စီးရီးအေ ချန်ပီယံ နာပိုလီ ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ များစွာ ခေါ်ယူသွားဖို့ စီစဉ်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ နာပိုလီက မန်ချက်စတာစီးတီးနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် လမ်းခွဲခဲ့တဲ့ ကီဗင် ဒီဘရွန်းနားကို ခေါ်ယူချင်နေကြောင်း အတည်ပြုသွားခဲ့ပါတယ်။ နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ် ကိုယ်တိုင်က ဘယ်လ်ဂျီယံ ကွင်းလယ် ဖန်တီးရှင်ကို ခေါ်ယူချင်တဲ့ အကြောင်း ပြောကြားထားခဲ့တာ ဖြစ်ပြီး သတင်းတွေ အရ ဆိုရင်တော့ ဒီဘရွန်းနာကို ၃ နှစ် သက်တမ်းရှိတဲ့ စာချုပ် တစ်ရပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။
နာပိုလီက ဒီဘရွန်းနားကို ၃ နှစ် စာချုပ် အပြင် လစာနဲ့ စာချုပ်ချုပ်ဆိုကြေး စုစုပေါင်း ယူရို ၂၇ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီဘရွန်းနားရဲ့ အနာဂတ် ဆုံးဖြတ်ချက် ကိုတော့ ဒီတစ်ပတ် အတွင်းမှာ သိရဖို့ ရှိနေပြီး နာပိုလီကို ရွေးချယ်မလား၊ ဆော်ဒိပရိုလိဂ်လား၊ အမေရိကန် မေဂျာလိဂ် ကိုပဲ ပြောင်းရွှေ့ အခြေချမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဒီဘရွန်းနားဟာ မန်စီးတီးမှာ ဆယ်စုနှစ် တစ်ခုအကြာ ဖြတ်သန်းခဲ့ပြီးတော့ ပွဲပေါင်း ၄၂၁ ပွဲ ကစားကာ ၁၀၈ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၁၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံသားက ဆုဖလား အောင်မြင်မှုတွေ အဖြစ် ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၁ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီဘရွန်းနားဟာ ချဲလ်ဆီးနဲ့ ဝုဖ်ဘတ် အသင်းတွေရဲ့ ကစားသမားဟောင်း ဖြစ်ပြီး မန်စီးတီး မှာတော့ အစွမ်းကုန် တောက်ပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘရွန်းနားဟာ မန်စီးတီး အတွက် နှစ်ပေါင်း များစွာ အကျိုးပြုခဲ့သူ ဖြစ်ပေမယ့်လည်း နောက်ပိုင်းနှစ်တွေ မှာတော့ ဒဏ်ရာတွေကြောင့် မကြာခဏ အနားယူနေရခဲ့ရပါတယ်။ ဒီလို ကြံ့ခိုင်မှု အားနည်းလာတာကြောင့် မန်စီးတီး ဘက်က ဆက်ပြီး သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒီလို အခြေအနေမှာတောင် ဒီဘရွန်းနားကို ကလပ် တော်တော်များများက စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ကွန်တီရဲ့ နာပိုလီ ကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းကို အခုထက် ပိုအားကောင်းစေဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ အန်တိုနီယို ကွန်တီဟာ လူကာကူ၊ စကော့တ် မက်တော်မီနေးနဲ့ ဂေးလ်မော တို့လို ကစားသမားတွေကို ခေါ်ယူအပြီးမှာ ပရီးမီးယားလိဂ်က ကစားသမားတွေကို ခေါ်ယူ ဖြည့်တင်းဖို့ စိတ်အား ထက်သန်ပြီး ဂါနာချို အပြင် ဒီဘရွန်းနားနဲ့ ဂျက် ဂရီးလစ်ရှ် တို့ကိုပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ နာပိုလီ ကတော့ ဒီရာသီ စီးရီးအေ ချန်ပီယံဆုကို အင်တာမီလန်နဲ့ အပြိုင်အဆိုင် လုခဲ့ရပြီး တစ်မှတ် အသာနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါပေမယ့်လည်း နေပဲလ် ကလပ်က နောက်ဆုံး ၃ နှစ် အတွင်း စီးရီးအေ ချန်ပီယံဆုကို ၂ ကြိမ်မြောက် ရယူနိုင်ခဲ့ကာ အသင်း သမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် အဖြစ် ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.