နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီရော့ဆီကို ထုတ်ပယ်ခဲ့တာ မှားယွင်းကြောင်း ရိုးမားကို ဝေဖန်လိုက်တဲ့ နိုင်ဂိုလန် | စီးရီးအေ

စီးရီးအေ ကလပ် ရိုးမား ကတော့ ကတော့ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းနဲ့ နည်းပြ ဖြစ်သူ ဒီရော့ဆီကို ရာသီအစ ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာပဲ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ရိုးမားက ဒန်နီရယ် ဒီရော့ဆီ နေရာမှာ ခရိုအေးရှား လူမျိုး နည်းပြ အိုင်ဗန် ဂျူရစ်ကို အစားထိုး ခန့်အပ်ထားပေမယ့် အားရစရာ ခြေစွမ်းမျိုးနဲ့ မမြင်ရသေးပါဘူး။

ရိုးမားဟာ အိုင်ဗန် ဂျူရစ် လက်ထက်မှာ စီးရီးအေ ပွဲစဉ် ၄ ပွဲ ကစားထားပြီး ယူရိုပါလိဂ် ပွဲစဉ် ၂ ပွဲ ကစားထားပါတယ်။ ဒါပေမယ့်လည်း ရိုးမားက အူးဒီနီးစ်၊ ဗင်နီဇီယာ တို့နဲ့ ပွဲတွေမှာ အနိုင်ရခဲ့ပေမယ့် မွန်ဇာကို သရေ၊ အင်တာမီလန်ကို ရှုံးနိမ့်ထားပြီး ယူရိုပါလိဂ်မှာလည်း ဘီလ်ဘာအိုနဲ့ သရေ၊ အက်ဖ်ဘော့ဂျ် ကိုတော့ ရှုံးထားပါတယ်။ ဒီလို ခြေစွမ်းပိုင်း ယိမ်းယိုင်နေမှုကြောင့် ရိုးမား တာဝန်ရှိသူတွေက ဂျူရစ်ကို ထုတ်ပယ်ပြီး ဒီရော့ဆီကို ပြန်လည် တာဝန်ပေးအပ်မယ် ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဒီရော့ဆီကို ထုတ်ပယ်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ ရိုးမားရဲ့ နာမည်ကျော် ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ နိုင်ဂိုလန်က နည်းပြဟောင်း ဒီရော့ဆီကို ထုတ်ပယ်ခဲ့တာက ရိုးမား တာဝန်ရှိသူတွေရဲ့ ရူးမိုက်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရော့ဆီက စီးရီး‌အေ ကလပ် ရိုးမား အတွက် မော်ရင်ဟိုထက် ပိုကောင်းအောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

ရိုးမားဟာ အိုင်ဗန် ဂျူရစ် လက်ထက်မှာ စီးရီးအေ ပွဲစဉ် ၄ ပွဲ ကစားထားပြီး ယူရိုပါလိဂ် ပွဲစဉ် ၂ ပွဲ ကစားထားပါတယ်။
ဒီရော့ဆီကို ပြန်လည် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်နေတဲ့ ရိုးမား

လက်ရှိမှာ အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူဟောင်း နိုင်ဂိုလန် ကတော့ ရိုးမားမှာ ၂၀၁၃-၁၄ ရာသီ (အငှား) ကနေ ၂၀၁၇-၁၈ ရာသီ အထိ ၅ ရာသီ အကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်း အတွက် ပြိုင်ပွဲစုံ ၂၀၃ ပွဲ ကစားရာမှာ ၃၃ ဂိုး သွင်းယူကာ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

နိုင်ဂိုလန်ဟာ ရိုးမားမှာ ကစားခဲ့တဲ့ ကာလတစ်လျှောက်လုံး ဒီရော့ဆီနဲ တွဲဖက်ကာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီးတော့ သူ့ရဲ့ စီနီယာနဲ့ အသင်းဖော် ကစားသမားဟောင်း အပေါ် အခုလိုပဲ ကာကွယ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂိုလန်က “ဒန်နီရယ် ဒီရော့ဆီကို ထုတ်ပယ်ခဲ့တာက ရိုးမား တာဝန်ရှိသူတွေရဲ့ ရူးမိုက်တဲ့ လုပ်ရပ်ပါ။ သူ (ဒီရော့ဆီ)ဟာ ရိုးမား အတွက် မော်ရင်ဟိုထက် ပိုကောင်းခဲ့သလို၊ ပိုလည်း လုပ်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော့် အတွက်တော့ တော့တီနဲ့ ဒီရော့ဆီ တို့က တကယ့်ကို စံပြုထိုက်သူတွေပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ဂိုလန်က အင်တာမီလန်ဟာ လက်ရှိ စီးရီးအေ ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်း ဖြစ်ပြီးတော့ တိုနာလီနဲ့ ဘာရယ်လာ တို့ ကတော့ လက်ရှိ အီတလီ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်တယ်လို့ ချီးကျူးခဲ့ပါသေးတယ်။ နိုင်ဂိုလန် ကတော့ စီးရီးအေ ကလပ် ရိုးမားအပြင် ကက်ဂလီယာရီနဲ့အင်တာမီလန် တို့မှာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်