နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေပယ်မြို့ဟာ ရောမသားတွေ အတွက် အောင်မြေ မဟုတ်ခဲ့တာ ကြာပြီ | နာပိုလီ – လာဇီယို (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

နာပိုလီ – လာဇီယို

စီးရီးအေ ပထမဦးဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီးနောက် အဆင့် ၁ နေရာမှာ ဆက်မြဲဖို့ အတွက် နာပိုလီတို့ ကျိန်းသေပေါက် အားစိုက်လာဖို့ ရှိနေပါတယ်။ ဒါပေမဲ့ လာဇီယို ကလည်း ခြေစွမ်းပိုင်း တည်ငြိမ်နေတဲ့ အသင်း ဖြစ်လို့ လွယ်ကူဖို့ တော့ မရှိပါဘူး။ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေကိုယ်စီ ပိုင်ဆိုင်ထားတာကြောင့် အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပြီး ပရိသတ် အကြိုက် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ် ဖြစ်လာဖို့တော့ ရှိနေခဲ့ပါတယ်။

စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁ မှာ ရပ်တည်နေတယ် ဆိုပေမယ့် နောက်ဆုံး ၂ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားတဲ့ နာပိုလီတို့ လိုအပ်ချက် ယိုပေါက်တွေ ရှိလာပြီလို့ပဲ ဆိုရပါမယ်။ အင်တာမီလန်ကို အရေးနိမ့်ပြီးနောက် စီးရီးအေ ပထမဦးဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့သလို ကြားရက် ယူရိုပါလိဂ်မှာ စပါးတပ်မော်စကိုရဲ့ အိမ်ကွင်း ထပ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲရှုံး၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ဆုံး၂ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားတဲ့ အခြေအနေမှာ တိုက်စစ်က ၉ ဂိုး သွင်းပြီး ခံစစ်က ၇ ဂိုး ပြန်ပေးထားရပါတယ်။ တိုက်စစ်မှူး အိုဆင်ဟန် ဒဏ်ရာပြဿနာ ရှိနေသလို ပိုလီတီနို၊ အန်ဂူဆာ၊ ဇာနိုလီ၊ အူနက်စ်တို့လည်း လွဲချော်ဖို့ ရှိနေပါတယ်။ နည်းပြ စပယ်လက်တီရဲ့ ပွဲထွက် လူစာရင်း အရ ဒီလော်ရန်ဇို၊ ကူလီဘာလီ၊ ဖေဘီယန်၊ လော်ရန်ဇို၊ အင်ဆက်ဂ်နီ၊ ဇီလင်းစကီးတို့ ပွဲထွက်လာနိုင်ပါတယ်။ 

စီးရီးအေ ပွဲစဉ် ၁၃ ပွဲ အပြီး အဆင့် ၇ နေရာမှာ ရှိနေဆဲ လာဇီယို အနေနဲ့ တိုက်စစ် အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်နေပါတယ်။ ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲ ရှုံးထားပြီး ၂၅ ဂိုးသွင်း ၂၁ ဂိုး ပြန်ပေးထားရပါ။ အထူးသဖြင့် အဝေးကွင်း ပွဲစဉ်တွေဆိုရင် လာဇီယိုတို့ ရုန်းကန်ရလေ့ ရှိတာက မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ အဝေးကွင်း ၆ ပွဲ ကစားပြီးချိန် မှာ ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး ဆိုတဲ့ ရလဒ်က ရွေးချယ်မယ့်သူတွေ အတွက် ယုံကြည်မှု လျော့ကျ စေနိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲရှုံး၊ ရလဒ် ရရှိထားပြီး တိုက်စစ်က ၁၀ ဂိုးသွင်း ခံစစ်က ၆ ဂိုး ပြန်ပေးထားရ ပါတယ်။ မာရူဆစ်၊ အက်ဒီကန်ယီတို့ ပါဝင်နိုင်ခြင်း မရှိတဲ့ အခြေအနေမှာ ကျန်ကစားသမား အားလုံး ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်။ ပက်ဒရို၊ အင်မိုဘလီ၊ အန်ဒါဆန်၊ အယ်လ်ဘာတို၊ ဆာဗစ်၊ ဖီလစ်ကီ၊ လာဇာရီ၊ အက္ကာဘီတို့ကို ပွဲထွက် လူစာရင်းမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

စီးရီးအေ ပွဲစဉ် ၁၃ ပွဲ အပြီး အဆင့် ၇ နေရာမှာ ရှိနေဆဲ လာဇီယို အနေနဲ့ တိုက်စစ် အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်နေပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ လာဇီယို

ထိပ်တိုက်တွေ့ဆုံမှု ၄၆ ကြိမ်မှာ နာပိုလီက ၂၁ ကြိမ်နိုင်၊ လာဇီယိုက ၁၆ ကြိမ် ပြန်နိုင်ပြီး ၉ ကြိမ် သရေ ကျထားခဲ့ပါတယ်။ အစဉ်အလာ အရ အသာရထားတဲ့ နာပိုလီ အနေနဲ့ ပြီးခဲ့တဲ့ရာသီ အိမ်ကွင်း ရင်ဆိုင်မှုမှာတော့ လာဇီယို အသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။


နာပိုလီ – လာဇီယို

??
နာပိုလီ – လာဇီယိုအချိန်ပြည့် ဂိုးပေါ် ၃.၀၀ @ ၂.၁၁ ဆ
နိုဝင်ဘာလ ၂၉ ရက်၊ မနက် ၂:၁၅ နာရီ ( GMT+ ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၈၅ ဆ၊ သရေအတွက် ၃.၅၅ ဆ၊ ဧည်သည့်အသင်း အတွက် ၄.၀၀ ဆ ကြေးဖွင့်ထားပါတယ်။ စီးရီးအေ နောက်ဆုံး ပွဲစဉ်တွေမှာ ရှုံးပွဲကိုယ်စီ တွေ့ထားလို့ သေချာပေါက် အားစိုက်လာမှာပါ။ အထူးသဖြင့် အဆင့် ၁ နေရာက နာပိုလီတို့က ပိုပြီး အားစိုက်လာမှာပါ။ ဒါပေမဲ့ လာဇီယို ကလည်း ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမား ကောင်းတွေ ပိုင်ဆိုင်ထားလို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ ရနိုင်ပါတယ်။ အထူးသဖြင့် စီးရီးအေ သွင်းဂိုး ၁၀ ဂိုး အထိ ရရှိထားတဲ့ လာဇီယို တိုက်စစ်မှူး အင်မိုဘီလီကို နာပိုလီ နောက်တန်း ပွဲချိန်ပြည့် တောင့်ခံဖို့ မလွယ်နိုင်ပါဘူး။ သွင်းဂိုး အများဘက်ကို ဦးတည်နိုင်ပြီး နာပိုလီ အခြေအနေ ကောင်းနေပေမယ့် လာဇီယိုနဲ့ အရဲစွန့်ချင်ပါတယ်။ အကျိုးအမြတ် အတွက် ဂိုးအများ အတွက် ဆိုရင်တော့ နှစ်သင်းပေါင်း ၃ ဂိုးနဲ့ အထက်ကို ရွေးချယ်တာက စိတ်ချရပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်