုင် ထိခဲ့တာတွေက လာဇီယို တို့အတွက် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။ ဖေဘီယန်၊ လိုဇာနိုတို့ရဲ့ အတွဲအဖက် ကနေတဆင့် ဒီမာတန်စ်က နာပိုလီ အတွက် တတိယမြောက ်ဦးဆောင်ဂိုး ဖြစ်စေခဲ့ပြန်ပါတယ်။ ၃ ဂိုးဆက်တိုက် ပေးလိုက်ရပြီးတဲ့နောက် နာပိုလီတို့ ပွဲကို ထိန်းကစားခဲ့သလို လာဇီယို တို့လည်း အမှားနည်းအောင် ကစားလာခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ ကွင်းလယ် အသာစီးရယူနိုင်ဖို့ အတွက်ပဲ အားစိုက် လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဂိုးပေါက် ကန်သွင်းမှု ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ နာပိုလီကို လာဇီယိုခံစစ် ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတာပါ။ပွဲချိန် ၈၅ မိနစ်မှာတော့ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ ဖေဘီယန်က အဝေးကန်ချက်နဲ့ပဲ စတုထ္ထမြောက် ဦးဆောင်ဂိုး ရယူ ပေးခဲ့ပြီးတဲ့နောက် နာပိုလီရဲ့ အနိုင်ကပြတ်သားခဲ့ပါတယ်။ လာဇီယို ကတော့ အမှားများစွာ နဲ့အတူ အဆိုးရွားဆုံး အဝေးကွင်းရလဒ်နဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
ဝက်ဖို့ဒ်
မန်ချက်စတာစီးတီး
ဂိုးပေါ် 3.25 @ 2.02
1X2 မန်ချက်စတာစီးတီး @ 1.24
ဂိုးပေါင်း 2-3 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အိမ်ကွင်း အားသာချက် အပြည့်နဲ့အတူ နာပိုလီတို့ အကောင်းဆုံး ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့တာပါ။ အထနှေးနေတဲ့ လာဇီယိုကို နာပိုလီတို့ အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပါတယ်။ လာဇီယို ကလည်း အဝေးကွင်းရလဒ် ဆိုးရွားနေမှုကို အဆုံးသတ်ဖို့ အကောင်းဆုံး ပြင်ဆင်လာခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အထူးသဖြင့် ပွဲအစ အထနှေးနေတာကိုက လာဇီယို အတွက် အားနည်းချက် ဖြစ်နေခဲ့ပါတယ်။ ပွဲအစ မိနစ် ၃၀ မှာတင် သွင်းဂိုး ၃ ဂိုးအထိ ရရှိသွားခဲ့တဲ့ နာပိုလီရဲ့ အနိုင်က ပထမပိုင်း မပြီးခင်ကတည်းက ပြတ်သားခဲ့တာပါ။ အထူးသဖြင့် လာဇီယို နောက်တန်း အမှားများခဲ့သလို ဂိုးသမား ရီနာရဲ့ လိုအပ်ချက်လည်း မြင့်မားခဲ့ပါတယ်။ အထူးသဖြင့် နာပိုလီရဲ့ အဝေးကန်ချက် အားလုံးကို ဝါရင့်ဂိုးသမား ရီနာ ခွင့်ပြု ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ကစားကွက်ပိုင်း အရ လာဇီယိုတို့ မယှဉ်နိုင်ခဲ့သလို နာပိုလီ ကစားသမားတွေရဲ့ အဝေးကန်ချက်တွေနဲ့ အမြင့်ဘော ကစားပုံကလည်း တိကျခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဆုံးသတ်မှာတော့ နာပိုလီ အနေနဲ့ အေစီမီလန်ရဲ့ အရှုံးကို အခွင့်ကောင်းယူပြီး အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။


လာမယ့်ပွဲစဉ်များ

နာပိုလီ အနေနဲ့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ ဆက်ဆူအိုလိုရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ရှိနေပြီး လာဇီယို ကတော့ အိမ်ကွင်းမှာ အူဒီးနိစ်ကို ဧည့်ခံ ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်