နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လော်တာရို မာတီနက်ဇ်က ဘယ်လွန်ဒေါဆု အတွက် အထိုက်တန်ဆုံးလို့ ပြောလိုက်တဲ့ မက်ဆီ | စီးရီးအေ

သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီ ကတော့ သူ့ရဲ့ အာဂျင်တီးနား အသင်းဖော် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ချီးကျူးစကား ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနားနဲ့ စီးရီးအေ ကလပ် အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က ဘယ်လွန်ဒေါဆု အတွက် အထိုက်တန်ဆုံး ဆိုပြီးတော့ မက်ဆီက သတ်မှတ် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဘယ်လွန်ဒေါ ဆုပေးပွဲ ကတော့ အောက်တိုဘာလ ၂၈ ရက်နေ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ချီးမြှင့်မယ့် ဘယ်လွန်ဒေါဆု အတွက် ကိုတော့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ဖြစ်တဲ့ ဗင်နီးစီယပ်စ်၊ ကွင်းလယ် တိုက်စစ်ကစားသမား ဂျူ့ ဘယ်လင်ဟမ် တို့ အပြင် မန်စီးတီး ကွင်းလယ် ကစားသမား ရိုဒရီ တို့က ရေပန်းစားဆုံး ဖြစ်နေကြတာပါ။ ဒီကစားသမား ၃ ဦးထဲကမှ ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က ဘယ်လွန်ဒေါဆု အတွက် လုံးဝ သေချာသလောက် ဖြစ်နေပေမယ့် ဘောလုံး ပရိသတ် တချို့ ကတော့ ဗင်နီးစီးယပ်စ်ထက် ထိုက်တန်တဲ့ ကစားသမားတွေ အဖြစ် ညာနောက်ခံလူ ကာဗာဟယ် အပြင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် ကိုလည်း ထင်ကြေးပေးနေကြပါတယ်။ 

လော်တာရို မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက အင်တာမီလန်နဲ့ စီးရီးအေ ချန်ပီယံ ဖြစ်ထားခဲ့သလို အာဂျင်တီးနား နဲ့လည်း ကိုပါအမေရိကဖလား ချန်ပီယံဆု ကိုလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် စီးရီးအေရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ကိုပါအမေရိက ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆု တို့လို တစ်ဦးချင်း ဆုတွေကိုပါ ဆွတ်ခူးခဲ့ပါသေးတယ်။ အခုလို အသင်းလိုက်ဆုတွေရော ပြိုင်ပွဲ အတွင်း တစ်ဦးချင်း ဆုတွေပါ ပိုင်ဆိုင်ထားခဲ့တဲ့ မာတီနက်ဇ်နဲ့ ပတ်သတ်ပြီး ဘာလွန်းဒေါဆုနဲ့ ထိုက်တန်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ဘယ်လွန်ဒေါဆုကို ၈ ကြိမ်တိုင်တိုင် ပိုင်ဆိုင်ထားဖူးတဲ့ မက်ဆီ ကလည်း သူရဲ့ အသင်းဖော် မာတီနက်ဇ်ဟာ ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်တယ်လို့ ဆိုလိုက်ပါတယ်။

“သူ့မှာ အံ့မခန်း နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီးတော့ ကိုပါအမေရိကဖလား ဖိုင်နယ် မှာလည်း ဂိုးသွင်းတယ်။ ကိုပါအမေရိကဖလား ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူက တခြား ကစားသမားတွေထက် ဘယ်လွန်ဒေါဆုနဲ့ ပိုပြီး ထိုက်တန်ပါတယ်။” လို့ မက်ဆီက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။အာဂျင်တီးနား ကလပ် ရေးဆင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ လော်တာရို မာတီနက်ဇ် ကတော့ ၆၂ ပွဲ ကစားပြီး ၂၇ ဂိုး သွင်းယူခဲ့ပါတယ်။ အဲ့နောက် ၂၀၁၈ ခုနှစ် မှာတော့ မာတီနက်ဇ်က အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီးတော့ ပွဲပေါင်း ၂၉၀ ကစားကာ ၁၃၂ ဂိုး အထိ သွင်းယူခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ မာတီနက်ဇ် အနေနဲ့ မကြာခင် ကျင်းပမယ့် ဘယ်လွန်ဒေါဆုပေးပွဲမှာ မက်ဆီ ထောက်ခံ ပြောကြားထားသလို အောင်ပွဲခံနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်